နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

ဂျပန်

ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

+++++++++++++++++++++

ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ

++++++++++++++++++

သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု သို့မဟုတ် တရုတ်ရေတပ်က စစ်သင်္ဘောများကို အသုံးပြုပြီးရေကြောင်းပိတ်ဆို့မှု ပြုလုပ်ပါက ဂျပန်နိုင်ငံအတွက် “နိုင်ငံ၏ရပ်တည်မှုကို ခြိမ်းခြောက်သော အခြေအနေ” ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဥပဒေအရ အကျိုးသက်ရောက်မှု။ ဂျပန်၏ ၂၀၁၅ ခုနှစ် လုံခြုံရေးဥပဒေအရ ” နိုင်ငံတည်ရှိမှုကို ခြိမ်းခြောက်သည့် အခြေအနေ” ဟု သတ်မှတ်ပါက၊ ဂျပန်ကာကွယ်ရေးတပ် (SDF) သည် စုပေါင်းကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို ကျင့်သုံးနိုင်သည်။ ဆိုလိုသည်မှာ ဂျပန်နိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ခြင်း မရှိသော်လည်း မဟာမိတ် (အဓိကအားဖြင့် အမေရိကန်) ကို ကာကွယ်ရန် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ပါသည်။

ဤသည်မှာ လက်ရှိဝန်ကြီးချုပ်တစ်ဦးက တိုင်ဝမ်ပဋိပက္ခကို ဂျပန်၏ ရပ်တည်ရေးနှင့် စစ်ရေးအရ ပါဝင်နိုင်ခြေကို ပထမဆုံးအကြိမ် ရှင်းလင်းစွာ ချိတ်ဆက်ပြောဆိုခြင်း ဖြစ်ပါသည်။

မှတ်ချက်။ ဝန်ကြီးချုပ်၏ ဤဖြေကြားချက်သည် တရုတ်၏ ထိုင်ဝမ်ကျူးကျော်မှုကို ဟန့်တားရာတွင် ထိရောက်မှုမရှိဟု မဆိုနိုင်သော်လည်း၊ အစိုးရတစ်ဖွဲ့လုံးအနေဖြင့် စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်ညှိနှိုင်းပြီးမှ ဖြေကြားခဲ့သည့် လက္ခဏာမျိုးကို မတွေ့ရှိရပေ။

နောက်ဆက်တွဲ။ ဝန်ကြီးချုပ် တာကာအီချိက ၎င်း၏မှတ်ချက်များသည် “အယူအဆအရသာ” ဖြစ်ကြောင်းနှင့် ပါလီမန်တွင် နောက်ထပ် ဆင်ခြင်ပြီး ပြောဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မှတ်ချက်များကို လုံးဝပြန်လည်ရုပ်သိမ်းရန် ငြင်းဆိုခဲ့သည်။

အခြေအတင် အမေးအဖြေများကြားမှ လွတ်ထွက်သွားသောဖြေကြားချက်

ယခုအချိန်အထိ ဂျပန်အစိုးရသည် “နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်သော အခြေအနေ” နှင့် ပတ်သက်၍ တိကျသော ဥပမာများကို မပြသဘဲ “ဘက်စုံခြုံငုံသုံးသပ်၍ ဆုံးဖြတ်မည်” ဟုသာ ဖြေကြားခဲ့သည်။ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ၇ ရက်နေ့တွင် ကျင်းပသော အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီတွင် “လက်တွေ့ဖြစ်ပေါ်လာသော အခြေအနေ၏ တစ်ခုချင်းစီအလိုက် တိကျသော အခြေအနေများအပေါ် မူတည်ပြီး၊ အစိုးရအနေဖြင့် သတင်းအချက်အလက်အားလုံးကို ခြုံငုံသုံးသပ်၍ ဆုံးဖြတ်သွားမည်” ဟု ပြောကြားခဲ့ပြီး၊ ယခင်အစိုးရအဆက်ဆက်၏ သဘောထားအတိုင်း လိုက်နာပြောဆိုခဲ့သည်။

