နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

PLA က ပြည်သူတဦးကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်ခဲ့တယ်လို့ MOD ထုတ်ပြန်

ဇွန်လ (၂၃)ရက်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ဟာ ပြည်သူတဦးကို ဖမ်းဆီးပြီး သတ်ပစ်မယ်ဆိုကာ ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မေလ (၂၆)ရက်နေ့က ဝဲလောင်းရွာနေ ဦးသန်း(အမည်လွှဲ)ဆိုသူက PLA က ဖမ်းဆီးခဲ့ပြီး ကား(၁)စီး၊ ဆိုင်ကယ်(၂)စီး၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ဘွဲလက်မှတ်တွေနဲ့ ငွေ(၁၀)သိန်းကျပ်ကို ယူဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

PLA ဖမ်းဆီးခဲ့တဲ့ ဦးသန်းဆိုသူဟာ သတင်းပေးဒလန်မဟုတ်ဘဲ ကားသမားတဦးသာဖြစ်ပြီး ဇွန်လ (၁၈)ရက်မှာတော့ ငွေကျပ်သိန်း(၂၀၀၀)မပေးရင် သတ်ပစ်မယ်ဆိုကာ ဇနီးဖြစ်သူဆီ ခြိမ်းခြောက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဇနီးဖြစ်သူဟာ တောင်သာမြို့နယ်ပလဖရုံးကို ဆက်သွယ်အကူအညီတောင်းလာခဲ့ရာ (၇)ရက်အတွင်း ပြန်လွှတ်ပေးဖို့နဲ့ သိမ်းဆည်းထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ကာယကံရှင်ဆီ ပြန်ပေးဖို့ ပြောဆိုခဲ့ပေမယ့် PLA ဘက်က ပြန်မလွှတ်နိုင်ဘူးဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါပေမယ့် မနေ့က နေ့လယ်ပိုင်းမှာတော့ ဦးသန်းကို ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်နေတာကို တွေ့ရှိခဲ့ပြီး ပစ္စည်းတွေကိုတော့ ပြန်အပ်နှံတာမရှိဘူးလို့ ဆိုထားပါတယ်။

PDF ရဲဘော်တွေဟာ ပြန်တွေ့ခဲ့တဲ့ ဦးသန်းကို ကယ်ဆယ်ကုသတာတွေ ပြုလုပ်ပေးပြီး မြို့နယ်ပလဖနဲ့ ပကဖဆီ အပ်နှံပြီး ‌နေထိုင်တာမရှိတဲ့ PLA စခန်းတွေကို ဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီလိုဝင်ရောက်ရာမှာ PLA ရဲဘော်တွေအိပ်တဲ့ အိပ်ဆောင်နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းတွေ ထောင်ထားခဲ့တာကြောင့် PDF ရဲဘော် (၄)ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

NUG စိုးမိုးနယ်မြေထဲ ပြည်သူကို ခြိမ်းခြောက်ငွေညှစ်တာအပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေမှာ ထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ်တွေကြောင့် ခရိုင်ထဲ နေထိုင်ရင် တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ ပြောဆိုခဲ့တာပါ။

PLA ဘက်ကတော့ ဖမ်းဆီးခဲ့တဲ့သူဟာ ဝဲလောင်တဝိုက် PLA နဲ့ PDF အပါအဝင် တေယ်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားတာတွေကို ဝဲလောင်စခန်းမှူးဆီ ပုံမှန်သတင်းပို့နေသူဖြစ်တယ်ဆိုတာ ဝန်ခံထွက်ဆိုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် PLA အနေနဲ့ NUG နဲ့ အကောင်းဆုံး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေကာ ဖိအားပေးခြိမ်းခြောက်တာနဲ့ တပ်စခန်းတွေ ဝင်ရောက်စီးနင်းတာတွေကို ပြင်းထန်စွာရှုတ်ချထားပါတယ်။

PLA အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာလိုတဲ့ မူကိုသာ ဆက်လက်ကိုင်စွဲထားတယ်လို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 88 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို