ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလံတဲ ကျေးရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို ဧပြီ (၃)ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီး နေတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ် (၃၁)ရက်ကလည်း ကလားကျေးရွာက ဒေသခံနေအိမ် ၉လုံး ၊ ဧပြီ (၁)ရက်မှာတော့ ဒေသခံနေအိမ် ၂၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ဆီက သိရပါတယ်။

အခုလို မီးရှို့ခံရမှုကြောင့် ဝလံတဲ အပါအဝင် ကျေးရွာ (၇) ရွာက ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေအတွက် မိုးကာ နဲ့ ခြင်ထောင်၊ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေပါတယ်။