သို့သော် Constitutional Democratic Party (CDP) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အိုကာဒါ ကာဆုယာ (Katsuya Okada) ၏ ဇွဲနဘဲဖြင့် အကြိမ်ကြိမ် ဖိအားပေး မေးခွန်းထုတ်မှုကို ခံရပြီးနောက် ဝန်ကြီးချုပ်သည် (မူလစည်းကိုကျော်၍) နက်နက်နဲနဲ ဖြေကြားမိခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ရေကြောင်းပိတ်ဆို့ပြီး၊ ယင်းကို ကြားဝင်ဖြေရှင်းသော အမေရိကန်စစ်တပ်က လက်နက်ကိုင် တိုက်ခိုက်ခံရမည့် အခြေအနေမျိုးဆိုလျှင် “နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်သော အခြေအနေ ဖြစ်လာနိုင်သည်” ဟု ဖြေကြားခဲ့သည်။ ထိုသို့ဖြေကြားရာတွင် ဝန်ကြီးချုပ်သည် လက်ထဲရှိ စာမူကို မကြည့်သလောက်ဖြစ်ပြီး “မိမိကိုယ်ပိုင်စကား” ဖြင့် ပြောဆိုနေပုံ ပေါက်ခဲ့သည်။ အစိုးရအရာရှိကြီးတစ်ဦးကမူ ဤသို့ ညည်းတွားခဲ့သည်။

“တိကျတဲ့ဥပမာပေးခြင်းဟာ မိမိတို့ရဲ့မဟာဗျူဟာကို ဖွင့်ချလိုက်သလို ဖြစ်စေတာကြောင့် အဲ့ဒီလို မပြောသင့်ပါဘူး။”

မည်သည့်အရာသည် နိုင်ငံ၏ ရပ်တည်မှုကို ခြိမ်းခြောက်သော အခြေအနေဖြစ်သည်ကို အတိအလင်း ပြသလိုက်ပါက၊ တရုတ်ဘက်မှ “ဒါဆိုရင် ဒီအချက်ကလွဲပြီး ကျန်တာတွေကို လုပ်လို့ရတာပေါ့” ဟု ယူဆသွားနိုင်သည်ကို ဆိုလိုခြင်းဖြစ်သည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက “အိုကာဒါ၏ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်မှုများကြားမှ ထွက်ပေါ်လာသော ဖြေကြားချက် ဖြစ်သည်” ဟု ပြန်ပြောင်းသုံးသပ်ခဲ့သည်။

ဝန်ကြီးချုပ်နှင့် နီးစပ်သူများကလည်း “ဝန်ကြီးချုပ်တွင် (စိတ်ပါလာလျှင်) မူလသတ်မှတ်ချက်ထက် ကျော်လွန်ပြောဆိုတတ်သော အကျင့်ရှိသည်ကို သိထားပြီးဖြစ်သည့်အတွက်၊ ရုံးအဖွဲ့က ပိုမို ပံ့ပိုးထိန်းကျောင်းပေးခဲ့သင့်သည်” ဟု နောင်တရစကား ဆိုကြသည်။

အစိုးရတာဝန်ရှိသူများ၏ စကားများကို ထောက်ချင့်ကြည့်လျှင် အစိုးရအတွင်း အကြိမ်ကြိမ် ညှိနှိုင်းပြင်ဆင်ပြီးမှ ဖြေကြားခြင်းမျိုးထက်၊ လွှတ်တော်တွင်း အချေအတင် ဆွေးနွေးမှု အရှိန်ကြောင့် စိတ်လိုက်မာန်ပါ တုံ့ပြန်ရင်း ရင်ထဲရှိ အစစ်အမှန် သဘောထား လွတ်ထွက်သွားခဲ့ခြင်း ဖြစ်ပုံရသည်။ ဝန်ကြီးချုပ်သည် ၁၀ ရက်နေ့တွင် ကျင်းပသော အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီတွင် “သီးခြားအခြေအနေ တစ်ခုကို ဥပမာပေး စဉ်းစားခြင်းနှင့် ပတ်သက်၍ ဤနေရာတွင် အတိအလင်း ပြောဆိုခြင်းကို ရှောင်ကြဉ်မည်” ဟု (ယခင်ပြောစကားကို) ပြန်လည် ပြင်ဆင်တည့်မတ်ခဲ့သည်။

