ဒီနေ့ မတ်လ (၇) ရက်နေ့တွင် ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါ က H3 ဒုံးပျံကို လွှတ်တင်ရာမှာ မအောင်မြင်ဘဲ လမ်းခုလတ်မှာ ဖောက်ခွဲဖျက်စီးခဲ့ရတဲ့အပေါ် “ ဒါဟာ စိတ်မကောင်းစရာပါ၊ ဒါပေမယ့် ဒါက အဆုံးမဟုတ်ပါဘူး။
အောင်မြင်မှုဆိုတာ ကျရှုံးမှုများစွာကို စုစည်းမှုမှုအပေါ် အခြေခံပါတယ်။ ပါဝင်ပတ်သက်သူအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို လေးစားပြီး သင်တို့ရဲ့ နောက်ထပ်စိန်ခေါ်မှုကို စောင့်မျှော်နေပါတယ်” လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ဖော်ပြခဲ့ပါတယ်။