နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မန္တလေးက PDF ရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့နေအိမ်ရှေ့မှာ သပိတ်လှုပ်ရှားမှုပြုလုက်ခဲ့

ဒီဇင်ဘာလ (၇)။

ဒီကနေ့ မန္တလေးမှာ ပြည်သူ့မြို့ပြတော်လှန်ရေးရဲဘော်တွေကို RPG နဲ့ ပစ်ခတ်ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ (၁၁၁)လမ်း (၅၁)လမ်းထောင့်က နေအိမ်ရှေ့မှာ သပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီနေအိမ်ရှေ့မှာ အသက်ပေးဘ၀ပေး စတေးခဲ့ကြတဲ့ ဓမ္မသူရဲကောင်းတွေကို အမှတ်ရတဲ့အနေနဲ့ “ အမေ့လျော့ခံသူရဲကောင်းတွေအတွက် ဆက်လက်တိုက်ပွဲ၀င်ကြ” စာတန်းပါစာသားကို ချိတ်ဆွဲခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ အမျိုးသားနေ့ကို ရည်ရွယ်ပြီး ရွှေပြည်စိုးစစ်ဆင်ရေးကို ထောက်ခံကြိုဆိုတဲ့ လှုပ်ရှားမှုကိုလည်း သပိတ်အင်အားစု‌တွေက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူဟာ မတရားတာမှန်သမျှကို ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြပြီး (၂၀၂၁)ခုနှစ်မှာ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးဖက် မတရားအဓမ္မ အာဏာလုယူခဲ့တဲ့အချိန်မှာလည်း ပြည်သူတစ်ရပ်လုံးဟာ တရားမျှတမှုအတွက် အသက်ပေးဘ၀ပေး စတေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

သပိတ်အင်အားစုတွေက “ သမိုင်းပြောင်သည့်အမျိုးသားနေ့တို့များဘယ်မနေ့” ၊ “ ဘူးဆိုဖရုံမသီးတော်လှန်စည်ကြီးဆက်ကာတီး” ၊ “ စနစ်ဆိုးထဲကကုန်စျေးနှုန်းလူထုအားနဲ့ဆက်ကာရုန်း” နဲ့ “ အကျဥ်းကျနိုင်ငံမှာ အလံနီဟာ နယ်မြေတိုင်းစိုက်ထူရွတ်လွှင့်ရမည်” ဆိုတဲ့စာရွက်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 1 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 1 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်းအနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 1 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခမ်းအနားမှာ NUG အနေနဲ့ ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို
မြန်မာသတင်း

ပုဂံ ညောင်ဦးမြို့မှာ NUG လက်အောက်ခံ လက်နက်ကိုင်တစ်စုက လူသတ်ဓါးပြတိုက်မှုတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 3 Views
ဇန်နဝါရီလ (၁၉) ရက်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလပိုင်းကစပြီး ပုဂံ ညောင်ဦးမြို့နယ်က ဒေသခံဆိုင်ပိုင်ရှင်အချို့ကို လက်နက်ကိုင်လူတစ်စု လူသတ်ဓါးပြတိုက်ပြီး ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးကို သတင်းပို့ပြောပြချက်တွေအရ သိရပါတယ်။ “ ဒီဇင်ဘာလထဲကစပြီး ဒေသခံတွေနဲ့ ဆိုင်ပိုင်ရှင်အချို့ကို
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ နှုတ်ဆက်မိန့်ခွန်း ကောက်နှုတ်ချက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 12 Views
+++++++++++++++++++++++++++++ ကျွန်ုပ်ရဲ့ လေးစားအပ်သော အမေရိကန်များကို ဘဲဥပုံရုံးကနေကျွန်ုပ်ခင်ဗျားတို့ကို ဒီနေ့ည စကားပြောပါ့မယ်ဆိုတဲ့စကားနဲ့အစချီပြီး အမေရိကန်သမတကြီးဂျိုးဘိုင်ဒင်က အစပဏာမမှာ သူ့အနေနဲ့နောက်တက်လာမယ့်သမတထရန့်နဲ့ အခြေအတင် ဖြစ်ခဲ့မှုတွေ ရှိခဲ့လင့်ကစား အမေရိကန် ဒီမိုက‌ရေစီစနစ်ရဲ့ လေးစားထိုက်တဲ့အမူအကျင့်ကိုပြသတဲ့အနေနဲ့ သူဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ ရှုံးနိမ့်သွားခဲ့ပေမဲ့ သူ့အစိုးရက
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ကိုဗစ်ချေးငွေတွေကို သတိပေးစာနဲ့ ပြန်တောင်းဖို့ စစ်ကောင်စီ စီစဉ်နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ကိုဗစ်-၁၉ ချေးငွေတွေအနေနဲ့ ထုတ်ချေးပေးထားတာတွေကို ပြန်တောင်းဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်ကာ စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုဗစ်ချေးငွေတွေ ပြန်တောင်းဖို့ကို ဇန်နဝါရီလ (၁၆)ရက်နေ့က ကော်မတီအစည်းအဝေးတရပ် ခေါ်ယူပြီး စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီးက
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 10 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