တောင်ငူ-သံတောင်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံ(၂)ဦး သေဆုံးခဲ့တယ်လို့ Than Daung Mupoe အဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၅) ရက် နံနက် (၉) နာရီ မတိုင်မီက တောင်ငူ-သံတောင်လမ်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ပျားစခန်းရွာရှိ ရွာကြီးသွားလမ်းက နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံ (၂)ဦးဟာ အသက် (၉)နှစ်အရွယ်နဲ့ အသက် (၅၂)နှစ်အရွယ်တို့ဖြစ်တယ်လို့ ကနဦးသတင်းတွေအရ ဖော်ပြထားပါတယ်။
အခုအခါ (၄) မိုင်နဲ့ (၇) မိုင်ဂိတ်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ထားတာကြောင့် သွားလာမယ့်ဒေသခံတွေ အထူးဂရုစိုက်ကြဖို့နဲ့ မလိုအပ်ဘဲ မသွားလာဖို့ စစ်ဆေးခံရပြီး ပြန်လွတ်လာသူတွေက အသိပေးထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။