နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း မက္ကဆီကို လက်တင်အမေရိက

မက္ကဆီကိုကမူးယစ်ရာဇာ “အယ်မန်ချို”ကို သူ့ချစ်သူ၏ယုံကြည်ရသူနှင့် အမေရိကန် ထောက်လှန်ရေးအကူအညီပူးပေါင်းပြီးဘယ်လိုထောက်လှမ်းသုတ်သင်နိုင်ခဲ့သလဲ?

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်

မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံ၏ အလိုရှိဆုံး ဂိုဏ်းခေါင်းဆောင် နေမီစီယို အယ်မန်ချို အိုစီဂွေရာ ဆာဗားန်တေးစ်ကို တနင်္ဂနွေနေ့က အန္တရာယ်ကြီးမားသော စစ်ဆင်ရေးတစ်ခုအတွင်း အသေဖမ်းဆီးနိုင်ခဲ့ရာ၊ ယင်းဖြစ်ရပ်ကြောင့် အကြမ်းဖက်မှုနှင့် ရှုပ်ထွေးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အိုစီဂွေရာသည် သြဇာကြီးမားသော ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်းကို တည်ထောင်သူနှင့် ခေါင်းဆောင်ဖြစ်ပြီး၊ ယင်းဂိုဏ်းသည် မကြာသေးမီနှစ်များအတွင်း နယ်ပယ်ချဲ့ထွင်လာကာ အမေရိကန်သို့ မက်သဖက်တမင်းနှင့် ဖန်တနေးလ် (fentanyl) မူးယစ်ဆေးဝါးများ တင်သွင်း ရာတွင် အဓိကလက်သည်ဖြစ်လာသည်။

သမ္မတ ကလော်ဒီယာ ရှိန်းဘမ်း (Claudia Sheinbaum) အနေဖြင့် မူးယစ်ဆေးဝါး မှောင်ခို ကူးမှုကို နှိမ်နင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှ ဖိအားပေးမှုများ ကြုံတွေ့ နေရချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့ပြင် ဂိုဏ်းခေါင်းဆောင် အဖမ်းခံရပြီးနောက် အကြမ်းဖက်မှုများကြောင့် တုန်လှုပ်သွား ခဲ့ရသော ဂွာဒါလာဟာရာမြို့တွင် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အုပ်စုအဆင့်ပွဲစဉ် ၄ ပွဲကို လက်ခံကျင်းပရန် လအနည်းငယ်သာ လိုတော့ချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

စစ်ဆင်ရေးကို မည်သို့ ဆောင်ရွက်ခဲ့သနည်း

အိုစီဂွေရာကို နှစ်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ပြီးနောက်၊ မက္ကဆီကို တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုကြောက်မက်ဖွယ် ဂိုဏ်းခေါင်းဆောင် ပုန်းအောင်းနေသည့် နေရာနှင့် ပတ်သက်၍ ခိုင်မာသော သတင်းအချက်အလက်ကို ရရှိခဲ့သည်။

အိုစီဂွေရာ၏ ကွန်ရက်ကို စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ၎င်း၏ ပုန်းအောင်းရာနေရာသို့ ရောက်ရှိနိုင်မည့် အဓိကပုဂ္ဂိုလ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း၊ ထိုသူမှာ အိုစီဂွေရာ၏ ချစ်သူတစ်ဦး၏ “ယုံကြည်ရသူ” ဖြစ်ကြောင်း မက္ကဆီကို ကာကွယ်ရေးဝန်ကြီး ရီကာဒို ထရီဗီလာ ထရီဂျိုက ပြောကြားခဲ့သည်။

နောက်တစ်နေ့တွင် ထိုအမျိုးသမီးသည် တာပယ်ပါ (Tapalpa) မြို့အစွန်ရှိ အိုစီဂွေရာ၏ တည်းခိုခန်းဝင်းအတွင်းမှ ထွက်ခွာသွားသော်လည်း၊ ဂိုဏ်းခေါင်းဆောင်မှာမူ လုံခြုံရေး အစောင့်အရှောက်များနှင့်အတူ ကျန်ရစ်ခဲ့သည်။

မက္ကဆီကို အထူးတပ်ဖွဲ့ဝင်များနှင့် အမျိုးသားအစောင့်တပ်ဖွဲ့၏ အထူးတုံ့ပြန်ရေးအဖွဲ့တို့သည် ချက်ချင်းလှုပ်ရှားခဲ့ပြီး ၂၄ နာရီအတွင်း စီမံချက်ရေးဆွဲကာ ဝင်ရောက်စီးနင်းခဲ့သည်။ သံသယမဖြစ်စေရန်အတွက် ဟယ်လီကော်ပတာ အကူအညီ အနည်းငယ်သာယူ၍ မြေပြင် တပ်ဖွဲ့များဖြင့် အဓိက ဆောင်ရွက်ခဲ့ကြောင်း ထရီဗီလာက ဆိုသည်။

အမေရိကန်က ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခဲ့သော်လည်း မြေပြင်တပ်ဖွဲ့များ ပါဝင်ခြင်းမရှိကြောင်း ရှိန်းဘမ်းက ပြောကြားခဲ့သည်။ မက္ကဆီကိုတပ်ဖွဲ့များသည် ဝင်းကို ဝိုင်းရံပိတ်ဆို့ပြီး အတွင်းသို့ ချဉ်းကပ်ချိန်တွင် အိုစီဂွေရာ၏ လက်ထောက်များက စတင်ပစ်ခတ်ခဲ့သည်။

