နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

ဒီဇင်ဘာလ (၂၂) ရက်။

မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။

တရုတ်အစိုးရအနေနဲ့ သူ့နယ်စပ်မှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဖြတ်၅ ဖြတ်နဲ့ ရာဇသံပေးပြီး ထိုးစစ်ကိုရပ်တန့်စေခဲ့သလို ကေအိုင်ကေကိုလည်း ဖိအားပေးလာခဲ့ပါတယ်။ မြေရှားသတ္တုထွက်ပေါက်ကို သိမ်းထားတဲ့ကေအိုင်အေကို နယ်စပ်ပိတ်ထားတာကနေ ပြန်ဖွင့်ပေးပေမဲ့ကိုးကန့်နဲ့ ဝတို့ကို ပိတ်ထားမှုကိုတော့ ပြန်ဖွင့်ပေးတယ်ဆိုတာ မကြားရသေးပါဘူး။

တဖက်မှာတရုတ်က မင်းအောင်လှိုင်ကို ရွေးကောက်ပွဲနဲ့ အာဏာဆက်ယူထားဖို့ကို အားပေးလာသလို အာဆီယံအတွင်းမှာရှိတဲ့ အာဏာရှင်အုပ်စုကို စကစကို ထောက်ခံ အားပေးဖို့ ညှိခဲ့ပါတယ်။ ထိုင်းနိုင်ငံနိုင်ငံရေးမှာ အာဏာတပိုင်းလွှမ်းမိုးထားတဲ့ စစ်အုပ်စုက စကစကို အတက်ကြွဆုံး အားပေးထောက်ခံ ပါဝင်နေတာကို တွေ့ရပါတယ်။

ထိုင်းမှာလုပ်တဲ့ မြန်မာ့အ‌ရေး ဆွေး‌နွေးပွဲမှာ NUG အပါအဝင် မြန်မာတော်လှန်ရေး အင်အားစုတွေ မပါဘဲ စကစနိုင်ငံခြားရေးဝန်ကြီးကိုသာ ခေါ်ယူ ဆွေးနွေးခဲ့တာကိုကြည့်ရင် အာဆီယံလမ်းပြမြေပုံမှာ ပြောဆိုထားတဲ့ အများစုပါဝင် ထိတွေ့ဆွေးနွေးရေးမူကို ဆန့်ကျင်ပြီး စစ်အုပ်စုကိုသာ ဇောင်းပေးထားတာကိုတွေ့ရပါတယ်။

ထိုင်းဦးစီးတဲ့မြန်မာ့အရေးဆွေး‌နွေးမှုကိုလေ့လာကြည့်ရင်ပထမအိမ်နီးချင်းနိုင်ငံများနဲ့ဆွေး‌နွေးပွဲမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းတို့နဲ့ စကစကိုယ်စားလှယ်တို့ တဖက်သတ် ဆွေး‌နွေးပွဲလုပ်သလို ဒုတိယဆွေး‌နွေးပွဲဖြစ်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေး‌နွေးပွဲကလည်း စကစကိုသာ ဇောင်းပေးအသိအမှတ်ပြုထားပြီး တော်လှန်ရေး အင်အားစုတွေ မပါဝင်တာဟာ တော်လှန်‌ရေး အင်အားစုတွေ တသံတည်း မထွက်နိုင်ဘဲ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သီးခြား တိုက်နေကြပြီးတပ်ပေါင်းစုကြီးအဖြစ် ရပ်မပြနိုင်တာကြောင့်လို့ မြင်ပါတယ်။

မန္တလေးက တရုတ်သံရုံးနားမှာ ဗုံးပေါက်ကွဲတာကို အကြောင်းပြပြီး တရုတ်က မြန်မာနိုင်ငံတွင်းမှာ သူ့အကျိုးစီးပွားတွေကို စကစက အပြည့်အစုံမ ကာကွယ်နိုင်တော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကြေးစားတရုတ်လုံခြုံရေး ကုမ္ပဏီတပ်ဖွဲ့တွေကို ချထားဖို့ ဗိုက်နာနေတဲ့စကစကို ကူညီဖို့ကမ်းလှမ်းပြီး သဘောတူ စာချုပ်ပါ ချုပ်ဆိုလိုက်ပါတယ်။ ဒီအချက်ဟာ အချုပ်အခြာပိုင် နိုင်ငံတွင်းကို နိုင်ငံခြားတပ်ကို တရားဝင် တင်သွင်းလာတာ ဖြစ်ပါတယ်။

