နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ပူးပေါင်းတပ်၏ တိုက်ခိုက်မှုများကြောင့် (၂၇၅) တပ်ရင်းမှ ဗိုလ်ကြီးအဆင့် နှစ်ဦးအပါအဝင် စစ်ကောင်စီ ဘက်မှ အများအပြား သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေတွင် ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှစ်ဦး အပါ၀အဝင် ၂၀ဦးကျော် သေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ဧပြီ(၁) ရက် မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ မြဝတီမြို့ ကုန်သွယ်ရေးဇုန် နှင့် သင်္ကန်းညီနောင် ရဲစခန်း နယ်မြေ တို့အား မတ်လ ၂၅ရက် မှ ၃၁ရက်နေ့အထိ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အဲဒီတိုက်ပွဲတွေ အတွင်းမှာ ဒုရဲမှူး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး၊ တပ်ကြပ် နှစ်ဦး၊ ဒုတပ်ကြပ် နှစ်ဦး၊ တပ်သား တစ်ဦး နှင့် ဒုတပ်ကြပ်၏ဇနီး တစ်ဦး၊ စုစုပေါင်း (၈)ဦးအား စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့ထံမှ ပစ္စတို(၁)လက်၊ AK Rifle(၇)လက်၊ AKစက်လက်(၁)လက်၊ G3(၇)လက်၊ UZI(၁)လက် နှင့် ကျည်များ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင် ရဲစခန်း၊ စစ်ကောင်စီတပ်ရင်း (၂၇၅) နှင့် (၃၅၅) တို့အား တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ယင်းနေ့၌ပင် (၂၇၅)တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး အပါအဝင် စစ်ကောင်စီ ဘက်မှ ၁၁ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ဟု အသိပေးသည်။ မတ်လ ၂၅ရက် တိုက်ပွဲ၌ ကော်ဘရာ စစ်ကြောင်းမှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီးကော်ဘရာစစ်ကြောင်း တပ်ခွဲ(၅)မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရ တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်မှာ သင်္ကန်းညီနောင်ရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် နယ်မြေအတွင်း နယ်ကျွံလာသည့် BGF တပ်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် သုံးဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် KNU တပ်မဟာ(၆) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များကို ၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ ဆက်တိုက်ပင် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Photo ကော်ဘရာစစ်ကြောင်း / (သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 40 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 36 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 41 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ
မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 53 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့ သိရပါတယ်။ “ မိုးမိတ်မြို့မှာ KIA တပ်ရင်း (၃၄)ရှိပါတယ်။ KIA PDF
မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ နာရီစင်အနီးက “ အောင်စံပယ်” စိန်ရွှေရတနာဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 30 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ကန့်ဘလူဘက်ကနေ အကြမ်းဖက်စကစ ခြေလျင်စစ်ကြောင်း (၁၀၀)ကျော်နဲ့ ရေဦးမြို့ကနေ
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 41 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 42 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့