နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မဲဆောက်တွင် ဆေးလာကုသည့် PDF ရဲဘော်သုံးဦးကို ထိုင်းကဖမ်းဆီးပြီး BGF မှတဆင့် စစ်ကောင်စီဘက်ကို ပြန်ပို့

မဲဆောက်တွင် ဆေးလာကုတဲ့ PDF ရဲဘော်သုံးဦးကို ထိုင်းက ဖမ်းဆီးလိုက်ပြီး BGF ဆီကို ပြန်လည်ပို့ဆောင်လိုက်တဲ့အတွက် လက်ရှိ စစ်ကောင်စီထံတွင် ဖမ်းဆီးခံနေရကြောင်း မဲဆောက်အခြေစိုက် သတင်းထောက်ဆီက သိရှိရပါတယ်။

အဲ့ဒီရဲဘော်သုံးဦးဟာ ဧပြီလ (၁) ရက်နေ့မှာ ဒဏ်ရာရလို့ မဲဆောက်ကို ဆေးခန်းသွားပြတဲ့အချိန် လမ်းမှားပြီး ဘန်ကောက်သွားတဲ့လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို ရောက်သွားတဲ့အတွက် ထိုင်းလူဝင်မှုကြီးကြပ်ရေး (လဝက) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့် အဲ့ဒီလို ဖမ်ဆီးခံရရင် KNU တာဝန်ရှိသူတွေက ထိုင်းဘက်နဲ့ညှိပြီး ပြန်လည်ထုတ်ယူလေ့ရှိပါတယ်။ ထိုင်းဘက်ကို လာဘ်ထိုးရင် ဖမ်ဆီးခံရသူတွေကို မြန်မာဘက်အခြမ်းကို ပြန်ပို့တဲ့နေရာမှာ စောင့်ယူရွေးထုတ်ယူလို့ ရတယ်လို့ သိရှိရပါတယ်။

ဒီတခါ KNU တာဝန်ရှိသူတွေက ထိုင်းဘက်နဲ့ညှိတဲ့အခါ နောက်နေ့မှာ ပြန်လာဖို့ ပြောပေမယ့် ပြန်သွားတဲ့အခါ မြန်မာဘက်အခြမ်းကို ပြန်ပို့လိုက်ပြီဆိုတာကို သိလိုက်ရပြီး ပြန်ပို့တဲ့ဘက်က မြန်မာဘက်ခြမ်း အင်ကြင်းမြိုင် BGF ဂိတ်နားမှာလို့ သိရှိရပါတယ်။

ထိုင်းလ၀က ဖမ်းဆီးပြီး BGF ဂိတ်ကို ဧပြီ ၄ ရက်နေ့မှာ ပြန်ပို့တာခံလိုက်ရတဲ့ PDF ရဲဘော်တွေက ကိုသီဟ (၃၈ နှစ်)၊ ကိုထက်နေဝန်း (၃၁ နှစ်)၊ စောဖြိုးလေး (၂၆) နှစ်တို့ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာဘက်က အင်ကြာင်းမြိုင် BGF ဂိတ်အနားမှာ ထွက်ပြေးဖို့ ကြိုးစားလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရပြီး ဒဏ်ရာရတဲ့သူတွေကို BGF က စစ်ကောင်စီ လက်ထဲအပ်လိုက်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ အခြေအနေကို စုံစမ်းနေပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဒီရက်ပိုင်းအတွင်း ထိုင်းရဲနဲ့ လဝကက မြန်မာတွေကို အဖမ်းအဆီးများ ပြုလုပ်လာပြီး ဖမ်းဆီးခံရသူတွေကို မြန်မာပြည် BGF ဂိတ်ကို ပြန်လည်ပို့ဆောင်နေတယ်လို့ သိရှိရပါတယ်။ ထိုင်းနိုင်ငံက ရဲနဲ့ လဝကများဟာ မြန်မာတွေဆီက ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေးတာတွေ ရှိပေမယ့် တောင်းတဲ့ပိုက်ဆံ ပမာဏက များလာတယ်လို့ မဲဆောက်မှာ နေထိုင်ပြီး ရဲအဖမ်းခံရဖူးတဲ့သူတွေက ပြောပါတယ်။ အထူးသဖြင့် ထိုင်းရဲနဲ့ လဝကတွေဟာ မြန်မာတွေ အများဆုံးသွားတတ်တဲ့ နိူက်ကလပ်တွေ၊ ကေတီဗီတွေနားမှာ အရပ်ဝတ်နဲ့ စောင့်ဖမ်းတာတွေလည်း လုပ်နေတယ်လို့ မဲဆောက်အခြေစိုက် သတင်းထောက်က ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲ၊ ထိုင်းလဝက အပြင် မြန်မာဘက်ခြမ်းက အရပ်ဝတ်ရဲနဲ့ ထောက်လှမ်းရေးများလည်း ရှိတဲ့အတွက် မဲဆောက်မြို့မှာ နေထိုင်သူများ သတိထားသွားလာဖို့နဲ့ မလိုအပ်ရင် အပြင်မထွက်ကြဘဲ လုံခြုံရေးကို သတိထားဖို့ လိုတယ်လို့ သတင်းထောက်က ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ဗိုလ်မှူးတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 20 Views
မတ်လ (၂၅)ရက်။ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူတဦး AA ရဲ့ စနိုက်ပါထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

သင်္ကြန်ကာလ စက်သုံးဆီချွေတာနိုင်ဖို လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်မယ်ဆိုပြီး မင်းအောင်လှိုင်ပြော

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 12 Views
မတ်လ (၂၅)ရက်။ သင်္ကြန်ကာလထဲ စက်သုံးဆီ အများအပြားမသုံးစေဖို လမ်းလျှောက်သင်္ကြန်အနေနဲ့ သတ်မှတ်ကျင်းပဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က စက်သုံးဆီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို
မြန်မာသတင်း

ယောဒေသရှိ YDF တပ်စခန်းတွေကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 17 Views
မတ်လ (၂၅)ရက်။ ပြီးခဲ့တဲ့နဗစ်ဆန်းပိုင်းကစပြီး ယောဒေသထဲရှိ ယောကာကွယ်ရေးတပ်(YDF)ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ခုနှစ် ဇန်နဝါရီလကုန်ပိုင်းကစပြီး အခုလ (၂၄)ရက်နေ့အထိ ယောဒေသထဲက YDF ရဲ့ တပ်စခန်းတွေကို စစ်ကော်မရှင်က
မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ရပ်နေရင်း၊ နယ်စပ်တွင် တပ်ဖွဲ့ဝင်များ စုရုံးထားသော်လည်း ရုရှားက
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 42 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့ ချင်းပြည်နယ်ထဲ လက်လွှတ်ဆုံးရှုးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ကာလလို ဆိုပါတယ်။ ဒီလို
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 37 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 31 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့