နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အလစ်တိုက်ခိုက်ခံရ၊ ရဲဘော် (၃) ဦး ကျဆုံး

Photo – CJ – ခင်ဦးနယ်ရှိ PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။

ရွှေဘို – မြစ်ကြီးနားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်(၃) ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ကာ အလစ်အငိုက် ဝင်တိုက်ခဲ့ခြင်းဖြစ်သဖြင့် ပ.က.ဖ အဖွဲ့ အထိနာခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၂ရက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ထနောင်းကိုင်းလေး လမ်းဆုံအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ (၄) ရက် မနက်ပိုင်းက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း၌ပင် ကြို့ကန်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောသည်။

စစ်ကောင်စီတပ်သည် ​ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအား ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ ၆ ရက်တိုင် ဝင်ရောက် တပ်စွဲခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူ ရှစ်ဦးအား သတ်ဖြတ်ထားခဲ့ပြီး အိမ်ခြေ ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလတစ်လျှောက် ခင်ဦးမြို့နယ်ရှိ တော်လှန်ရေးရဲဘော်နှင့် ပြည်သူ ၂၅၄ ဦး တိတိ သတ်ဖြတ်ခဲ့ပြီး ကျေးရွာပေါင်း ၅၉ ရွာမှ နေအိမ်ပေါင်း ၂,၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးထားသည်။

MoeZ/ Era’sEyes

REF : PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 22 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 22 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 23 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 16 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို
မြန်မာသတင်း

မကွေးထောင်မှာ နိုင်/ကျဉ်း (၃၅)ဦး တလနီးပါးကြာ တိုက်ပိတ်ခံထားရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 9 Views
ဇန်နဝါရီလ (၅)ရက်။ မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၃၅)ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး တလနီးပါးကြာ တိုက်ပိတ်ထားတယ်လို PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စဖြစ်တာက အမျိုးသားအဆောင်(၄)မှာ နိုင်/ကျဉ်းတွေကို ထောင်တခုလုံးက စားပြီးသားပန်းကန်တွေ
မြန်မာသတင်း

“၂၀၂၆ စစ်ရေးအလှည့်အပြောင်း”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 24 Views
“နျုကြည်ကလည်းတိုက်-KIA ကလည်းတိုက်” ဒီအပတ် တနင်္ဂနွေနေ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၂၈) မှာ ၂၀၂၆နှစ်သစ်မှာ စစ်ရေးအလှည့်အပြောင်းတွေဘာတွေဖြစ်လာနေသလဲ ဘယ်လို သုံးသပ်မိသလဲ ဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြ သွားကြမှာ ဖြစ်ပါတယ်၊ ဒီ နေ့ ဇန်နဝါရီလ
မြန်မာသတင်း

ပေါက်ခေါင်းမြို့မှာ စစ်တပ်ယာဉ် မိုင်းဆွဲခံရပြီး (၂)ဦး‌သေသေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 42 Views
ဇန်နဝါရီလ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီခွဲအချိန်က ပေါင်းခေါင်း‌မြို့မှာ စစ်တပ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစယာဉ်က ပေါင်းတည်မြို့ကနေ ပေါက်ခေါင်းမြို့ကို ကင်းပတ်ထွက်လာတဲ့အချိန် ကန်စုရွာ အနောက်ဘက်ကျောင်းအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ”
မြန်မာသတင်း

ကြိုတင်မဲကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့အပေါ် စစ်ကော်မရှင်ပြန်ရှင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 35 Views
ဇန်နဝါရီလ (၃)ရက်။ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေကြတဲ့အပေါ် စစ်တပ်လက်အောက်ခံ ရွေး/ကော်က ဒီကနေ့မှာ ပြန်လည်ရှင်းလင်းချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကြိုတင်မဲပေးတာကို သက်ဆိုင်ရာရွေး/ကော်အဖွဲ့ခွဲတွေက နိုင်ငံရေးပါတီတွေကို အသိပေးခဲ့ပြီး မဲပေးခဲ့သလို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲရုံမဖွင့်ခင် မဲရုံမှူးတွေဆီ အပ်နှံခဲ့တယ်လို့