တရုတ်တွေးတာက အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်နိုင်ငံ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လာမှာကို စိုးရိမ်ပါတယ်။ အထူးသဖြင့် တရုတ်ကို အပြတ်ဖိနှိပ်မယ်လို့ ကြိမ်းဝါးထားတဲ့ ထရန့်တက်လာရင် မြန်မာ့အရေးဟာ တရုတ်ကို ထိုးနှက်ဖို့ ရေခံမြေခံအဖြစ် ထရန့်ကအသုံးချလာမှာကို ကြိုတင်ကာထားတဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။

တရုတ်က ဘယ်လိုဖိအားပေးပေး ကိုးကန့်နဲ့ စကစကိုယ်စားလှယ်တွေ ကူမင်းမှာ ဆွေး‌နွေးတာ မအောင်မြင်သလို တအောင်းက ဆွေးနွေးမယ်ဆိုတာလည်း ဖြစ်မလာသေးပါဘူး။ ဒီချိန်မှာ အေအေက အမ်းမြို့နဲ့ နပခစစ်ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်နိုင်သလို ချင်းညီနောင်ကလည်း မင်းတပ်ကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပါတယ်။

ကေအိုင်အေကလည်း ပူးပေါင်းတပ်တွေနဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေပါတယ်။ ဒီအချက်တွေက တရုတ်က ဘယ်လိုပဲ မြောက်ပိုင်းညီနောင်ကို ဖိအားပေးပေး မင်းအောင်လှိုင်ကို ဘယ်လောက် ကျောထောက်နောက်ခံ ကူညီပေးနေပေမယ့် မင်းအောင်လှိုင်တပ်ဟာ “အောင်စိတ်သေဆုံးနေခဲ့ပြီး” ဖြစ်နေတာကို ပြသနေပါတယ်။

မြန်မာတော်လှန်‌ရေးသမားတွေ သတိထားသင့်တဲ့ အချက်ရှိပါတယ်။ ဒါကတော့ တရုတ်အကျိုးစီးပွားတွေကိုမထိပါးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် တရုတ်က မြန်မာပြည်တွင်းစစ်မှာ သူ့အကျိုးစီးပွားတွေကို တိုက်ခိုက်ခံနေရလို့သူ ဝင်ရောက်ရပါတယ်ဆိုတဲ့ ဆင်ခြေပေးလို့မရ ဖြစ်စေမှာပါ။

ဒီလိုမှမဟုတ်ပဲ တရုတ်ပိုင် ကုမ္ပဏီတွေကို တိုက်ခိုက်မယ် တရုတ်စီမံကိန်းတွေကို တိုက်ခိုက်မယ်ဆိုရင် တရုတ်ကို လက်ယပ် ခေါ်သလိုဖြစ်ပြီး တရုတ်ကြေးစားလုံခြုံရေးတပ်ဖွဲ့တွေကို ဒီအချက်ကို အကြောင်းပြပြီး ခေါ်သွင်းလာမှာြဖစ်သလို သူတို့နဲ့အတူ ခေတ်မီလက်နက်တွေပါ တပါတည်း သယ်ဆောင်လာမှာဖြစ်တဲ့အတွက် ဒီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်မဲ့ စကစတပ်ဖွဲ့တွေမှာလည်း ဒီလိုခေတ်မီလက်နက်တွေ ရောက်ရှိလာမှာမလွဲပါဘူး။ စစ်အနိုင်တိုက်ရေးမှာ ခေတ်မီလက်နက်ကိုင်ဆောင်နိုင်သူတွေက အသာရစမြဲမို့ အထူးသတိထားသင့်တဲ့ကိစ္စပါ။ တရုတ်ဟာကွန်မြူနစ်အမည်ခံထားပေမဲ့ တကယ်တန်းပြောင်းလဲဖြစ်စဥ် (evolution) အရ ကိုလိုနီစနစ်သစ်ဖြစ်ပြီး အရင်းရှင်းစီးပွားရေး အာဏာရှင်အမည်ခံပါ။

ဒါကြောင့် အာဏာရှင် ရှီကျင့်ဖျင့်က သူ့အာဏာကွန်ရက်ကို ချိမ်းခြောက်လာနိုင်တဲ့ ဒီမိုကရေစီစနစ်ကို သူ့အိမ်နီးချင်း နိုင်ငံတခုမှာ ပေါ်ပေါက် လာမှာကို မလိုလားပါဘူး။ စစ်အာဏာရှင်စနစ်ဟာ အသွင်ကွဲပြားပေမဲ့ အာဏာရှင်စရိုက်ချင်း တူနေတာမို့ သူ့အတွက် ပိုလုံခြုံပါတယ်။

