ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းကို သူတို့ရဲ့ ပရိသတ်တွေက “ဘာဘီအက်ဖ်စီ” လို့ တင်စားလှောင်ပြောင်နေကြပါတယ်။ ဖူလ်ဟမ်အသင်းဟာ မကြာခင်စတင်တော့မယ့်ရာသီသစ်မှာ ဝယ်ဆင်မယ့် အဝေးကွင်းဂျာစီကို မိတ်ဆက်ပြီးနောက်ပိုင်း အဲဒီလို လှောင်ပြောင်ခံနေရတာဖြစ်ပါတယ်။
ဖူလ်ဟမ်အသင်းရဲ့ အဝေးကွင်းဝတ်စုံဟာ ပန်းနုရောင်ရင့်ရင့်ပေါ်မှာ Adidas ရဲ့ အနက်ရောင် အစင်း ၃ စင်းနဲ့ ဖန်တီးထားတာဖြစ်လို့ ပရိသတ်တွေက မကြာသေးမီက ရုံတင်ပြသနေတဲ့ ဘာဘီရုပ်ရှင်နဲ့ ခိုင်နှိုင်းကာ “ဘာဘီအက်ဖ်စီ” အဖြစ် တွစ်တာစာမျက်နာမှာ ကင်ပွန်းတပ်ခေါ်ဆိုနေကြတာပါ။



ဖူလ်ဟမ်ပရိသတ်တစ်ဦးကတော့ ဖူလ်ဟမ်အသင်းရဲ့အဝေးကွင်း ဂျာစီဟာ ဘာဘီရုပ်ရှင်ဇာတ်ကားရဲ့ မာကတ်တင်းတစ်ခုဖြစ်တယ်လို့ မှတ်ချက်ပြုရေးသားခံသလို နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ငါတို့အသင်း ဘာဘီပုံစံ ပြောင်းသွားပြီလား”လို့ ရေးသားခဲ့ကြပါတယ်။
မကြာသေးမီကမှ ရုံတင်ပြသခဲ့တဲ့ ဘာဘီရုပ်ရှင်ဇာတ်ကားဟာ ကမ္ဘာတဝန်းမှာ ပြောစမတ်တွင်ရလောက်အောင် အောင်မြင်နေပြီး ထူးခြားချက်တစ်ခုကတော့ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မာဂေါ့ရော်ဘီဟာ ဖူလ်ဟမ်အသင်းရဲ့ အမာခံတစ်ဦးဖြစ်နေတယ်လို့ သိရပါတယ်။
Era’sEye\SportNews