နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

ကမ္ဘာ့အလုပ်သမားများနေ့တွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသော မိန့်ခွန်းကို သုံးသပ်ကြည့်ခြင်း။

အလုပ်သမားများနေ့မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာပြည်ဟာ အလုပ်လုပ်နိုင်တဲ့သူ အများဆုံး နိုင်ငံတနိုင်ငံအဖြစ် အာဆီယံထဲမှာ ပါဝင်တဲ့အတွက် လူသားရင်းမြစ် အခြေခံကောင်းများ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များ ပြည့်ဝစေရန် နိုင်ငံတော်အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့က ပူးပေါင်း ညီညာ ဆောင်ရွက်ရမယ့် အချိန်အခါကောင်း ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီနေ့ မြန်မာအလုပ်သမားတွေဟာ အရင်းအနှီး နည်းပါးစွာဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေ ရှာဖွေပေးနိုင်ခြင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်းကြောင့်နိုင်ငံအနေနဲ့ အကျိုးကျေးဇူးများကို ရရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်း အလုပ်သမားများအတွက် အလုပ်အကိုင် ပွင့်လန်းလာရန် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာဖို့ နည်းပညာ၊ ဈေးကွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ဖို့အတွက် နိုင်ငံတော် အစိုးရက ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိပြီး အလုပ်ရှင် အလုပ်သမား ပြဿနာများကို သမမျှတစွာ ဖြေရှင်းပေးရန် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) များနဲ့ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်တဲ့ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များ ဖွဲ့ပေးထားတယ် ဆိုပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြည်ပမှာ လုံခြုံစွာ သက်ဆိုင်ရာ နိုင်ငံများရဲ့ ဥပဒေနဲ့အညီ အလုပ်လုပ်ကိုင်နိုင်ရေး ကာကွယ် စောင့်ရှောက်ပေးရေးအတွက် အလုပ်သမားအရာရှိများ ခန့်အပ်ပြီး ကာကွယ်စောင့်ရှောက် ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့် စကားနှင့်အညီ ပြည်တွင်းအားဖြင့် ပြည်တွင်း စီးပွားရေး တိုးတက်မြှင့်တင်နိုင်ရန် ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လဲ ဆိုပါတယ်။

အထက်ပါ ပြောစကားတွေမှာ ရှေ့နောက်မညီတာတွေ ဝိရောဓိ ဖြစ်နေတာတွေ အများကြီးပါနေတာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေ အများအပြား နှုတ်ထွက်သွားကြပါတယ်။ အလုပ်သမားတွေ အလုပ်ပြုတ်ကြရပြီး ကုန်ဈေးနှုန်း ကြီးမြှင့်မှုကို ခါးစည်းခံနေရပါတယ်။ မြန်မာ့ပညာရေးက နိမ့်ကျနေပြီး စစ်အုပ်ချုပ်ရေး အောက်မှာ ကျွမ်းကျင်လုပ်သားများ ရှားပါးလှပါတယ်။ စစ်အုပ်စုခေါင်းဆောင်က အလုပ်သမားများအတွက် အစိုးရက အလုပ်အကိုင်များစွာ ဖန်တီးပေးခဲ့တယ်လို့ တဖက်ကပြောနေပေမဲ့ လက်ရှိ ပြည်တွင်းစစ်ကြောင့်နဲ့ ပြည်တွင်းစစ်မဖြစ်ခင် ကတည်းက ပြည်တွင်း အလုပ်အကိုင် ရှားပါးမှု၊ ပြည်တွင်းမှာပေးတဲ့ လုပ်ခလစာ နည်းပါးမှုတို့ကြောင့် မြန်မာ အလုပ်သမားများ သန်းနှင့်ချီပြီး ပြည်ပအိမ်နီးချင်းနိုင်ငံများမှာ လုပ်လုပ်နေရတာ ဆယ်စုနှစ် ၂ စု မကရှိနေပြီး လက်ရှိ စစ်ကောင်စီရဲ့ ကျေးရွာတွေကို ရက်စက်စွာ မီးတိုက် ဗုံးကြဲသတ်ဖြတ်နေမှုကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် ပိုမို ရှားပါးလာပြီး ပြည်ပကို တရားဝင်ထွက်လာသူများနဲ့ တရားမဝင်နယ်စပ်ကနေ အသက်စွန့် ထွက်လာကြသူတွေ နေ့စဉ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြည်ပမှာ လုံခြုံစွာ သက်ဆိုင်ရာနိုင်ငံများရဲ့ ဥပဒေနဲ့အညီ အလုပ်လုပ် ကိုင်နိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရေးအတွက် အလုပ်သမားအရာရှိများ ခန့်အပ်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား များအား ကာကွယ်စောင့်ရှောက် ပေးလျက်ရှိတယ်လို့ ဆိုပေမဲ့ သူခန့်ထားတဲ့ အလုပ်သမားအရာရှိတွေက အိမ်နီးချင်းနိုင်ငံ အစိုးရတွေ အပေါ်ပြောဆို ပေးနိုင်တဲ့ လေးစားလောက်တဲ့ စွမ်းအားတွေ ရှိမနေပါဘူး ဒါဟာလဲ မလေးစားစရာ လူမွဲနိုင်ငံ ဖြစ်နေလို့ပါ။ မြန်မာ အလုပ်သမားတွေ မတရားခိုင်းစေခံရမှုအတွက် ဘာအကာအကွယ်မှ မပေးနိုင်တာကို ကာယကံရှင် အလုပ်သမားတွေက သိကြပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်တွေ မဖန်တီးနိုင်လို့ ပြည်ပ အလုပ်ထွက် လုပ်သူများအတွက် လမ်းဖွင့်ပေးထား ရတာဟာ လက်တွေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု ပြည်တွင်း အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ထွန်းကားလာအောင် မဖန်တီးနိုင်မှုရဲ့ ရလာဒ်ဖြစ်ပြီး စစ်အာဏာရှင် အဆက်ဆက်က လျစ်လျူရှုခဲ့တဲ့ ကိစ္စရပ်တခုလည်း ဖြစ်ပါတယ်။

ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိတယ်ဆိုတဲ့စကားဟာ တကယ်တော့ အပေါ်ယံသာဖြစ်ပြီး ပြည်တွင်း ထောက်ခံမှု မရှိတဲ့အတွက် ပြည်သူကို လက်နက်ကိုင်တပ်နဲ့ ဖိနှိပ်နေတာ စစ်အုပ်ချုပ်ရေး ဥပဒေထုတ်ပြီး အုပ်ချုပ်နေတာက သက်သေပြချက်တခုပဲ ဖြစ်ပါတယ်။ ပြည်တွင်းရှိ နိုင်ငံခြားသားပိုင် စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားတွေ အချိန်ပို ဆင်းရတာတွေ လုပ်ခအပြည့် အဝမရတာတွေရှိပြီး ဒီလိုအဖြစ်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောတဲ့ ဖျန်ဖြေရေး အဖွဲ့များက အငြင်းပွားမှုများကို မျှမျှတတနဲ့ သမာသမတ်ကျကျ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်စေရေး ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အလုပ်သမားများအတွက် ကာကွယ်ပေးတဲ့ သမဂ္ဂများပင် ဖွဲ့စည်းခွင့်မရတဲ့ အခြေအနေများလည်း ရှိနေပါတယ်။ တရားမျှတမှု မရှိလို့ အခွင့်အရေး ချိုးဖောက်လို့ ဆန္ဒပြတဲ့အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ခြင်းကိုလည်း မတားဆီးနိုင်ကြောင်း တွေ့နေရပါတယ်။