CNN ၏ စုံစမ်းမှုအရ အယ်လ်မန်ချို ပုန်းအောင်းနေသည့် နေရာမှာ တာပယ်ပါမြို့၏ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာရှိ ကာဘန်နပ်စ် လာလိုမာ(Cabañas La Loma) ဟုခေါ်သော အပန်းဖြေတည်းခိုခန်းဖြစ်ကြောင်း သိရသည်။ ထိုနေရာကို ဂျာလစ်စကိုဂိုဏ်း အား အကူအညီပေးမှုဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်များတွင် ပိတ်ဆို့အရေးယူထားဖူးသည်။

တိုက်ခိုက်မှုအတွင်း ဂိုဏ်းအဖွဲ့ဝင် ၈ ဦး သေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာရခဲ့သည်။ အိုစီဂွေရာနှင့် ၎င်း၏ လက်ထောက်အချို့သည် အနီးရှိ တောအုပ်အတွင်းသို့ ထွက်ပြေး ခဲ့သော်လည်း အထူးတပ်ဖွဲ့ဝင်များက နောက်ယောင်ခံလိုက်ကာ တောချုံထဲတွင် ပုန်းနေသော ၎င်းကို ဖမ်းဆီးရမိခဲ့သည်။

အိုစီဂွေရာနှင့် သက်တော်စောင့် ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ဂွာဒါလာဟာရာမြို့ရှိ ဆေးရုံသို့ ဟယ်လီကော်ပတာဖြင့် ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့သည်။ ဂိုဏ်းသားများ၏ လက်တုံ့ပြန်မှုကို စိုးရိမ်သဖြင့် ရုပ်အလောင်းများကို မက္ကဆီကိုစီးတီးသို့ ပြောင်းလဲသယ်ဆောင်ခဲ့ရသည်။

ရှိန်းဘမ်းသည် အဘယ်ကြောင့် ယခုမှ အရေးယူခဲ့သနည်း

ဤစစ်ဆင်ရေးသည် မက္ကဆီကိုအတွက် အရေးပါသော အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထရမ့်က နယ်စပ်ဖြတ်ကျော် ဝင်ရောက်စွက်ဖက်မည်ဟု ခြိမ်းခြောက်နေချိန်တွင် ရှိန်းဘမ်းအနေဖြင့် မူးယစ်ဂိုဏ်းများကို ပြတ်ပြတ်သားသား နှိမ်နင်းနေကြောင်း သက်သေပြရန် လိုအပ်နေသည်။

သို့သော် ကမ္ဘာ့ဖလား ကျင်းပရန် နီးကပ်နေချိန်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ ပေါ်ပေါက် လာခြင်းမှာ စွန့်စားမှုတစ်ခုလည်း ဖြစ်သည်။ “မက္ကဆီကိုအစိုးရဟာ တွက်ချက်မှုတစ်ခု လုပ်ခဲ့တာပါ။ သူ့ကိုဖမ်းဖို့ ဒီထက်ကောင်းတဲ့ အခွင့်အရေး မရှိတော့ဘူးလို့ ယူဆပုံရပါတယ်” ဟု México Evalúa အဖွဲ့မှ လုံခြုံရေးညှိနှိုင်းရေးမှူး အာမန်ဒို ဗားဂတ်စ်က CNN ကို ပြောကြားခဲ့သည်။

ဂိုဏ်းခေါင်းဆောင် သေဆုံးမှုကြောင့် ဂျာလစ်စကိုဂိုဏ်း အင်အားချည့်နဲ့သွားနိုင်ပြီး ဂိုဏ်း အတွင်း အာဏာလုပွဲများနှင့် အခြားဂိုဏ်းများက နယ်မြေလုယူမှုများ ဖြစ်လာနိုင်ကြောင်း ခွဲခြမ်းစိတ်ဖြာသူများက ခန့်မှန်းကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ အိုစီဂွေရာ၏ သေဆုံးမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတွက် အဓိပ္ပာယ်ရှိသော တိုးတက်မှုတစ်ခုအဖြစ် မြင်တွေ့ရရန် မက္ကဆီကိုက မျှော်လင့်နေမည်ဖြစ်သည်။

ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း (Jalisco New Generation Cartel) ၏ မူးယစ်ရာဇာ ခေါင်းဆောင်၊ “အယ်မန်ချို”(El Mencho)ဟု လူသိများသော နေမီစီယို အိုစီဂွေရာ (Nemesio Oseguera) သေဆုံးပြီးနောက်၊ တနင်္ဂနွေနေ့က မက္ကဆီကိုနိုင်ငံ၊ မိချိုအာကန်ပြည်နယ်၊ ကိုအင်ဇီယိုတွင် မီးရှို့ဖျက်ဆီးခံထားရသော မော်တော်ယာဉ်တစ်စီးဘေး၌ စစ်သားတစ်ဦး ကင်းစောင့်နေစဉ်။ (Armando Solis/AP) (ပုံ)

တနင်္ဂနွေနေ့က ဂျာလစ်စကို မျိုးဆက်သစ်ဂိုဏ်း ခေါင်းဆောင် “အယ်မန်ချို” ဟုလူသိများသော နေမီစီယို အိုစီဂွေရာ (Nemesio Oseguera) ကို မက္ကဆီကိုစစ်တပ်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သောနေရာ။ Anadolu/etty (ပုံ)

တနင်္ဂနွေနေ့က မက္ကဆီကိုနိုင်ငံ၊ Zapopan တွင် “El Mencho” ဟု လူသိများသော မက္ကဆီကန် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် Nemesio Oseguera ကို နှိမ်နင်းပြီးနောက် ယာဉ်များ မီးရှို့ခံရသည့် နေရာကို ရဲအရာရှိများက လုံခြုံရေးယူထားစဉ်။ Gilberto Gallo/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 85 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 84 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 84 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 99 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 93 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက