နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အလစ်တိုက်ခိုက်ခံရ၊ ရဲဘော် (၃) ဦး ကျဆုံး

Photo – CJ – ခင်ဦးနယ်ရှိ PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။

ရွှေဘို – မြစ်ကြီးနားလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်(၃) ဦး ကျဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ကာ အလစ်အငိုက် ဝင်တိုက်ခဲ့ခြင်းဖြစ်သဖြင့် ပ.က.ဖ အဖွဲ့ အထိနာခဲ့ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၂ရက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ထနောင်းကိုင်းလေး လမ်းဆုံအနီးတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင့် ရဲဘော်တစ်ဦး ကျဆုံး၍ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီ (၄) ရက် မနက်ပိုင်းက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း၌ပင် ကြို့ကန်ကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ၏ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော် နှစ်ဦး ထပ်မံကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ပြောသည်။

စစ်ကောင်စီတပ်သည် ​ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာအား ဒီဇင်ဘာ ၂၈ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ ၆ ရက်တိုင် ဝင်ရောက် တပ်စွဲခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူ ရှစ်ဦးအား သတ်ဖြတ်ထားခဲ့ပြီး အိမ်ခြေ ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလတစ်လျှောက် ခင်ဦးမြို့နယ်ရှိ တော်လှန်ရေးရဲဘော်နှင့် ပြည်သူ ၂၅၄ ဦး တိတိ သတ်ဖြတ်ခဲ့ပြီး ကျေးရွာပေါင်း ၅၉ ရွာမှ နေအိမ်ပေါင်း ၂,၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးထားသည်။

MoeZ/ Era’sEyes

REF : PPS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 32 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 25 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 26 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 23 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 28 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 24 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က