နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ဂါဇာ။

ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စလာမ်မစ်အဖွဲ့ ဟားမတ်စ်နှင့် တိုက်ပွဲများ ပြန်လည်စတင်နေပြီဟု ဒေသစံတော်ချိန် နံနက် (၆) နာရီတွင် အစ္စရေးစစ်တပ်က ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်ကတည်းက စတင်ခဲ့သော ယာယီအပစ်အခတ်ရပ်စဲရေးသည် ခုနစ်ရက်အကြာတွင် ပြီးဆုံးခဲ့သည်။ ကြေညာချက်တစောင်တွင် အစ္စရေးစစ်တပ်က ဟားမတ်စ်ကို ဝေဖန်လိုက်ပြီး `ဟားမတ်စ်တို့က အပစ်အခတ်ရပ်စဲရေးကို ဖောက်ဖျက်ပြီး အစ္စရေးပိုင်နက်ထဲကို ဂါဇာမှ ဒုံးကျဉ်ဖြင့် ပစ်ခတ်ခဲ့သည်´ ဟု ပြောဆိုကာ ဂါဇာတခွင်ကို လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။ ရိုက်တာသတင်း၏အဆိုအရ ဂါဇာကျန်းမာရေးအာဏာပိုင်များက လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၅၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးကို ကနဦးတွင် ကာတာ၊ အမေရိကန်နှင့် အခြားနိုင်ငံများက လေးရက်ကြာ စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး နှစ်ကြိမ် သက်တမ်းတိုးခဲ့သည်။ ယင်းကာလအတွင်း အစ္စရေးမှ ဟားမတ်စ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ဓားစာခံ စုစုပေါင်း ၁၀၅ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးမှ ဖမ်းဆီးထားသည့် ပါလက်စတိုင်း စုစုပေါင်း ၂၄၀ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

အပစ်အခတ်ရပ်စဲရေးသည် ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အစ္စရေးနှင့် ဟားမတ်စ်တို့ နှစ်ဖက်စလုံးက တတိယအကြိမ် သက်တမ်းတိုးရန် ရည်ရွယ်ချက်ဖြင့် နောက်ဆုံးမိနစ်အထိ ညှိနှိုင်းခဲ့ကြသော်လည်း ညှိနှိုင်းမှု ပျက်သွားခဲ့သည်။

အစ္စရေးကမူ ဟားမတ်စ်သည် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း၊ နောက်ထပ် ဓားစာခံတွေ ပြန်လွှတ်ပေးရေး ကမ်းလှမ်းချက်ကို အစ္စရေးက လက်မခံဘူးဟု ဟားမတ်စ်ဘက်ကလည်း ဝေဖန်လိုက်ပါသည်။

အရှေ့အလယ်ပိုင်း ရုပ်မြင်သံကြားဌာန Al Jazeera ၏အဆိုအရ တိုက်ပွဲများ ပြန်လည်စတင်ပြီးနောက်တွင် အစ္စရေးသည် ဂါဇာမြောက်ပိုင်းရှိ ဂျာဘာလီယာဒုက္ခသည်စခန်းနှင့် တောင်ဘက် အီဂျစ်နယ်စပ်ရှိ ရာဖာမြို့တို့ အပါအဝင် ကျယ်ပြန့်သော ဧရိယာများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် ဟားမတ်စ်တို့ကို ဖျက်ဆီးပစ်ပြီး ဓားစာခံများကို လွတ်မြောက်စေမည်ဟု အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင် အောက်တိုဘာ ၇ ရက်က တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍ ရေ၊ အစားအစာနှင့် ဆေးဝါးထောက်ပံ့မှုများကဲ့သို့သော ထောက်ပံ့ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ရေးပစ္စည်းများနှင့် လောင်စာဆီများဝင်ရောက်မှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားမှုကြောင့် သွင်းကုန်များ ရပ်ဆိုင်းထားရပုံရပြီး အခြေအနေပြောင်းပြန်ဖြစ်လာနိုင်သည့် အန္တရာယ်ရှိပါသည်။

အစ္စရေးစစ်တပ်သည် အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ခဲ့သော မြေပြင်ကျူးကျော်မှုမှတစ်ဆင့် ဂါဇာမြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားပြီးဖြစ်သည်။ တောင်ပိုင်းကို ပစ်မှတ်ထားပြီး ဟားမတ်စ်တွေကို ချေမှုန်းပစ်မယ်ဟုလည်း အစ္စရေးက ကြေညာထားပါသည်။

မြောက်ပိုင်းမှ ဒုက္ခသည်များ အပါအဝင် အရပ်သား အများအပြားသည် ယင်းဒေသတွင် နေထိုင်ကြပြီး တိုက်ပွဲများတွင် အရပ်သား သေဆုံးမှုများ ဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ရှိနေသည်။ တိုက်ပွဲများစတင်ကတည်းက ဂါဇာကမ်းမြောင်ဘက်ခြမ်းတွင် နှစ်ဘက်စလုံးမှ လူ ၁၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်တွင် ၁၂၀၀ ခန့် သေဆုံးခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် နိုဝင်ဘာ ၃၀ ရက်က အစ္စရေးသို့ သွားရောက်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံခဲ့ပြီး တိုက်ပွဲများ ပြန်လည်စတင်ပါက ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားအများအပြား သေဆုံးဒဏ်ရာရစေမည့် တိုက်ခိုက်မှုမျိုး မပြုလုပ်ရန် ပြောကြားခဲ့သည်။ “ တောင်ဘက်မှာတော့ ဒီလို ထပ်မလုပ်မိဖို့ အမေရိကန်အတွက် အရေးကြီးပါတယ်” ဟု အစ္စရေးထံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အချက်များကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုခဲ့သည်။

[ဓာတ်ပုံ]

အစ္စရေး-ဟားမတ်စ် စစ်ပွဲ ပြန်လည်စတင်ပြီး အစ္စရေးစစ်တပ်က ဂါဇာကိုလေကြောင်းမှတိုက်ခိုက်နေသည့် မြင်ကွင်းများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 9 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 115 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 210 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 315 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က