နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်

သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာခဲ့သည်။

ထရမ့်သည် အဆိုပါ လက်မှတ်ရေးထိုးမှုကို ၎င်း၏ လူမှုမီဒီယာပေါ်တွင် ရှည်လျားစွာ ရေးသားဖော်ပြခဲ့ပြီး၊ ဖိုင်များ ထုတ်ပြန်ခြင်းကို ၎င်းက ကွန်ဂရက်မှတစ်ဆင့် တွန်းအား ပေးခဲ့သည့် ပွင့်လင်းမြင်သာမှု ကြိုးပမ်းမှုအဖြစ် ပုံဖော်ကာ၊ အက်ပ်စတိုင်းနှင့် ဆက်နွှယ်မှု ရှိခဲ့ဖူးသည့် ဒီမိုကရက်များကိုလည်း ဝေဖန်ရန် ဤအချိန်အခါကို အသုံးပြုခဲ့သည်။

“၂၀၁၉ ခုနှစ်မှာ ထရမ့်ရဲ့ တရားရေးဝန်ကြီးဌာနက တရားစွဲဆိုခဲ့တဲ့ ဒီမိုကရက်မဟုတ်တဲ့ ဂျက်ဖရီ အက်ပ်စတိုင်းကိုထရမ့်က “သူဟာ တစ်သက်လုံး ဒီမိုကရက်တစ်ဦးဖြစ်ပြီး၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေကို ထောင်ပေါင်းများစွာသော ဒေါ်လာတွေ လှူဒါန်းခဲ့သလို၊ လူသိများတဲ့ ဒီမိုကရက် ခေါင်းဆောင်များစွာနဲ့လည်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်ခဲ့သူ ဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social ပို့စ်တွင် ပြောကြားခဲ့ပြီး၊ အက်ပ်စတိုင်း၏ ယခင်သမ္မတ ဘီလ် ကလင်တန်၊ ဘဏ္ဍာရေးဝန်ကြီးဟောင်း လာရီ ဆမ်းမားစ်၊ LinkedIn ပူးတွဲတည်ထောင်သူ ရိဒ် ဟော့ဖ်မန်း အပါအဝင် အခြားသူများနှင့် အတိတ်က ဆက်နွှယ်မှု များကိုလည်း ဖော်ပြခဲ့သည်။

“ဒီ ဒီမိုကရက်တွေနဲ့ သူတို့ရဲ့ ဂျက်ဖရီ အက်ပ်စတိုင်းနဲ့ ဆက်နွှယ်မှုတွေရဲ့ အမှန်တရားကို မကြာခင် ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အက်ပ်စတိုင်းဖိုင်တွေ ထုတ်ပြန်ရေး ဥပဒေကြမ်းကို လက်မှတ်ရေးထိုးလိုက်ပါပြီ!” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရားဝင်အားဖြင့် ‘အက်ပ်စတိုင်းဖိုင်များ ပွင့်လင်းမြင်သာမှု အက်ဥပဒေ’ (Epstein Files Transparency Act) ဟု အမည်ပေးထားသည့် အဆိုပါ ဥပဒေကြမ်းကို အင်္ဂါနေ့တွင် အောက်လွှတ်တော်မှ မဲခွဲဆုံးဖြတ်မှု ၄၂၇ မဲဖြင့် ၁ မဲ ကန့်ကွက်ကာ အတည်ပြုခဲ့သည်။ ထို့နောက် အထက်လွှတ်တော်သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အောက်လွှတ်တော်မှ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဥပဒေကြမ်းကို သဘောတူညီချက်ဖြင့် အတည်ဖြစ်ကြောင်း သတ်မှတ်ရန် သဘောတူခဲ့သည်။

တရားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဖိုင်များကို မည်သို့ ထုတ်ပြန်မည် သို့မဟုတ် သတင်းအချက်အလက်များသည် ဆက်လက်ဖြစ်ပွားနေသော စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး တချို့ကို ဆက်လက်ထိန်းသိမ်းထားရမည်လား ဆိုသည်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

သမ္မတသည် ၎င်း၏ ကျန်ရှိသော ပို့စ်တွင် ၎င်း၏ အုပ်ချုပ်ရေးကာလ အောင်မြင်မှုများကို မြှောက်ပင့်ပြောနေစဉ်၊ နှစ်ပေါင်းများစွာ နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့သည့် စုံစမ်းစစ်ဆေးမှုများဟု ၎င်းက ခေါ်ဆိုခဲ့သည်များကို ဝေဖန်တိုက်ခိုက်ခဲ့သည်။

“ဒီ နောက်ဆုံး လှည့်ဖြားမှုဟာလည်း အရင်ကလိုပဲ ဒီမိုကရက်တွေအပေါ်မှာ ပြန်လည် သက်ရောက် လာမှာပါ! ဒီကိစ္စကို အာရုံစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမေရိကကို ပြန်လည် ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်ကြပါစို့ (MAKE AMERICA GREAT AGAIN)!” ဟု ၎င်းက နိဂုံးချုပ်ပြောကြားခဲ့သည်။

အင်္ဂါနေ့က လွှတ်တော်ကက်ပီတယ်ဟေးလ် မှာ Epstein ဖိုင်များ ပွင့်လင်းမြင်သာမှု အက်ဥပဒေကို အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း အတည်ပြု လိုက်ကြောင်း သတင်းရရှိပြီးနောက် Jeffrey Epstein ရဲ့ အလွဲသုံးစားပြုမှုကနေ လွတ်မြောက်လာတဲ့ ဒယ်နီရယ် ဘန်စကီး(Danielle Bensky) ဟာ World Without Exploitation ရဲ့ အမျိုးသမီးဒါရိုက်တာ လောရင်ဟာ့ရှ်(Lauren Hersh) ကို ပွေ့ဖက်လိုက်ပါတယ်။ Heather Diehl/Getty Images (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 36 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 39 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 40 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 40 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 46 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက