နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ပူးပေါင်းတပ်၏ တိုက်ခိုက်မှုများကြောင့် (၂၇၅) တပ်ရင်းမှ ဗိုလ်ကြီးအဆင့် နှစ်ဦးအပါအဝင် စစ်ကောင်စီ ဘက်မှ အများအပြား သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေတွင် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦး အပါ၀အဝင် ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ဧပြီ(၁) ရက် မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ မြဝတီမြို့ ကုန်သွယ်ရေးဇုန် နှင့် သင်္ကန်းညီနောင် ရဲစခန်း နယ်မြေ တို့အား မတ်လ ၂၅ရက် မှ ၃၁ရက်နေ့အထိ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဲဒီတိုက်ပွဲတွေ အတွင်းမှာ ဒုရဲမှူး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် နှစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ တပ်သား တစ်ဦး နှင့် ဒုတပ်ကြပ်၏ဇနီး တစ်ဦး၊ စုစုပေါင်း (၈)ဦးအား စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့ထံမှ ပစ္စတို(၁)လက်၊ AK Rifle(၇)လက်၊ AKစက်လက်(၁)လက်၊ G3(၇)လက်၊ UZI(၁)လက် နှင့် ကျည်များ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင် ရဲစခန်း၊ စစ်ကောင်စီတပ်ရင်း (၂၇၅) နှင့် (၃၅၅) တို့အား တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ပင် (၂၇၅)တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး အပါအဝင် စစ်ကောင်စီ ဘက်မှ ၁၁ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။ မတ်လ ၂၅ရက် တိုက်ပွဲ၌ ကော်ဘရာ စစ်ကြောင်းမှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီးကော်ဘရာစစ်ကြောင်း တပ်ခွဲ(၅)မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရ တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်မှာ သင်္ကန်းညီနောင်ရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် နယ်မြေအတွင်း နယ်ကျွံလာသည့် BGF တပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် သုံးဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာ(၆) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ဆက်တိုက်ပင် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo ကော်ဘရာစစ်ကြောင်း / (သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 19 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 30 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 31 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 26 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 25 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့