နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်နှင့် တိုက်ပွဲများ ပြန်လည်စတင်နေပြီဟု ဒေသစံတော်ချိန် နံနက် (၆) နာရီတွင် အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကတည်းက စတင်ခဲ့သော ယာယီအပစ်အခတ်ရပ်စဲရေးသည် ခုနစ်ရက်အကြာတွင် ပြီးဆုံးခဲ့သည်။ ကြေညာချက်တစောင်တွင် အစ္စရေးစစ်တပ်က ဟားမတ်စ်ကို ဝေဖန်လိုက်ပြီး `ဟားမတ်စ်တို့က အပစ်အခတ်ရပ်စဲရေးကို ဖောက်ဖျက်ပြီး အစ္စရေးပိုင်နက်ထဲကို ဂါဇာမှ ဒုံးကျဉ်ဖြင့် ပစ်ခတ်ခဲ့သည်´ ဟု ပြောဆိုကာ ဂါဇာတခွင်ကို လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ ရိုက်တာသတင်း၏အဆိုအရ ဂါဇာကျန်းမာရေးအာဏာပိုင်များက လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးကို ကနဦးတွင် ကာတာ၊ အမေရိကန်နှင့် အခြားနိုင်ငံများက လေးရက်ကြာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ ယင်းကာလအတွင်း အစ္စရေးမှ ဟားမတ်စ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံ စုစုပေါင်း ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးမှ ဖမ်းဆီးထားသည့် ပါလက်စတိုင်း စုစုပေါင်း ၂၄၀ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်ဖက်စလုံးက တတိယအကြိမ် သက်တမ်းတိုးရန် ရည်ရွယ်ချက်ဖြင့် နောက်ဆုံးမိနစ်အထိ ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှု ပျက်သွားခဲ့သည်။

အစ္စရေးကမူ ဟားမတ်စ်သည် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း၊ နောက်ထပ် ဓားစာခံတွေ ပြန်လွှတ်ပေးရေး ကမ်းလှမ်းချက်ကို အစ္စရေးက လက်မခံဘူးဟု ဟားမတ်စ်ဘက်ကလည်း ဝေဖန်လိုက်ပါသည်။

အရှေ့အလယ်ပိုင်း ရုပ်မြင်သံကြားဌာန Al Jazeera ၏အဆိုအရ တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက်တွင် အစ္စရေးသည် ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာဒုက္ခသည်စခန်းနှင့် တောင်ဘက် အီဂျစ်နယ်စပ်ရှိ ရာဖာမြို့တို့ အပါအဝင် ကျယ်ပြန့်သော ဧရိယာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဟားမတ်စ်တို့ကို ဖျက်ဆီးပစ်ပြီး ဓားစာခံများကို လွတ်မြောက်စေမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရေ၊ အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုများကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများနှင့် လောင်စာဆီများဝင်ရောက်မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားမှုကြောင့် သွင်းကုန်များ ရပ်ဆိုင်းထားရပုံရပြီး အခြေအနေပြောင်းပြန်ဖြစ်လာနိုင်သည့် အန္တရာယ်ရှိပါသည်။

အစ္စရေးစစ်တပ်သည် အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သော မြေပြင်ကျူးကျော်မှုမှတစ်ဆင့် ဂါဇာမြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားပြီးဖြစ်သည်။ တောင်ပိုင်းကို ပစ်မှတ်ထားပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်မယ်ဟုလည်း အစ္စရေးက ကြေညာထားပါသည်။

မြောက်ပိုင်းမှ ဒုက္ခသည်များ အပါအဝင် အရပ်သား အများအပြားသည် ယင်းဒေသတွင် နေထိုင်ကြပြီး တိုက်ပွဲများတွင် အရပ်သား သေဆုံးမှုများ ဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသည်။ တိုက်ပွဲများစတင်ကတည်းက ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် နှစ်ဘက်စလုံးမှ လူ ၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်တွင် ၁၂၀၀ ခန့် သေဆုံးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် နိုဝင်ဘာ ၃၀ ရက်က အစ္စရေးသို့ သွားရောက်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ ပြန်လည်စတင်ပါက ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရစေမည့် တိုက်ခိုက်မှုမျိုး မပြုလုပ်ရန် ပြောကြားခဲ့သည်။ “ တောင်ဘက်မှာတော့ ဒီလို ထပ်မလုပ်မိဖို့ အမေရိကန်အတွက် အရေးကြီးပါတယ်” ဟု အစ္စရေးထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်များကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုခဲ့သည်။

[ဓာတ်ပုံ]

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်ပြီး အစ္စရေးစစ်တပ်က ဂါဇာကိုလေကြောင်းမှတိုက်ခိုက်နေသည့် မြင်ကွင်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြောက်ကိုရီးယား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဒုတိယဝန်ကြီးချုပ်တစ်ဦးကို ရာထူးမှထုတ်ပယ်၊ ‘နွားလှည်းကို ဆွဲတဲ့ဆိတ်’ ဟုခိုင်း နှိုင်းပြစ်တင်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 28 Views
CNN- ဆိုးလ်မြို့ – AP မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် စက်ရုံအဆင့်မြှင့်တင်ရေး စီမံကိန်း တစ်ခု တွင် ပြဿနာများရှိခဲ့ခြင်းကြောင့် ဒုတိယဝန်ကြီးချုပ်တစ်ဦးကို
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန် ခြောက်ရက် သာ အချိန်ယူခဲ့ရသည်။ ခုနစ်ရက်မြောက်နေ့တွင်မူ သူ၏ ဥရောပမဟာမိတ်ဟောင်းများ အနေဖြင့် သူ့ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 45 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂ အေဂျင်စီဌာနချုပ်ကို ပိတ်ပင်ပြီးနောက် အစ္စရေးက စတင်ဖျက်ဆီး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဌာန်းပြီးနောက်၊ အစ္စရေးသည် အရှေ့ဂျေရုဆလင်ရှိ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 44 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယားစစ်တပ်က ကာ့ဒ်တို့ထိန်းချုပ်ထားသည့် နယ်မြေအများအပြားကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 40 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆီးရီးယားစစ်တပ်သည် ဒေသခံမျိုးနွယ်စု လက်နက်ကိုင်များ၏ အကူအညီဖြင့် နှစ်ရက်တာ ကာလအတွင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းချုပ် ထားခဲ့သည့် နယ်မြေအကျယ်အဝန်းအများအပြားကို တိုက်ထုတ်သိမ်းပိုက် နိုင်ခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့