ကျန်အနောက်ဖက် အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်တို့ကိုကြည့်ရင် သူတို့အနေနဲ့ ခွချက်လုပ်ထားတဲ့အနေအထားဖြစ်ပေမဲ့ ဘန်ကောက်ဆွေးနွေးပွဲပြီးနောက် အိန္ဒိယအစိုးရရဲ့ လက်တလော ထုတ်ပြန်ချက်ဟာ အနှုတ်လက္ခဏာဆောင်နေခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ် တိုင်းရင်းသားပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်၊ အာသံ၊ မဏိပူ ပြည်နယ်တွေကို နိုင်ငံခြားသားများ သွားရောက်ခွင့်ကို ခွင့်ပြုထားရာကနေ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဒီအချက်က ဒီပြည်နယ်တွေကနေ မြန်မာ့အရေး အားပေးနေသူတွေ မြန်မာပြည်တွင်းကို နယ်ခြားကနေ ဝင်ထွက်ခွင့်မရအောင် ပိတ်လိုက်တဲ့သဘောဖြစ်ပြီး စကစဖက်က ဘန်ကောက် ဆွေး‌နွေးပွဲအတွင်း နှစ်နိုင်ငံချင်း တွေ့ဆုံမှုမှာ တောင်းဆိုခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့် ဒီလိုအိမ်နီးချင်းနိုင်ငံတွေက စစ်အုပ်စုကို တိုက်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို အားမပေးတာဟာ တစ်အချက်က ညီညွတ်စုစည်းနိုင်မှုမရှိ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသလို ဖြစ်နေတာကြောင့်နဲ့ နှစ်အချက်က ဒီလိုညီညွတ်မှုမရှိ ညီညွတ်ရေးမတည်ဆောက်နိုင်တဲ့အတွက် တတကယ်လို့ စကစပြုတ်ကျ ပြိုကွဲသွားရင် မြန်မာနိုင်ငံဟာ အာဏာလစ်ဟာနယ်ဖြစ်ပြီး စစ်ဘုရင်တွေ ပေါ်ပေါက်ကာ ဗဟိုဦးစီးမှုမရှိဘဲ မင်းမဲ့စရိုက်ဖြစ်လာပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ ရိုက်ခတ်လာမှာကိုစိုးလို့ဖြစ်ပါတယ်။ ဒီနှစ်ချက်ကြောင့်အိမ်နီးချင်းနိုင်ငံတွေကစကစကို နေရာဆက်ပေးထားတာလို့မြင်ပါတယ်။

ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အိမ်နီးချင်းတွေကရော ကမ္ဘာကပါ ထောက်ခံလာအောင်လုပ်ဖို့က တနည်းပဲရှိပါတယ်။ တိုင်းရင်းသားအားလုံးပါဝင်တဲ့တပ်ပေါင်းစုအနေနဲ့ အမည်တခုကိုယူပြီးဖွဲ့ ဒါမှမဟုတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးမဟာမိတ်တပ်ပေါင်းစု Anti-Military Dictatorship Alliance of Burma (AMDAB) ဖွဲ့စည်းပြီး KIA, KNU, MNDAA, TNLA, AA, UWSA, KNDF, CDF, CNF, PNLO, မွန်တော်လှန်ရေး ၄ဖွဲ့ပေါင်း (MLA, MNLA-AD, MSDF, MSRF) နဲ့ NUG အားလုံးပါဝင်စုစည်းနိုင်ရေးဟာ နိုင်ငံတကာကထောက်ခံမှုရလာမဲ့ တခုတည်းသော လိုအပ်ချက်ကြီး ဖြစ်ပါတယ်။

အရင်က ရေကျော် ခရက်ဒေးစခန်းမှာဖွဲ့စည်းသလိုမျိုး မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု (Democratic Alliance of Burma) လို့မှည့်ပြီး တိုက်ခိုက်နိုင်ခဲ့ကြပေမဲ့ ပြည်သူလူထုက နွေဦးတော်လှန်ရေးလို မပါလာခဲ့ဘူး။

ဒါကြောင့် တပ်ပေါင်းစုကြီး ဖွဲ့နိုင်ဖို့ ပထမဆင့် အွန်လိုင်းကနေ လက်နက်ကိုင် အင်အားစုတွေ အကြိုညီလာခံတခု ပထမအဆင့် ခေါ်ယူပြီး ဆွေးနွေးသင့်ပါတယ်။ ဒီလိုဆွေး‌နွေးပြီး ထွက်လာတဲ့ ရလာဒ်ကနေ အမြန်ဆုံးညှိနှိုင်းပြီး တပ်ပေါင်းစုကို အကောင်အထည်ဖော်သင့်ပါတယ်။

အခုပြည်သူ တရပ်လုံးက တော်လှန်ရေးကို အားတက်သရော အားပေးနေချိန်မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး တာဝန်ကြေပြွန်စွာ ညီညွတ်ပြဖို့ အချိန်ရောက်ပြီ ဖြစ်ကြောင်း ဆော်သြလိုက်ရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 93 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 76 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 90 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 68 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို