၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်းဒေသ၊ ကလေးမြို့နယ်က မြောက်စည်းရဲစခန်းကို ဒီကနေ့ နိုဝင်ဘာလ (၄) ရက် မနက် ၈ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအင်အားစုဘက်က သိမ်းပိုက်လိုက်တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တော်လှန်ရေးပူးပေါင်းအင်အားစုတွေဟာ နိုဝင်ဘာလ (၃) ရက်နေ့က စတင်[ပြီး စစ်ဆင်ရေးပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှာ မြောက်စည်းရဲစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးကာ လက်နက်များလည်း သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။
မြောက်စည်းရဲစခန်း ကျဆုံးပြီးနောက် စစ်ကောင်စီများက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တော်လှန်ရေး ရဲဘော် (၃) ဦးကျဆုံးပြီး ဒဏ်ရာ ရရှိသူ ၇ ဦးရှိကြောင်း သိရှိရပါတယ်။
CNDF က ရဲဘော် ဆလိုင်း ကျုံးသဲ အသက် (၁၉) နှစ် နဲ့ RKDF က ရဲဘော် ကို မင်းခန့်နိုင် ၊ ကိုညိုလုံးတို့ စုစုပေါင်း၃ ဦးကျဆုံးတယ်တယ်လို့ သိရပြီး အလောင်းတွေလည်း တော်လှန်ရေးအင်အားစုက ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြောက်စည်း စစ်ကောင်စီ ရဲစခန်းသိမ်းတိုက်ပွဲမာ CNDF -Vakok တပ်ရင်း ၊ PDF SR4, PDF 2,4,5,6 RK, KKG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ။ The Rihil Voice