နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

ဥရောပ

ဥရောပ

တူရကီတွင် မဂ္ဂနီကျူ ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်

ဖေဖော်ဝါရီ ၆ ရက် (တနင်္လာနေ့) မြန်မာစံတော်ချိန် ၇ နာရီ ၄၇ မိနစ်ခန့်တွင် တူရကီနိုင်ငံ၌ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ငလျင်ဗဟိုချက်မှာ တူရကီအရှေ့အလယ်ပိုင်းတွင် ဖြစ်ပြီး ငလျင်၏ ပြင်းအားမှာ မဂ္ဂနီကျူ ၇.၈ ရှိသည်ဟု သိရှိရသည်။

ငလျင်ဗဟိုချက်သည် ကုန်းတွင်းပိုင်းဟု ယူဆရပြီး ငလျင်ဗဟိုချက်အနီးတွင် အားပြင်း ငလျင်များ လှုပ်ခတ်သွားခဲ့သည်။ ဤငလျင်ကြောင့် ငလျင်ဗဟိုချက်အနီး၌ ပင်လယ်ရေမျက်နှာပြင် အမြင့်ဆုံးပြောင်းလဲမှု ၀.၁၃ မီတာ တွေ့ရှိခဲ့ရသည်။

အဆိုပါငလျင်သည် တူရကီအရှေ့တောင်ပိုင်းရှိ အရှေ့အနာတိုလီယန် ပြတ်ရွေ့အနီးတွင် ဖြစ်ပွားခဲ့သည်ဟု ယူဆရသည်။ အရှေ့ အနာတိုလီယန် ပြတ်ရွေ့သည် အာရေဗျနှင့် အနာတိုလီယန် Plate အကြား နယ်နိမိတ်တွင် တည်ရှိသော ပြတ်ရွေ့တစ်ခုဖြစ်သည်။

တူရကီသည် ပြတ်ရွေ့ကြော အများအပြား ရှိပြီး မကြာခဏ ငလျင်ကြီးများ လှုပ်ခတ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်း၊ မြောက်အနာတိုလီယန် ပြတ်ရွေ့တွင် ကြီးစွာသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့် ငလျင်အများအပြား လှုပ်ခတ်ခဲ့ပြီးသည်။

ငလျင်ဗဟိုချက်သည် အတိမ်ပိုင်းငလျင်ဟု ယူဆရပြီး ငလျင်ဗဟိုချက်တဝိုက်တွင် ပြင်းထန်သော လှုပ်ခတ်မှုကြောင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်းကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိကြောင်း တူရကီပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။ ယင်းငလျင်ကြောင့် ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများတွင်လည်း ငလျင်လှုပ်ခတ်မှုကို ခံစားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းအရ တူရကီနှင့် ဆီရီးယားနိုင်ငံများတွင် ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၁၀၀ ခန့်သေဆုံးပြီး သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

ဓာတ်ပုံ။ အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 43 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 180 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 202 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 195 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 212 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်