တရုတ်၏ တုံ့ပြန်မှု

++++++++++

တရုတ်နိုင်ငံသည် တိုင်ဝမ်ကို ၎င်း၏ အဓိကပြည်တွင်းရေးကိစ္စအဖြစ် ရှုမြင်ပြီး နိုင်ငံခြားမှ စစ်ရေးဝင်ရောက်စွက်ဖက်မှုကို ကျူးကျော်မှုအဖြစ် မှတ်ယူသောကြောင့် ဤမှတ်ချက်များအပေါ် အလွန်ဒေါသထွက်ခဲ့သည်။

တရားဝင် ပြစ်တင်ရှုတ်ချမှု

++++++++++++

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုမှတ်ချက်များကို “မှားယွင်းပြီး အန္တရာယ်ရှိသော”အရာဖြစ်ကြောင်း နှင့် ၎င်း၏ပြည်တွင်းရေးကို “ရိုင်းစိုင်းစွာ ဝင်ရောက်စွက်ဖက်မှု” ဟု ခေါ်ဆိုကာ ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဝံ့ပါက “ပြတ်ပြတ်သားသား ပြန်လည်တိုက်ခိုက်မည်” ဟုလည်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သတိပေးခဲ့သည်။

သံတမန်ရေးရာ တင်းမာမှု

++++++++++++

နှစ်နိုင်ငံစလုံးသည် ကန့်ကွက်ရန်အတွက် တစ်ဦး၏ သံအမတ်ကို တစ်ဦးကပြန်၍ ခေါ်ယူခဲ့ကြသည်။

အစွန်းရောက် စကားလုံးများ။ တရုတ်နိုင်ငံ၊ အိုဆာကာမြို့ရှိ ကောင်စစ်ဝန်ချုပ် ဇူဂျန်း (Xue Jian) က လူမှုမီဒီယာပေါ်တွင် ဝန်ကြီးချုပ် တာကာအီချိကို ရည်ညွှန်းသော ရုပ်ပိုင်းဆိုင်ရာ ခေါင်းဖြတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် အငြင်းပွားဖွယ်ရာ ထုတ်ပြန်ချက်ကို တင်ခဲ့ပြီး (နောက်ပိုင်းတွင် ပြန်ဖျက်လိုက်သည်)၊ ယင်းက အငြင်းပွားမှုကို ပိုမိုပြင်းထန်စေခဲ့သည်။

စီးပွားရေး/လူမှုရေး ဖိအား

+++++++++++++++

တရုတ်နိုင်ငံသည် ၎င်း၏နိုင်ငံသားများအား ဂျပန်သို့ ခရီးသွား လာခြင်းမှ ရှောင်ကြဉ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဂျပန်ရောက် တရုတ်ကျောင်းသားများအား “အန္တရာယ်များကို ဂရုတစိုက် ဆန်းစစ်ရန်” တိုက်တွန်းခဲ့သည်၊ ဤလုပ်ရပ်သည် ဂျပန်၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေပြီး တရုတ်အလည်လာသူများ၏ ၅၀ ရာခိုင်နှုန်းက ခရီးစဥ်များကို ဖျက်ပစ်ခဲ့သည့်အတွက် ဂျပန်ခရီးသွားလုပ်ငန်းကို အထိနာ စေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက ဂျပန်သို့လာရောက်လည်ပတ်သည့် ခရီးသွားများတွင် တရုတ်နိုင်ငံသားများသည် ဒုတိယအများဆုံးဖြစ်သည်။ (ပထမအများဆုံးသည် ကိုရီးယားနိုင်ငံသားများဖြစ်သည်။) တရုတ်သည်ဂျပန်၏ ပင်လယ်စာဝယ်ယူမှုကိုလည်း ရပ်ဆိုင်းပစ်လိုက်သည့်အတွက်လည်း ဂျပန်ပင်လယ်စာလုပ်ငန်းများ အထိနာခဲ့သည်။

