နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ သုဝဏ္ဏမြို့မရဲစခန်း ပြင်းအားမြင့်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ခေတ်မျတ်လုံး။

ဒီကနေ့ နံနက် (၇)နာရီ (၅)မိနစ်အချိန်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပကဖနဲ့ မဟာမိတ်တို့ပူးပေါင်းကာ ပြင်းအားမြင့်မိုင်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ သုဝဏ္ဏရဲစခန်း စောစောစီးစီး အုံးခံရတာ။ အသံ ၂ချက်လောက်ကြားလိုက်ရတယ်။ အသံက တော်တော်ကျယ်တယ်” လို့ မြေပြင်သတင်းတွေက ပြောဆိုထားပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ သုဝဏ္ဏမြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အလားတူ နံနက် ၇နာရီဝန်းကျင်ခန့်မှာလည်း သာကေတနဲ့ ဗဟန်းမြို့တို့မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်မှုထမ်းဖို့ကိစ္စအပေါ် လုပ်ကြံပြောဆိုတာတွေကို အရေးယူဖို့ စစ်ကောင်စီပြင်ဆင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 29 ရက်
  • 4 Views
ဇန်နဝါရီလ (၂၉)ရက်။ စစ်မှုထမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး လုပ်ကြံပြောဆိုဝါဒဖြန့်နေတာတွေကို အရေးယူဖို့ မနေ့ကပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 9 Views
ဇန်နဝါရီလ (၂၈)ရက်။ အခုလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်ကြီးကြောင့် နိုင်ငံတဝန်းမှာ အရပ်သားပြည်သူ (၁၆)ဦး သေဆုံးခဲ့ရတယ်လို့ AAPP ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထားဝယ်မြို့အဝင် ကမြောကင်းတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၇)ဦးထက်မနည်းသေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 4 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က ည(၇)နာရီခန့်မှာ ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတားက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စကစတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီလိုပစ်ခတ်ခဲ့တာမှာ
မြန်မာသတင်း

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချခံရ၊ အရပ်သားတစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် (၂)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 4 Views
ဇန်နဝါရီလ (၂၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က တောင်သာမြို့ရှိ ရွာတန်းရှည်ရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာထံက သိရပါတယ်။ “ ဒီကနေ့ နံနက်(၁)နာရီခွဲလောက်က ရွာတန်းရှည်ရွာအနီးကို စက်တပ်လေထီးနဲ့ ဗုံးသီးချတာ (၃)နှစ်ကလေးနဲ့ အမျိုးသားတစ်ဦး
မြန်မာသတင်း

ဆိပ်ဖြူမြို့ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 5 Views
ဇန်နဝါရီလ (၂၈)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီ (၅၀)မိနစ်အချိန်က ဆိပ်ဖြူမြို့ တညောင်လမ်းပိုင်းတနေရာမှာ ကပစ(၂၁)က စစ်ကောင်စီတပ်ကြပ်ကြီး အောင်ကြည်ဆန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Caf-Spupdf ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကပစ(၂၁)က
1027 Operations မြန်မာသတင်း

နယ်မြေအငြင်းပွားတာကနေ လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်ခဲ့တဲ့ TNLA နဲ့ KIA တို့ရဲ့ရုပ်သံ လူမှုကွန်ရက်မှာ နာမည်ကြီးနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 5 Views
ဇန်နဝါရီလ (၂၈)ရက်။ ရှမ်းမြောက်ဒေသမှာ နယ်မြေအငြင်းပွားတာကို TNLA နဲ့ KIA နှစ်ဖက်အောက်ခြေတပ်ဖွဲ့ဝင်တွေက လက်ဝှေ့ပွဲနဲ့ ဆုံးဖြတ်တာပြုလုပ်တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ TNLA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးတို့ အပြန်အလှန် ထိုးကြိတ်နေပြီး
မြန်မာသတင်း

နယ်စပ်ဒေသက အွန်လိုင်းလိမ်လည်တာနဲ့ လောင်းကစားတွေ နှိမ်နင်းဖို့ စစ်ကောင်စီ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 3 Views
ဇန်နဝါရီလ (၂၈)ရက်။ မနေ့က နေပြည်တော်မှာ နယ်စပ်ဒေသရှိ အွန်လိုင်းအသုံးပြုလိမ်လည်တာနဲ့ လောင်းကစားတွေကို တားဆီးနှိမ်နင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးတရပ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အစည်းအဝေးကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ရာပြည့်အပါအဝင် ဗဟိုကော်မတီဝင်တွေ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီက ဥက္ကဋ္ဌတွေ၊
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်တာမှာ ငွေကြေးယူပြီး လူစားထိုးတဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် (၃)ဦး ဖမ်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 7 Views
ဇန်နဝါရီလ (၂၈)ရက်။ စစ်မှုထမ်းဆင့်ခေါ်တာမှာ လူစားထိုးပေးမယ်ဆိုပြီး ငွေကြေးယူခဲ့တဲ့ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်အပါအဝင် (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၄)ရက်နေ့ ညပိုင်းက ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက်ထဲ မြို့နယ်အုပ်ချုပ်ရေးမှူး