နိဂုံးအားဖြင့် အတိတ်ကသမိုင်းကိုပြန်လှန်ရလျှင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ပြီး စက်မှုနိုင်ငံကြီး တည်ထောင်မယ် အလုပ်သမားတွေကို အရင်းရှင်တွေက ဂုတ်သွေးစုပ်နေတယ်လို့ ပြောဆိုခဲ့ပြီး အလုပ်ရှင်တွေကို ဖိနှိပ် အလုပ်သမားတွေကို မြှောက်ပေး ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေကို ပြည်သူပိုင်သိမ်း မေဒေးနေ့ကို ခမ်းခမ်းနားနားလုပ်ပြီး အလုပ်သမားများကို အလေးထားကြောင်း ပြသခဲ့ပေမဲ့ ၁၉၇၄ ခုနှစ်၊ ဇွန်လမှာ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး လုပ်ခလစာနဲ့မလောက်လို့ လစာတိုးပေးရန် တောင်းဆိုတဲ့ အလုပ်သမားတွေကို စစ်တပ်က ပစ်သတ်ပြီး ခေါင်းဆောင်တွေကို ထောင်ချပစ်ခဲ့တာကို ကြည့်ရင် သူတို့အလေးထားတာက အလုပ်သမား ကောင်းစားရေး သက်သာချောင်ချိရေးမဟုတ်ပဲ သူတို့အာဏာကို လာပြီး ခလုတ်တိုက်တဲ့သူမှန်သမျှကို သက်ညှာခြင်းမရှိ ရှင်းလင်း သုတ်သင်ရေးသာ ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။

ဒီလိုဘဲ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့မိန့်ခွန်းဟာ အပေါ်ယံသကာဖြူးထားပြီး လက်တွေ့မှာ အလုပ်မဖြစ်တဲ့ အကြောင်းအရာများကို နားထောင်ကောင်းယုံ လက်တွေ့ဘဝမှာ ဖြစ်နေတဲ့ အကြောင်းအရာများကို ဖုံးကွယ်ပြီး အားလုံး ကောင်းပါတယ် အားလုံး တိုးတက်နေပါတယ်။ အလုပ်သမားထုကြီး ကောင်းကျိုးကို သူ့အနေနဲ့ စေတနာထား လုပ်နေပါတယ်လို့ ပြောသွားတာပဲ ဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက် အလုပ်သမား၊ လယ်သမားများ အရေးကို နှလုံးသားထဲကနေ နှစ်နှစ်ကာကာ လုပ်ပေးချင်တယ် စေတနာထားတယ်ဆိုတာ လက်တွေ့အကောင်အထည် မဖော်နိုင်သ၍ ယုံကြည်နိုင်ဖို့ ခဲယဉ်းလှပါတယ်။

ခေတ်မျက်လုံးအယ်ဒီတာအာဘော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း အယ်ဒီတာ့အာဘော်

တရုတ်ရဲ့ စွက်ဖက်မှုနဲ့ မြန်မာ့အနာဂတ်နိုင်ငံရေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 79 Views
အယ်ဒီတာ့အာဘော် မြောက်ပိုင်းညီနောင် ၃ ဖော်ရဲ့ ၂၀၂၃ ခုနှစ်၊ ၁၀လ ပိုင်း၂၇ရက် (၁၀၂၇) ပထမလှိုင်းမှာ နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှလွဲ၍
နိုင်ငံတကာသတင်း အမေရိကန် အယ်ဒီတာ့အာဘော်

လက်ရှိ အမေရိကန်နိုင်ငံရေး တစေ့တစောင်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 97 Views
အယ်ဒီတာ့အာဘော် အမေရိကန်တွင် ပါတီကြီးနှစ်ခုက နိုင်ငံရေးတွင် ဦးဆောင်နေပြီး တတိယအုပ်စုအဖြစ် ပေါ်ပေါက်လာရန် ကြိုးစားမှုများရှိသော်လည်း ထိုပါတီကြီးနှစ်ခုကို ယှဉ်နိုင်သည့် လူထုထောက်ခံမှုကို မရရှိနိုင်ခဲ့ကြပေ။
အယ်ဒီတာ့အာဘော်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေသူများ ဖြစ်ကြောင်း” ပြောကြား

  • 2024 ခုနှစ်၊ ဇွန်လ 15 ရက်
  • 75 Views
အယ်ဒီတာအာဘော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောကြားခဲ့တဲ့ စကားတွေထဲမှာ အရှက်ကင်းမဲ့စွာ ဗြောင်လိမ်ပြီး မျက်နှာပြောင်တိုက် ပြောခဲ့တဲ့စကားတွေ အများကြီး ပါရှိခဲ့တယ်။ သူဦးစီးတဲ့ စစ်တပ်က မြို့ရွာတွေကို စစ်ထိုးတဲ့အခါ ရွာသူရွာသားတွေ ထွက်ပြေးခဲ့ရပြီး စစ်တပ်က အဲဒီရွာတွေကို မီးတိုက် ကျွဲနွားတရိစ္ဆန်တွေကို
အယ်ဒီတာ့အာဘော်

အရိုင်းအစိုင်းတွေအုပ်ချုပ်တဲ့နိုင်ငံအဖြစ်ခံကြမလား။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 157 Views
အယ်ဒီတာ့အာဘော် ကမ္ဘာဦးကျောက်ခေတ်က လူမျိုးတမျိုးက လူမျိုးစုတစုကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ် လူမျိူးစုတစုကို သူ့ထက်အင်အားကြီးတဲ့လူမျိုးက ကျူးကျော်တိုက်ခိုက်ပြီး ကျွန်ပြုခဲ့တဲ့ အရိုင်းအစိုင်းခေတ်တွေ ရှိခဲ့ပါတယ်။ တဖြည်းဖြည်း ယဉ်ကျေးမှု အဆင့်မြင့်လာတဲ့အခါ အရင်က ကျင့်သုံးခဲ့တဲ့ တောနက်ကြီးဝါဒဟာ လူ့တန်ဖိုးနဲ့မကိုက်ညီတဲ့အတွက် တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ
အယ်ဒီတာ့အာဘော်

မင်းအောင်လှိုင်ရဲ့ရှေ့ကဖုံး နောက်ကပေါ်နေသည့်ဘဝ

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 129 Views
အယ်ဒီတာအာဘော် ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ကို နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ဖို့ တပ်ကဖိအားပေးတာကို ဖုန်ကြားရှင်က ငြင်းဆန်သည့်အတွက် သူတို့အဖွဲ့ကို လောက်ကိုင်ကနေ တိုက်ထုတ်ပြီး ဖုန်ကြားရှင်ကို သစ္စာဖောက်ပြီး တပ်ဖက်ကို ဘက်ပြောင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ကိုးကန့်ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးခဲ့သည်။ ပယ်ဆောက်ချိန်က ကိုးကန့်ခေါင်းဆောင်ဖြစ်လာပြီးနောက်
အယ်ဒီတာ့အာဘော်

ကရင်ပြည်နယ်တော်လှန်ရေးအောင်မြင်ရန်လမ်းစ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 229 Views
အယ်ဒီတာ့အာဘော် ကရင်အမျိုးသားတော်လှန်ရေး အဖွဲ့အစည်း KNU သည် အခြားတိုင်းရင်းသားများနည်းတူ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရန် လွတ်လပ်ရေး ရသည့် အချိန်မှစ၍ ယနေ့ကာလအထိ နှစ်ပေါင်း၇၆နှစ် ကြာတိုက်လာသည့် ကမ္ဘာ့တော်လှန်ရေး သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းကြီး ဖြစ်သော်လည်း အောင်ပွဲမရနိုင်သေးချေ။ အဘယ့်ကြောင့်အောင်ပွဲမရသနည်းဆိုသည်ကို
အယ်ဒီတာ့အာဘော်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအပေါ် တွေ့ဆုံပြောကြားမှုကို သုံးသပ်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 181 Views
အယ်ဒီတာအာဘော် မင်းအောင်လှိုင်က နိုင်ငံရေးပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်၏ အမာခံဖြစ်ရန်လိုကြောင်း ပြောကြားချက်သည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တပ်မတော်မှနိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး တပ်မတော် တည်ထောင်သည့် ပါတီကိုသာ ရှင်သန်ခွင့်ပေးသည့် တပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို
အယ်ဒီတာ့အာဘော်

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၄ နှစ်သစ်မိန့်ခွန်းကို စမ်းစစ်သုံးသပ်ကြည့်ခြင်း။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 141 Views
ခေတ်မျက်လုံး အယ်ဒီတာအာဘော် ၁။ မိမိကိုယ်ကို သတိုးစည်သူစသည့်ရှည်လျားသည့်ဘွဲ့များ ပေးထားသည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်နှစ်သစ်မိန့်ခွန်းသည် ယခင်ရှည်လျားသည့်မိန့်ခွန်းများနှင့်အသွင်မတူညီဘဲ တိုတိုတောင်းတောင်း ဖြစ်နေသည်ကို သတိပြုမိသည့်အပြင် သူ့အာဏာသိမ်းယူပြီးနောက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စွမ်း မရှိဘဲ တနေ့ထက်တနေ့