နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 24 ရက်

ဥရောပ

ဥရောပ

တူရကီတွင် မဂ္ဂနီကျူ ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

ဖေဖော်ဝါရီ ၆ ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် ၇ နာရီ ၄၇ မိနစ်ခန့်တွင် တူရကီနိုင်ငံ၌ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်မှာ တူရကီအရှေ့အလယ်ပိုင်းတွင် ဖြစ်ပြီး ငလျင်၏ ပြင်းအားမှာ မဂ္ဂနီကျူ ၇.၈ ရှိသည်ဟု သိရှိရသည်။

ငလျင်ဗဟိုချက်သည် ကုန်းတွင်းပိုင်းဟု ယူဆရပြီး ငလျင်ဗဟိုချက်အနီးတွင် အားပြင်း ငလျင်များ လှုပ်ခတ်သွားခဲ့သည်။ ဤငလျင်ကြောင့် ငလျင်ဗဟိုချက်အနီး၌ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးပြောင်းလဲမှု ၀.၁၃ မီတာ တွေ့ရှိခဲ့ရသည်။

အဆိုပါငလျင်သည် တူရကီအရှေ့တောင်ပိုင်းရှိ အရှေ့အနာတိုလီယန် ပြတ်ရွေ့အနီးတွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသည်။ အရှေ့ အနာတိုလီယန် ပြတ်ရွေ့သည် အာရေဗျနှင့် အနာတိုလီယန် Plate အကြား နယ်နိမိတ်တွင် တည်ရှိသော ပြတ်ရွေ့တစ်ခုဖြစ်သည်။

တူရကီသည် ပြတ်ရွေ့ကြော အများအပြား ရှိပြီး မကြာခဏ ငလျင်ကြီးများ လှုပ်ခတ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်း၊ မြောက်အနာတိုလီယန် ပြတ်ရွေ့တွင် ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ငလျင်အများအပြား လှုပ်ခတ်ခဲ့ပြီးသည်။

ငလျင်ဗဟိုချက်သည် အတိမ်ပိုင်းငလျင်ဟု ယူဆရပြီး ငလျင်ဗဟိုချက်တဝိုက်တွင် ပြင်းထန်သော လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း တူရကီပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။ ယင်းငလျင်ကြောင့် ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများတွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းအရ တူရကီနှင့် ဆီရီးယားနိုင်ငံများတွင် ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၁၀၀ ခန့်သေဆုံးပြီး သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

ဓာတ်ပုံ။ အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပူတင်နှင့် ဆွေးနွေးပွဲများ “ မည်သည့်နေရာသို့မှ မရောက်ဟု” ပြောကြားရင်း ထရမ့်က ပိတ်ဆို့မှုအသစ်များ ချမှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 30 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၂ရက် ယူကရိန်းတွင် ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် မော်စကိုအပေါ် ဖိအားပေးနိုင်ရေး ရည်ရွယ်ချက် ဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ‘ပစ်ခတ်စွမ်းအားပြင်းလက်နက်’ များရောက်လာမည်၊ သို့သော် NATO အစည်းအဝေးတွင် တိုမာဟော့ခ် ဒုံးကျည်များ အစီအစဉ်မရှိဟု ဟက်ဂ်ဆက် (Hegseth)က ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 57 Views
CNN-၂၀၂၅ခုနှစ်၊အောက်တိုဘာလ ၁၅ရက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက် (Pete Hegseth) က ဥရောပနိုင်ငံများမှ အမေရိကန်လက်နက်များ ဝယ်ယူမှုများမှတစ်ဆင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ပြင်သစ် ဓာတ်ပုံသတင်းထောက် ယူကရိန်းတွင် ဒရုန်းဖြင့် သေဆုံးခဲ့ကြောင်း ဓာတ်ပုံအေဂျင်စီ ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 67 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၄ရက် ပြင်သစ်ဓာတ်ပုံသတင်းထောက် အန်တိုနီ လယ်လီကန် (Antoni Lallican) သည် သောကြာနေ့က ယူကရိန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ၎င်း၏ အလုပ်ရှင်နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် တို့က
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် ဥရောပ

ပဋိပက္ခများ ရပ်စဲရေးနှင့် ဂါဇာကို ပြန်လည်တည်ဆောက်ရေး အကြီးအကဲနေရာအတွက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘလဲယားဖြစ်လာမည်လော?

  • 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 80 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲယား သည် ဂါဇာကို ပြန်လည်တည်ဆောက်ရေးတွင် တာဝန်ပေးအပ်ခံရမည့် အဖွဲ့အစည်း၏ အကြီးအကဲ ဖြစ်လာနိုင်ဖွယ်ရှိနေသောကြောင့် နိုင်ငံတကာ၏အာရုံစိုက်အရေးထားမှုထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ဘလဲယားသည် ၁၀ ဒေါင်းနင်းလမ်း (ဝန်ကြီးချုပ်အိမ်တော်) တွင်
နိုင်ငံတကာသတင်း ဥရောပ

ဥရောပ ရင်ဆိုင်နေရသော ‘ရောစပ်စစ်ပွဲ’ (hybrid war ) သည် ပူတင်အတွက် လက်ဆောင်တစ်ခုဖြစ်သော်လည်း စွန့်စားရမှုများလည်း ရှိနေသည်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 27 ရက်
  • 205 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်သေနတ်တစ်ချက်မှ မဖောက်ဘဲ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ယူကရိန်းစစ်ပွဲ၏ ပဋိပက္ခဒဏ်ကို မခံစားရသေးသော ဥရောပသား သန်းပေါင်းများစွာထံသို့ ဆောင်ကျဉ်းပေးပို့နိုင်ခဲ့သည်။၎င်းသည် ပေါက်ကွဲမှုများနှင့် မစတင်သော်လည်း တဝီဝီကြောက်စရာအသံများနှင့် စတင်ခဲ့သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းသမတဗလိုဒီမာဇလန်းစကီးကုလသမဂ္ဂအထွေထွေညီလာခံတွင်ပြောကြားသည့်မိန့်ခွန်းကောက်နှုတ်ချက်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 27 ရက်
  • 190 Views
၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၂၆ရက် “ခေါင်းဆောင်များ၊ တို့မိတ်ဆွေများခင်ဗျား၊ ထို့အပြင် ကျွန်တော်တို့လိုအပ်သကဲ့သို့ အခွင့်အရေး၊ လုံခြုံမှု၊ ငြိမ်းချမ်းရေးကိုလိုချင်တဲ့အတွက် မိတ်ဆွေဖြစ်နိုင်သူအားလုံးကို နှုတ်ခွန်းဆက်ပါတယ်။” “ယနေ့ကာလတွင် ကျွန်တော်တို့ကိုယ်တိုင်အပြင်ကျွန်တော်တို့ရဲ့အင်အားကြီးတဲ့မဟာမိတ်များ မှလွဲ၍ တစ်ဦးတစ်ယောက်ကမှ ကျွန်တော်တို့ လုံခြုံရေးကို အာမခံချက်ပေးနိုင်မည်မဟုတ်ပါ။ အာမခံပေးနိုင်မည့်အရာများမှာ —
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် ဥရောပ

ပြင်သစ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုပြီးနောက် ထရန့် ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 271 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၃ရက် ပြင်သစ်နိုင်ငံသည် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုလိုက်ပြီး၊ ဤသို့ဆောင်ရွက်သည့် နိုင်ငံများလှိုင်းထဲတွင် နောက်ဆုံးပါဝင်လာသည့်နိုင်ငံ ဖြစ်လာသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က “ ငြိမ်းချမ်းရေး အတွက် အချိန်ကျပြီ”
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အစိုးရအဆောက်အအုံကို ထိမှန်သည့် ရုရှားဒုံးကျည်တွင် အမေရိကန်နှင့် ဥရောပလုပ် အစိတ်အပိုင်းများ အပြည့်ပါဝင်ဟု ယူကရိန်းပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 382 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက် တနင်္ဂနွေနေ့က ကိဗ်မြို့လယ်ရှိ အစိုးရအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သည့် ရုရှား ခရုစ်ဒုံးကျည်တစ်စင်းတွင် အမေရိကန်နိုင်ငံလုပ် ချစ်ပ်ပြားများနှင့် အခြားအီလက်ထရောနစ် အစိတ်အပိုင်းများ အပါအဝင် နိုင်ငံခြားလုပ် အစိတ်အပိုင်း ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့ကြောင်း ယူကရိန်းအရာရှိများက အင်္ဂါနေ့တွင်