နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ 7July မမေ့ကြနဲ့ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်


ယနေ့မှကျရောက်တဲ့ 7July အောက်မေ့ဖွယ်အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ နေရာအချို့မှာ စစ်အာဏာရှင်ကြောင့် သွေးစွန်းခဲ့ရတဲ့ ဆဲဗင်းဂျူလိုင် အရေးအခင်းကို မမေ့ကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY)က လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


“၇-၇-၆၂ မမေ့ကြနဲ့ စကားဟာ ၁၉၆၂ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ မြောင်းမြက တက္ကသိုလ်ကျောင်းသား ကိုကျော်ဝင်းက သူ့ရဲ့ ခန္တာကိုယ်က ထွက်တဲ့ သွေးနဲ့ရေးခဲ့တဲ့စာပါ။ တကယ်ကို သွေးနဲ့ရေးခဲ့တဲ့ သွေးစွန့်တဲ့စာပါ”လို့ AJAY အဖွဲ့က ဆိုပါတယ်။

ယနေ့ လှုပ်ရှားမှု ဓါတ်ပုံတွေဟာ ရန်ကုန်တော်လှန်လူငယ်အဖွဲ့များက ၇.၇.၆၂ မမေ့ကြဖို့ ပြည်သူအများကို နှိုးဆော်ဆန္ဒထုတ်ဖော်ပြနေတဲ့ ပုံတွေဖြစ်ကြောင်းနဲ့ သမဂ္ဂအဆောက်အဦကို ဖြိုခွဲဖျက်ဆီးခဲ့ပေမယ့် လူငယ်တို့ရဲ့ နိုးကြားတဲ့ သမဂ္ဂစိတ်ဓါတ်ကိုတော့ ဘယ်အာဏာရှင်အဆက်ဆက်ကမှ ဖြိုခွဲလို့မရခဲ့သလို နောက်လည်းရမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
“ဒီနေ့ ဒီရက်မှာ စစ်အစိုးရအဆက်ဆက်က သူတို့ရဲ့ သွေးဆာ ယုတ်မာ အာဏာမက်ပြီး ဆောင်ရွက်ခဲ့သမျှကို ပြည်သူတွေ အမှတ်ရမှာ တွေးကြောက်တယ်။ ရှောင်ဖယ်ဖို့ကြိုးစားတယ်။ ဖုံးကွယ်ဖို့ ကြိုးစားတယ်။ ထိရင်ချတဲ့ ဖိရင်ကြွတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ ဖုံးကွယ်ဖို့ကြိုးစားတဲ့ စစ်ကောင်စီလက်ပါးစေတွေကို ရှောင်ရှားပြီး မရရတဲ့နည်းနဲ့ ဆန္ဒကို ထုတ်ဖော်ပြနေမှာပါပဲ”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နေဝင်းရဲ့ မဆလအစိုးရက ရန်ကုန်တက္ကသိုလ်ရဲ့ စည်းကမ်းတွေကို စိတ်ကြိုက်ပြင်ဆင်သတ်မှတ် တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီကို အာဏာသိမ်း မတရားမှုကို ဆန့်ကျင်ဆန္ဒပြသည့်  တက္ကသိုလ် ကျောင်းသားများကို တက္ကသိုလ်မြေအတွင်း စစ်ဆင်ရေးတစ်ရပ်ကဲ့သို ချေမှုန်းပြခဲ့ကြောင်းနဲ့ စစ်မြေပြင်မှာတောင် မသုံးဖူးသေးဆဲ့ မောင်းပြန်ရိုင်ဖယ်အသစ်တွေကို ကျောင်းသားတွေဆန္ဒပြနေရာမှ အစမ်းသပ်ခံ သတ္တဝါတွေလို အသုံးခဲ့ကာ အသက်မသေ ဒဏ်ရာနဲ့  ကျောင်းသားတွေခိုအောင်းနေသည့် သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုပြခဲ့သလို ပြည်သူတွေကို ဓားဓားချင်း လှံလှံချင်းယှဥ်မယ်လို့ တိုင်းသိပြည်သိ ကမ္ဘာသိ ရုပ်မြင်သံကြားမှတစ်ဆင့် စစ်ကြေညာပြခဲ့တယ်လို့  စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon – AJAY က ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 38 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 42 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 45 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 43 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 46 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 35 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်