နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း

ထိပ်တိုက်တွေ့မယ့်အရေးကို ရှောင်ရှားဖို့ EU ကို ရှီကျင့်ဖျင်သတိပေး

+++++++++++++++++++

ဥရောပထိပ်တန်းခေါင်းဆောင်တွေအနေနဲ့ အချင်းချင်း ပြိုင်ဘက်လို မမြင်ဘဲ မတူညီတဲ့နိုင်ငံရေးစနစ်ကြောင့် ထိပ်တိုက်တွေ့ဆုံရမယ့် အရေးကို ရှောင်ရှားကြဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်-အီးယူညီလာခံမှာ အီးယူခေါင်းဆောင်တွေကို သတိပေးပြောကြားလိုက်ပါတယ်။

အီးယူထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်မှာ ရှီက မညီမျှတဲ့ ကုန်သွယ်ရေးစနစ်နဲ့ ယူကရိန်းကိစ္စတွေအထိ ထည့်သွင်းဆွေးနွေးခဲ့ပြီး အီးယူကို တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ စီးပွါးရေးအဓိက မိတ်ဖက်အဖြစ် သတ်မှတ်ကာ AI အပါအဝင် သိပ္ပံနဲ့နည်းပညာဆိုင်ရာ လုပ်ငန်းတွေမှာ ပူပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဘေဂျင်းမြို့မှာ ကျင်းပတဲ့ တရုတ်-အီးယူညီလာခံမှာ တရုတ်သမ္မတရှီကျင့်ဖျင်၊တရုတ်ဝန်ကြီးချုပ် လီချမ်းတို့နဲ့ အီးယူဥက္ကဌ ဗွန်ဒါလီယန်၊ ဥရောပကောင်စီဥက္ကဌ ချားလ်မစ်ရှယ်၊ အီးယူနိုင်ငံခြားရေးရာအကြီးအကဲ ဂျိုးဇက်ဘော်ရယ်တို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးမှာ ကြားဝင်စွက်ဖက်မှုတွေအားလုံးကို ဖယ်ရှားဖို့ကိုလည်း ရှီကျင့်ဖျင်က ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဆိုပါတယ်။

တရုတ်ဝန်ကြီးချုပ် လီချမ်းကလည်း မိမိတို့အနေနဲ့ စီးပွါးရေးနဲ့ ကုန်သွယ်ရေးရဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေး ၊လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ စျေးကွက်စီးပွါးရေး အခြေခံစံချိန်စံနှုန်းများကို ချိုးဖောက်တာကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကြာသပတေးနေ့ကတွေ့ဆုံမှုဟာ အီးယူခေါင်းဆောင်တွေအတွက် လာမယ့်နှစ် အီးယူပါလီမန်သစ်ရွေးကောက်ပွဲမတိုင်ခင် တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နောက်ဆုံးတွေ့ခွင့်ရတဲ့ အခွင့်အရေးဖြစ်ပါတယ်။

တရုတ်နဲ့ အီးယူနိုင်ငံတွေကြားဆက်ဆံရေးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုကတော့ အီတလီနိုင်ငံဟာ ရှီကျင့်ဖျင်ကိုယ်တိုင် ချပြထားတဲ့ ပိုးလမ်းမစီမံကိန်း ပဏာမခြေလှမ်းမှာ မပါဝင်တော့ကြောင်း တရုတ်အစိုးရထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်များဖြေလျော့ပြီးကတည်းက ကုန်သွယ်ရေးနဲ့ ရာသီဥတုဆိုင်ရာအကြီးအကဲတွေအပါအဝင် အီးယူကော်မရှင်နာတွေဟာ မကြာခဏဆိုသလို တရုတ်နိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြပေမယ့် တရုတ်နိုင်ငံနဲ့ အဓိက ပြဿနာရှိနေကြတဲ့ ဥရောပနိုင်ငံတွေနဲ့ဆက်ဆံရေးကတော့ ထင်သလောက်တိုးတက်လာခဲ့ခြင်းမရှိခဲ့ပါဘူး။

တရုတ်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်နေတဲ့ ရုရှားကို ဩဇာအာဏာသုံးပြီး တားဆီးပေးဖို့နဲ့ ဥရောပက ကုန်ပစ္စည်းတွေကို ရုရှားနိုင်ငံကို တင်ပို့ရောင်းချနေတဲ့ တရုတ်ကုမ္ပဏီတွေကို တားဆီးပေးဖို့ ဥရောပသမဂ္ဂက ဆန္ဒရှိနေကြတာပါ။ အီးယူဟာ တရုတ်နဲ့ ကုန်သွယ်မှု မညီမျှမှု၊ အီးယူရဲ့ စီးပွါးရေးလုပ်ငန်းတွေကို ပိတ်ပင်တားဆီးမှုကြောင့် ယူရိုငွေ ဘီလီယံ 400 နီးပါး လိုငွေပြမှုအပေါ်လည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။

အီးယူဟာ တရုတ်သွင်းကုန်ပစ္စည်းတွေကို ကန့်သတ်ပိတ်ပင်မှု၊ တရုတ် EV ကားတွေနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့မှု စုံစမ်းစစ်ဆေးခြင်းတွေကို ပြုလုပ်ခဲ့တာကြောင့် တရုတ်နိုင်ငံဘက်က ကန့်ကွက်ပြောဆိုထားပါတယ်။ တရုတ်ကားတွေအပေါ် စုံစမ်းစစ်ဆေးခြင်းဟာ ကမ္ဘာလုံးဆိုင်ရာမော်တော်ယာဉ်လုပ်ငန်းကွင်းဆက်ကို ကမောက်ကမဖြစ်စေသလို တရုတ်နဲ့ အီးယူနိုင်ငံတွေကြားက ကုန်သွယ်မှုဆက်ဆံရေးကိုလည်း ပျက်ပြားစေတယ်လို့ တရုတ်အစိုးရက ယုံကြည်နေတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 56 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 53 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အရှေ့အလယ်ပိုင်း

ကမ္ဘာကြီးက အစ္စရေးကို ‘ပါလက်စတိုင်းသားတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ဖို့ လိုင်စင်’ ပေးထားတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 60 Views
AFP – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက် ကမ္ဘာကြီးသည် အစ္စရေးကို “ ပါလက်စတိုင်းသားများကို နှိပ်စက်ညှဉ်းပန်းရန် လိုင်စင်” တစ်စောင် ပေးထားကြောင်းနှင့် သိမ်းပိုက်ခံနယ်မြေများအတွင်း နေထိုင်မှုဘဝမှာ “ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 58 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 66 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း