နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အတွေးအမြင်ကဏ္ဍ အမေရိကန် အယ်ဒီတာ့အာဘော် ဥရောပ

အမေရိကန်ကြီး မြတ်လာမှာလား အထီးကျန်ဆန်မှာလား။

အယ်ဒီတာ့အာဘော်

ထရန့်နဲ့ ယူကရိန်းသမတဇလန်းစကီးတို့ ဘဲဥပုံရုံးခန်းမှာ စကားအခြေအတင် ဖြစ်ခဲ့ပြီးနောက် ကမ္ဘာကြီးက အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။ ဒီအထဲမှာ ရုရှားရန်လိုမှုကို ကာကွယ်ဖို့ဖွဲစည်းထားတဲ့ ‌မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ နေတိုးအဖွဲ့ဝင် ဟန်‌ဂေရီနဲ့ စလိုဗက်ကီးယားတို့ကလွဲလို့ ကျန်အဖွဲ့ဝင်တွေက ယူကရိန်းနဲ့ သွေးစည်းကြောင်းကို ပြသခဲ့ပါတယ်။ အီးယူအနေနဲ့ လာမယ့် မတ်လ(၆)ရက်နေ့မှာ ဥရောပနိုင်ငံများ အစည်းအဝေးကို ခေါ်ယူပြီး ယူကရိန်းအပေါ် ဘယ်လိုကူညီပံ့ပိုးကြမယ်ဆိုတာနဲ့ ပြောင်းလဲလာတဲ့ အမေရိကန်ရဲ့ ရုရှားအပေါ် မျက်နှာသာပေးမှု သဘောထားကြောင့် ဥရောပအနာဂါတ်ကို ဆွေးနွေးကြဖို့ ရှိပါတယ်။

အခုဆိုရင် ကုလမှာတောင် ဒီဆယ်စုနှစ်တွေမှာ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ ရုရှား၊ မြောက်ကိုရီးယားနဲ့အတူ အမေရိကန်က တစ်သဘောတည်း ရပ်တည်လာတာဟာ အင်မတန် ထိပ်လန့်စရာတစ်ခုအဖြစ် ရှုမြင်လာကြပါတယ်။ ဒါက အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲသွားတာကို ပြသခဲ့တာဖြစ်တယ်လို့ ဥရောပနိုင်ငံတွေက ယုံကြည်ကြပါတယ်။

ထရန့်က ဇလန်းစကီးကို သူ့ရုံးခန်းမှာ ခေါ်တွေ့ပြီး သူနဲ့ ဒုသမတ ဂျေဒီဗန့်တို့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာနဲ့ပတ်သက်ပြီး ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး အင်နာလီနာဘဲဘော့ဂ် (Annalena Baerbock) က ပြောကြားတာကို တင်ပြလိုက်ပါတယ်။

“မနေ့ကရက်စက်ကြမ်းကြုပ်မှု အချိန်စတင်ခဲ့ပါတယ်၊ ဒီရက်စက်အကြင်နာကင်းမဲ့မှုကာလကို ကျွန်မတို့က နိုင်ငံတကာ အာဏာစဥ်နဲ့ တရားဥပဒေစွမ်းအားတွေကို အသုံးချပြီး အင်အားကြီးသူတွေရန်ကနေ ခုခံ ကာကွယ်ရမှာ ဖြစ်တယ်။ ဒီလိုမှ မလုပ်ရင် အင်အားကြီးတဲ့ နိုင်ငံတွေနားမှာ ရှိနေတဲ့ အိမ်နီးချင်း လွတ်လပ်တဲ့နိုင်ငံတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေနိုင်မဲ့ အခြေအနေကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။”

“ဒါကြောင့်အတ္တလန်တိတ် သမုဒ္ဒရာကိုဖြတ်ပြီး ရှင်းလင်းစွာ ကျမပြောလိုတာကတော့ ကျမတို့ဟာ ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ်ဆိုတာကို ဆုံးဖြတ်တဲ့နေရာမှာ ကွာခြားမှု မရှိပါဘူး။ ဘယ်သူကမှ ယူကရိန်းလောက် ငြိမ်းချမ်းရေးကို လိုလားနေတာ မရှိပါဘူး။ အမေရိကန်ရဲ့စွမ်းဆောင်မှုက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ တရားမျှတမှုနဲ့ ရေရှည်တည်တံ့ဖို့ လိုပါတယ်။

ခဏတဖြုတ် ရပ်နားထားပြီး ရုရှားက နောက်တကြိမ် ထပ်တိုက်တာမျိုးမဟုတ်ဖို့တော့ လိုပါတယ်၊ ဘယ်သူမှ ရန်သူကို လျော့တွက်လို့ မရပါဘူး၊ သူက ရင်မလင်မှာထိုင်နေတာပါ ကိ့ဗ်မှာလည်း မဟုတ်သလို ဘရပ်ဆဲလ်မှာလည်း မဟုတ်ပါဘူး။ ကျမတို့ဟာ ကျူးလွန်သူနဲ့ ခံရသူတို့ကို ပြောင်းပြန်လှန်ပစ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ လုံခြုံရေးကို ဆန့်ကျင်နေလို့ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့နိုင်ငံခြားရေးပေါ်လစီ ပြောင်းလဲသွားမှုကြောင့် အင်အားရှိတဲ့ခေါင်းဆောင်မှုကို ဥရောပက ကိုယ့်ဖာသာကို ရှာဖွေရတော့မယ်ဆိုတာကို ဥရောပနိုင်ငံတွေက စတင်စဥ်းစားနေကြပြီး ဂျာမဏီကို အိပ်နေတဲ့ အင်အားကြီးနေရာကနေ ဥရောပကို ဦးဆောင်တဲ့ အင်အားကြီး ခေါင်းဆောင်အဖြစ် မြင်လာကြပါတယ်။

နောက်တစ်ခုက အမေရိကန်ကို ကာကွယ်ရေး ပိုင်းဆိုင်ရာ မှီခိုနေရတာကနေ ရုန်းထွက်ကြပြီး လိုအပ်တဲ့လက်နက်တွေကို ဥရောပတိုက်မှာ ထုတ်လုပ်ကြဖို့ ဥရောပတိုက်က ထုတ်လုပ်တဲ့လက်နက်တွေကိုသာဝယ်ယူအားပေးကြဖို့အထိ ပြင်ဆင်လာကြတာကြောင့် အမေရိကန်ဟာ ကြီးမြတ်လာမှာ မဟုတ်ဘဲ အထီးကျန်လာဖို့ ရှိတယ်လို့ ဟောကိန်းထုတ်လာကြပါတယ်။

ဓာတ်ပုံ။
ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး အင်နာလီနာဘဲဘော့ဂ် (Annalena Baerbock)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