စစ်ကိုင်းတိုင်း၊ မုံရွာမြို့က မြဝတီဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ (၂) ရက် မနက်ပိုင်းမှာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ခိုက်မှု နဲ့ ပတ်သက်ပြီး မုံရွာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ) နဲ့ ပူးပေါင်းအဖွဲ့တွေ ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ပူးပေါင်းအဖွဲ့တွေ ဘက်က ထုတ်ပြန်တဲ့ရုပ်သံဖိုင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ လုံခြုံရေး ကင်းနေရာကို သေနတ်အချက်ပေါင်းများစွာ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံး ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။