အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ မန္တလေးမြို့မှ တိုင်းရုံးအဆောက်အအုံကို ဘက်ဟိုးယာဥ်ဖြင့် ဖြိုျ ဖျက်ဆီးသွားတယ်လို့ ဒေသခံ များဆီကသိရပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၆၂ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ၊ NLD ပါတီ မန္တလေးတိုင်းရုံး အဆောက်အအုံကို မေလ ၅ ရက် ညပိုင်းက စစ်အုပ်စုထောက်ခံသူလူတစ်စုက ဖျက်ဆီးခဲ့ကြ တာဖြစ်တယ်လို့သိရပါတယ်။
ရပ်ကွက်ဥက္ကဋ္ဌအပါအ၀င် စစ်ကောင်စီတပ်သားနှင့် အရပ်၀တ်လက်နက်ကိုင်အင်အား ၁၅ ယောက်ခန့် ပါဝင်ပြီးရုံးတည်ရှိရာ ၆၂ လမ်းအား၊ ၃၂ လမ်းမှ ၃၅ လမ်းအထိ ပိတ်ဆို့ထားလိုက်ပြီး စက်ယန္တရားများဖြင့် ၀င်ရောက် ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
Era’sEye/ NLD