နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

လက်တင်အမေရိက

လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင်

အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်လို့ လူ ၂၀၀၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအနောက်ခြမ်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဖဂန်ကြားဖြတ် တာလီဘန်အစိုးရက မနေ့က အောက်တိုဘာလ (၈) ရက်နေ့က ကြေညာလိုက်ပါတယ်။


အောက်တိုဘာလ (၇) ရက်နေ့ မနက် ၁၁ နာရီက ပြင်းအား မဂ္ဂနီကျူ (M) ၆.၃ ရှိတဲ့ ငလျင်ဟာ အနောက်ပိုင်း Herat ပြည်နယ်ရှိ Herat မြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာမှာ လှုပ်ခပ်ခဲ့ပါတယ်။ Herat ဟာ အာဖဂန်နစ္စတန်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ငလျင်ကြောင့် သေဆုံးသူဦးရေမှာ ၂,၀၅၃ ဦးရှိတယ်လို့ ဆိုပါတယ်။ လူပေါင်း ၁,၂၄၀ ကျော် ဒဏ်ရာရခဲ့ပြီး အိမ်ခြေ ၁,၃၂၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အသေအပျောက် အရေအတွက် ဒီထက် ပိုများလာဖွယ် ရှိပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ Herat ပြည်နယ်ကို ရောက်ရှိလာပြီး အစားအသောက်၊ ရေ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ ပေးပို့ထားကြောင်း အဲ့ဒီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

တုန်ခါမှုကို Herat ပြည်နယ်ရဲ့ အိမ်နီးချင်း Badghis နှင့် Farah ပြည်နယ်များတွင်လည်း ခံစားခဲ့ရပြီး နောက်ဆက်တွဲငလျင်များစွာကို တွေ့ရှိခဲ့ရသည်။

အာဖဂန်နစ္စတန်နိုင်ငံဟာ အရင်ကလည်း ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှု အများအပြားကို ကြုံတွေ့ခဲ့ရပြီး လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ရဖူးပါတယ်။ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး စီးပွားရေးနဲ့ ငတ်မွတ်မှုအကျပ်အတည်းကြားမှာ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်မှာ တာလီဘန် အာဏာရလာပြီး မငြိမ်မသက်မှုများကြားမှာ အမေရိကန်စစ်တပ်က နုတ်ထွက်ခဲ့ပြီး နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများစွာဟာလည်း အာဖဂန်နစ္စတန်ကနေ ဆုတ်ခွာသွားခဲ့ပါတယ်။

အာဖဂန်အိမ်ထောင်စုများရဲ့ သုံးပုံနှစ်ပုံဟာ လက်ရှိအချိန်မှာ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါသေးတယ်။ ဒီလို အခြေအနေတွေအောက်မှာ ငလျင်ကြောင့် ပျက်စီးမှုတွေကို ပြန်လည်ထူထောင်ဖို့ ပို၍ပင် ခက်ခဲလာပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 56 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 248 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 213 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အာကာသလက်နက်ပြိုင်ပွဲ ရပ်ဆိုင်းရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 245 Views
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) သည် အပြင်ဘက် အာကာသတွင် လက်နက်ပြိုင်ပွဲ ဖြစ်ပွားခြင်းမှ ကာကွယ်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အောင်မြင်စွာအတည်ပြု ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများအားလုံးကို နိုင်ငံတကာ အာကာသ ဆိုင်ရာ စာချုပ်များကို
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

အမေရိကန်နှင့် ဗင်နီဇွဲလား ပဋိပက္ခနှင့် ထရမ့်၏ စီမံကိန်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 287 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် လက်ရှိ အမေရိကန်ပြည်ထောင်စုနှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက် နေပြီး အဓိကအားဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှင့် ဗင်နီဇွဲလားအစိုးရ အပြောင်းအလဲ တို့နှင့် ဆက်နွှယ်နေပါသည်။ အမေရိကန်နှင့် ဗင်နီဇွဲလားအကြား
နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက အမေရိကန်

ဗင်နီဇွဲလားက အမေရိကန်၏ အကြီးဆုံး စစ်သင်္ဘော ရောက်ရှိလာချိန်တွင် စစ်တပ်၏ ‘လှုပ်ရှားမှုကိုကြီးမားသည့်အတိုင်းအတာဖြင့်တပ်လှန့်’ ထားကြောင်းကို ကြေညာခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 270 Views
CNN- ၂၀၂၅ခုနှစ်၊  နိုဝင်ဘာလ ၁၃ရက် ဗင်နီဇွဲလားနိုင်ငံက ကာရစ်ဘီယန်ပင်လယ်အတွင်း အမေရိကန် စစ်သင်္ဘောများနှင့် တပ်ဖွဲ့ဝင်များ တိုးချဲ့ချထားမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် စစ်ဘက်ဆိုင်ရာ အင်အား၊ လက်နက်များနှင့် စစ်ပစ္စည်းများကို “ အစုလိုက်အပြုံလိုက်ရွေ့ရှား စုရုံးလှုပ်ရှားမှုများ” ကို စတင်နေပြီဖြစ်ကြောင်း
နိုင်ငံတကာသတင်း လက်တင်အမေရိက

ဟာရီကိန်းမဲလီဆာ (Hurricane Melissa)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 294 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် ဟာရီကိန်းမဲလီဆာသည် ကာရစ်ဘီယံဒေသတွင် အလွန်ထင်ရှားပြီး ဆိုးရွားလှသည့် သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့သည်။ အဓိကအချက်အလက်နှင့် ထိခိုက်မှုများ အဆင့်နှင့် အင်အား: ဟာရီကိန်းမဲလီဆာသည် ဂျမေကာနိုင်ငံသို့ ကုန်းတွင်းဝင်ရောက်စဉ်တွင် အဆင့် ၅ (Category 5)
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 1.34K Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