တရုတ်၏စစ်ရေးအချက်ပြမှု။ တရုတ်ကမ်းခြေစောင့်တပ်မှ သင်္ဘောအဖွဲ့သည် အငြင်းပွားနေသော ဆင်းကာကုကျွန်းစုများ အနီးတစ်ဝိုက် ရေပြင်ကို ဖြတ်သန်းခဲ့သည်။

ဂျပန်၏ တုံ့ပြန်မှုနှင့် လက်ရှိအခြေအနေ

+++++++++++++++++++

ဂျပန်သည် ဝန်ကြီးချုပ်၏ မှတ်ချက်အနှစ်သာရကို အပြည့်အဝ ပြန်လည်ရုပ်သိမ်းခြင်းမပြုဘဲ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေသည်။

တင်းမာမှု လျှော့ချရေး။ ဂျပန်သည် ဝန်ကြီးချုပ် တာကာအီချိ၏ မှတ်ချက်များသည် တိုင်ဝမ်အပေါ် ဂျပန်၏ လက်ရှိမူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း ရှင်းပြရန်အတွက် အကြီးတန်းအရာရှိ မာဆာအာကိ ကာနာအိ (Masaaki Kanai) ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။

ဆက်ဆံရေးကို အလေးပေးခြင်း။ ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက တရုတ်၏ လက်တုံ့ပြန်မှုများသည် ဝန်ကြီးချုပ် တာကာအီချိနှင့် သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံစဉ် သဘောတူထားသော “တည်ငြိမ်ပြီး အကျိုးရှိသော” ဆက်ဆံရေး တည်ဆောက်ရန်အတွက် သဘောတူညီချက်များနှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။

ဤကိစ္စသည် ဂျပန်က ၎င်း၏လုံခြုံရေးစိုးရိမ်မှုများကို မစွန့်လွှတ်ဘဲ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းနေသည့်အတွက် ပြင်းထန်သော သံတမန်ရေးရာတင်းမာမှုအဖြစ် ဆက်လက်တည်ရှိနေပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် သမုဒ္ဒရာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မာဆာအာကိ ကာနာအိ (Masaaki Kanai) သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန ညွှန်ကြားရေးမှူးချုပ် လူဂျင်းဆွန် (Liu Jinsong) နှင့် ဆွေးနွေးရန်အတွက် ပေကျင်းသို့ သွားရောက်ခဲ့ပါသည်။

ဂျပန်၏ ရည်ရွယ်ချက်နှင့် ရပ်တည်ချက်

+++++++++++++++++++++++

ကာနာအိ၏ အဓိကရည်မှန်းချက်မှာ တင်းမာမှုကို လျှော့ချရန် နှင့် ဝန်ကြီးချုပ်၏ အခြေခံကျသော မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းခြင်းမပြုဘဲ ဂျပန်၏ ရပ်တည်ချက်ကို ရှင်းပြရန် ဖြစ်သည်။

မူဝါဒ ရှင်းပြခြင်း။ ကာနိုင်းက ဝန်ကြီးချုပ် တာကာအိချိ၏ မှတ်ချက်များသည် တိုင်ဝမ်အရေး ပေါ်ပေါက်လာပါက ဂျပန်အတွက် “နိုင်ငံ၏ရပ်တည်မှုကို ခြိမ်းခြောက်သည့် အခြေအနေ” ဖြစ်နိုင်သည်ဟူသော မှတ်ချက်များသည် ဂျပန်အစိုးရ၏ တိုင်ဝမ်ဆိုင်ရာ ရေရှည်မူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း ထိန်းသိမ်းပြောဆိုခဲ့သည်။

ခြိမ်းခြောက်မှုကို ကန့်ကွက်ခြင်း။ ဂျပန်ဝန်ကြီးချုပ်၏ ခေါင်းဖြတ်ရန် အကြံပြုခဲ့သော တရုတ်နိုင်ငံ၊ အိုဆာကာမြို့ရှိ ကောင်စစ်ဝန်ချုပ် ဇူဂျန်း(Xue Jian) ၏ “အလွန်မသင့်လျော်သော” လူမှုမီဒီယာပို့စ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ထိုသံတမန်အပေါ် သင့်လျော်သော အရေးယူမှု ပြုလုပ်ရန် တရုတ်ကို တောင်းဆိုခဲ့သည်။

