နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

1027 Operations

1027 Operations Burma

“ ၁၀၂၇” လှိုင်းတွေကို ကြိုဆိုတဲ့ အောင်သပြေလူထုလှုပ်ရှားမှု နိုဝင်ဘာ (၁၁) ရက်မှာပြုလုပ်ဖို့ နှိုးဆော်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်မြောက်ပိုင်းကစပြီး ဖော်ဆောင်နေတဲ့ “ ၁၀၂၇” လှိုင်းတွေကို ကြိုဆိုတဲ့အနေနဲ့ အောင်သပြေလူထုလှုပ်ရှားမှုကြီးကို နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ပြုလုပ်ဖို့ တော်လှန်ရေးသပိတ်အင်အားစုတွေရဲ့ နှိုးဆော်ထားချက်အရ သိရပါတယ်။

“ တလှိုင်းပြီး တလှိုင်း၊ တဆင့်ပြီး တဆင့် မြင့်မား၊ တိုးတက်လာတဲ့ ပြည်သူ့တော်လှန်ရေး အောင်ပွဲတွေကို လူထုကြီးတစ်ရပ်လုံးက အောင်သပြေနဲ့ သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုကြရအောင်” လို့ အင်အားစုတွေက ဆိုပါတယ်။

အဲ့ဒီအောင်သပြေလူထုလှုပ်ရှားမှုကြီးကို လာမယ့် နိုဝင်ဘာလ (၁၁) ရက်မှာပြုလုပ်မှာဖြစ်တဲ့အတွက် “ (၁၁၁၁) တစ်လေးလုံး လှုပ်ရှားမှု” လို့လည်း သမိုင်းမှာ မှတ်တမ်းဝင်အောင် ဝိုင်းဝန်းဖော်ဆောင်ကြဖို့ ဖော်ပြထားပါတယ်။

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဟာ အခုဆို ပြည်သူ့ချဉ်ဖတ်ဘဝ ရောက်နေတာကြောင့် စစ်ဗိုလ်ချုပ်ဆိုးတွေကို စွန့်ခွာကြဖို့နဲ့ ဖက်စစ်တပ်ကို အမြန်ဆုံး စွန့်ခွာကြဖို့ ပြည်သူအပေါင်းက တိုက်တွန်းမေတ္တာရပ်ခံကြောင်း ရေးသားထားပါတယ်။

“ စုံးစုံးမြုပ်လာနေတဲ့ သင်္ဘောပျက်ကြီးပေါ်က အမြန်ဆုံး ခုန်ချနိုင်တဲ့သူဟာ အသက်ချမ်းသာရမှာဖြစ်ပါတယ်။ ပြည်သူတွေကလည်း အမှန်တရားဘက်ကို ရပ်တည်လာသူ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို နွေးထွေးလှိုက်လှဲပျူငှာစွာ စောင့်ကြိုနေပါတယ်” လို့ ပြောဆိုထားပါတယ်။

အောင်သပြေလူထုလှုပ်ရှားမှုကြီးမှာ လူထုက သပြေပန်းကို ပန်ဆင်တာ၊ ရင်မှာထိုးတာ၊ ဘုရားမှာတင်တာ၊ လှူတာအပါအဝင် သပြေပန်းတွေ ကိုင်ဆောင်ပြီး လူထုသပိတ်တွေမှာ ဆင်နွှဲတာအပြင် အခြေအနေပေးတဲ့ ပြည်သူတွေက လှုပ်ရှားမှုပုံရိပ်တွေကို လူမှုကွန်ရက်တွေမှာ မျှဝေပြီး အောင်သပြေတွေ တနိုင်ငံလုံး ဝေဆာဖို့ တိုက်တွန်းနှိုးဆော်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 40 Views
ဇန်နဝါရီလ (၁၂)ရက်။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမယ်လို့ ဒီကနေ့မှာကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA ရဲ့ ထုတ်ပြန်ထာချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပြီး အောင်ပွဲရရယူဖို့ အချိန်ကောင်းလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 37 Views
ဇန်နဝါရီလ (၁၀)ရက်။ တော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်မြှင့်တင်ကာ အောင်ပွဲရရှိဖို့ အချိန်အခါကောင်းလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

ပလောင်အလံမလွှင့်ရင် ထောင်ဒဏ်ချမယ်လို့ TNLA အမိန့်ထုတ်ပြန်ချက် ဒေသခံတွေ အခက်တွေ့နေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 48 Views
ဇန်နဝါရီလ (၉)ရက်။ နမ္မတူမြို့ရှိ နေအိမ်တွေတိုင်း ပလောင်တော်လှန်ရေးနေ့အတွက် အလံမလွှင့်ထူရင် ငွေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မယ်ဆိုပြီး TNLA က အမိန့်ထုတ်ထားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပလောင်တော်လှန်ရေးနေ့အတွက် အိမ်တွေမှာ ပလောင်အလံတွေ
1027 Operations မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ ဗုံးအလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 49 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့ကို စစ်ကောင်စီက တစ်ရက်ထဲ လေကြောင်းကနေ ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 96 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 113 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
1027 Operations မြန်မာသတင်း

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းထဲ TNLA ရဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲမှာ ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 107 Views
ဒီဇင်ဘာလ (၁၈)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းသား (၁၂)ဦး တိုက်ပွဲထဲ အသက်ပေးလှူခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဗိုလ်လောင်းသင်တန်းသားတွေဟာ အလုပ်သင်ဗိုလ်သင်တန်း(TAOT)ရဲ့ အပတ်စဉ် (၄)
1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 108 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့