ဘေးကင်းရေးနှင့် ခရီးသွားလာရေး။ ဂျပန်၏ လုံခြုံရေးအခြေအနေ မယိုယွင်းသေးဘဲ နှစ်နိုင်ငံတည်ငြိမ်သော ဆက်ဆံရေးတည်ဆောက်ရန် ကြိုးပမ်းမှုများနှင့် မကိုက်ညီသော ကြောင့် ဂျပန်သို့ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန် ၎င်း၏နိုင်ငံသားများအား တရုတ်မှ ထုတ်ပြန်ထားသည့် အကြံပြုချက်ကို ရုပ်သိမ်းရန်လည်း ကာနာအိက တောင်းဆိုခဲ့သည်။

တရုတ်၏ တုံ့ပြန်မှုနှင့် ရလဒ်

++++++++++++++++

ဂျပန်၏ မစ်ရှင်အပေါ် တရုတ်၏ တုံ့ပြန်မှုမှာ တင်းမာပြီး အလျှော့မပေး ခဲ့သဖြင့် တင်းမာမှုများ လျော့ကျအောင် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ရှင်းလင်းစွာ မအောင်မြင်ခဲ့ပေ။

ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခြင်း။ လီယို ဂျင်းဆွန် ဦးဆောင်သော တရုတ်ဘက်က ဂျပန်၏ ရှင်းလင်းချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ၎င်းတို့က တစ်ဖန် “အလေးအနက် ကန့်ကွက်” ခဲ့ပြီး ဝန်ကြီးချုပ် တာကာအိချိအား သူမ၏ “မှားယွင်းသော မှတ်ချက်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းရန်၊” နောင်တရရန်နှင့် တရုတ်ပြည်သူများကို “ရှင်းလင်းပြီး စိတ်ကျေနပ်ဖွယ်အဖြေ” ပေးရန် တောင်းဆိုခဲ့သည်။

ကျေနပ်မှုမရှိခြင်း

+++++++++++

လူဂျင်းဆွန်က အဆိုပါ အစည်းအဝေး၏ ရလဒ်အပေါ် “စိတ်ကျေနပ်မှုမရှိ” ကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ပြီး တာကာအီချိ၏ မှတ်ချက်များသည် တရုတ်-ဂျပန် ဆက်ဆံရေး၏ နိုင်ငံရေးအုတ်မြစ်ကို အခြေခံကျကျ ထိခိုက်စေကြောင်း အလေးပေး ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှု။ ဂျပန်၏ မှတ်ချက်များသည် နိုင်ငံတကာဥပဒေနှင့် “တရုတ်တစ်ပြည်” မူဝါဒ ကို ပြင်းထန်စွာ ချိုးဖောက်သည်ဟု တရုတ်က ဆက်လက်၍ အခိုင်အမာ ပြောဆိုခဲ့ပြီး၊ မှတ်ချက်များကို ပြန်လည်ရုပ်သိမ်းခြင်း မရှိသရွေ့ ခရီးသွားလာရေး သတိပေးချက်များ အပါအဝင် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဆက်လက်တည်ရှိနေမည်ဟု အရိပ်အမြွက်ပြခဲ့သည်။

အနှစ်ချုပ်အားဖြင့်၊ ဂျပန်၏မစ်ရှင်သည် တင်းမာမှုလျှော့ချရေး ရည်မှန်းချက်ကို အောင်မြင်ခဲ့ခြင်း မရှိပါ။ တရုတ်၏ အဓိကတောင်းဆိုချက်မှာ ဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ဖြစ်သော်လည်း ဂျပန်က ထိုသို့ လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း လူသိရှင်ကြား ပြောကြားထားသည်။ ထို့ကြောင့် သံတမန်ရေးရာပြဿနာသည် နှစ်နိုင်ငံဆက်ဆံရေး၊ ခရီးသွားလာရေးနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအပေါ် ဆက်လက်ဖိစီးနေပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက