နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန် ရည်ရွယ်ထားသော ထိုတေးဂီတသံမှာ ယခုအခါ ပိတ်ထားသော ဆိုင်ခန်းလွတ်များရှေ့တွင်သာ ပဲ့တင်ထပ်နေပြီး၊ ယင်းမှာ ရုရှား၏ စီးပွားရေး ဆုတ်ယုတ်မှု (Economic Malaise) ကို ပြနေသည့် ထင်ရှားသော လက္ခဏာတစ်ရပ် ဖြစ်သည်။

၂၀၁၄ ခုနှစ်က ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ခဲ့သော Goodzone ဈေးဝယ်စင်တာကြီးတွင် ရုပ်ရှင်ရုံရှစ်ခုပါဝင်သည့် အဆင့်မြင့်ရုပ်ရှင်ရုံဝင်းတစ်ခု ရှိသော်လည်း ယခုအခါ မီးများပိတ် ထားပြီး လူသူကင်းမဲ့နေသည်။ မော်စကိုတောင်ပိုင်းရှိ ဤစင်တာကြီးမှာ တစ်ပတ်လျှင် ခုနစ်ရက်ပတ်လုံး ဖွင့်လှစ်ထားသော်လည်း ဖွင့်လှစ်ထားသည့် ဆိုင်ခန်းအနည်းငယ်နှင့် ဈေးဝယ်သူ မရှိသလောက် နည်းပါးနေခြင်းကြောင့် တဖြည်းဖြည်း သေဆုံးနေသည့် ပုံစံမျိုး ဖြစ်နေသည်။

ယူကရိန်းကို အပြည့်အဝ ကျူးကျော်ပြီးနောက်ပိုင်း အနောက်အုပ်စု ကုမ္ပဏီများ ထွက်ခွာ သွားခြင်းနှင့် မကြုံစဖူး ပိတ်ဆို့အရေးယူမှုများ ခံခဲ့ရသော်လည်း၊ ရုရှားစီးပွားရေးမှာ စစ်ရေး အသုံးစရိတ် အမြောက်အမြား သုံးစွဲခြင်းနှင့် တရုတ်၊ အိန္ဒိယတို့ထံ ရေနံတင်ပို့မှု တိုးမြှင့်ခြင်း တို့ဖြင့် ခန့်မှန်းချက်များကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။

သို့သော်လည်း ယခုအခါ စီးပွားရေးမှာ စတင်ယိုင်နဲ့လာသည့် လက္ခဏာများ ပြသလာပြီး ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း GDP မှာ ၁.၈ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုယ်တိုင်ကလည်း ဧပြီလလယ်က ပြုလုပ်သော စီးပွားရေး ဆိုင်ရာ အစည်းအဝေးတွင် “စီးပွားရေးတိုးတက်မှုနှုန်းဟာ ကံမကောင်းစွာနဲ့ပဲနှစ်လဆက်တိုက် နှေးကွေးနေတယ်” ဟု ဝန်ခံခဲ့ရသည်။

ရုရှားကွန်မြူနစ်ပါတီ ခေါင်းဆောင် ဂန်နာဒီ ဇူဂါနော့ဗ် (Gennady Zyuganov) ကလည်း အစိုးရအနေဖြင့် ဤစီးပွားရေးကျဆင်းမှုကို မဖြေရှင်းနိုင်ပါက ဘော်ရှီဗစ် (Bolshevik) စတိုင် တော်လှန်ရေးမျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်။

ကမ္ဘာပျက်ကိန်း ဆိုက်နေသကဲ့သို့” တိတ်ဆိတ်နေသော ဈေးဝယ်စင်တာ

မော်စကို အနောက်မြောက်ပိုင်းရှိ Aviapark ကဲ့သို့သော ဈေးဝယ်စင်တာကြီးများတွင် အရောင်းအဝယ် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း၊ Goodzone မှ အလုပ်သမားများကမူ ဈေးဝယ်သူ မရှိသလောက် ဖြစ်နေသည့်အပေါ် စိုးရိမ်နေကြသည်။

ရုရှား၏ အကြီးဆုံး လက်လီရောင်းဝယ်ရေးဆိုင်တစ်ခုတွင် ငွေကိုင်အဖြစ် လုပ်ကိုင်နေသူ အိုင်ဗန် (Ivan) က သူ၏ ငွေစာရင်းစက် (Cash Register) ကို ညွှန်ပြကာ CNN သို့ ပြောကြား ခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်းအထိ သူ၏ အရောင်းမှတ်တမ်းတွင် အရောင်းအဝယ် ၁၃ ကြိမ်သာ ရှိပြီး စုစုပေါင်း ရူဘယ် ၃,၄၁၇ (ဒေါ်လာ ၄၅ ခန့်) သာ ရရှိခဲ့သည်။ ပုံမှန်အချိန်များတွင် ယင်းအရေအတွက်မှာ ၃၀၀ နီးပါး ရှိသင့်ကြောင်း သူက ဆိုသည်။ “ဒီနေရာက ကမ္ဘာပျက်ပြီးစ အခြေအနေ (Semi-apocalyptic) နဲ့ တူနေတယ်” ဟု အိုင်ဗန်က ပြောသည်။

အဆိုပါ ဈေးဝယ်စင်တာ၏ ဝက်ဘ်ဆိုဒ်တွင် ဆိုင်ခန်းငှားရမ်းခများကို တစ်စတုရန်းမီတာလျှင် ၁ ရူဘယ် (၁ ဆင့်ခန့်) အထိ အံ့အားသင့်ဖွယ် လျှော့ချထားသော်လည်း ဆိုင်ခန်းအများစုမှာ လစ်လပ်နေဆဲ ဖြစ်သည်။

လက်ဆောင်ပစ္စည်းအရောင်းဆိုင်မှ အမျိုးသမီးတစ်ဦးက “၂၀၂၂ ခုနှစ် နောက်ပိုင်းမှာ ဝယ်လိုအားတွေ ကျသွားတယ်။ အခြေအနေ ပြန်ကောင်းလာမယ်လို့ မယုံကြည်တော့ဘူး။ ဒီထက် ပိုမဆိုးဖို့ပဲ မျှော်လင့်ရတယ်” ဟု ဆိုသည်။ ကုန်စျေးနှုန်းများမှာ နေ့စဉ် မြင့်တက် နေသော်လည်း လစာများမှာ တိုးမလာကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဖွံ့ဖြိုးမှု စက်ဝန်း ပြီးဆုံးသွားပြီ”

ဘာစီလိုနာ စီးပွားရေးတက္ကသိုလ်မှ သုတေသနပရော်ဖက်ဆာ ရူဘင် အန်နီကိုလိုပေါ့ဗ် (Ruben Enikolopov) က ရုရှားအစိုးရသည် ယခင်က ရှိထားသော အရန်ငွေကြေးများကို သုံးစွဲကာ စစ်ရေးအသုံးစရိတ်ဖြင့် စီးပွားရေးကို ထောက်ကန်ထားခဲ့သော်လည်း ယခုအခါ ထိုစက်ဝန်းမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရှင်းပြသည်။ “အစိုးရရဲ့ အရန်ငွေတွေ နည်းလာပြီ၊ ဒါကြောင့် အခွန်တွေ တိုးကောက်နေရတာပါ” ဟု သူက ဆိုသည်။

ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင် ရေရှက်နီကော့ဗ် (Maxim Reshetnikov) ကလည်း အရန်ငွေကြေးများမှာ များစွာ လျော့ပါးသွားပြီဖြစ်ကြောင်းနှင့် မက်ခရိုစီးပွားရေး အခြေအနေမှာ ယခင်ကထက် များစွာ ခက်ခဲရှုပ်ထွေးလာကြောင်း လူသိရှင်ကြား ဝန်ခံခဲ့သည်။

ချမ်းသာသူက ပိုချမ်းသာလာပြီး ဆင်းရဲသူက ပိုဆင်းရဲလာခြင်း

စီးပွားရေးကျပ်တည်းမှုကြားမှပင် ရုရှားဘီလီယံနာများ၏ ပိုင်ဆိုင်မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း ၁၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း Forbes Russia အရ သိရသည်။ “စစ်ပွဲက ရုရှားလူထု ကြား မှာ မညီမျှမှုကို ပိုပြီး ကြီးထွားလာစေတယ်။ ချမ်းသာတဲ့သူက ပိုချမ်းသာလာပြီး၊ ဆင်းရဲတဲ့ သူက ပိုဆင်းရဲလာတာကို မြင်နေရတယ်” ဟု Carnegie Russia Eurasia Center မှ အလက်ဇန္ဒြာ ပရိုကိုပင်ကို (Alexandra Prokopenko) က ပြောကြားခဲ့သည်။

မော်စကိုဒေသရှိ မြို့ငယ်လေးတစ်ခုဖြစ်သော ဂိုလစ်ဆီနို (Golitsyno) တွင် နေထိုင်သော အငြိမ်းစား ဇနီးမောင်နှံနှစ်ဦးကမူ ကုန်စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာမှုကြောင့် သူတို့၏ ပင်စင်လစာဖြင့် ရပ်တည်ရန် ခက်ခဲလာကြောင်း CNN သို့ ဖွင့်ဟခဲ့သည်။ “တစ်ယောက်တည်းသာဆိုရင် ပိုပြီး ခက်ခဲလိမ့်မယ်” ဟု အသက် ၈၀ နီးပါးရှိပြီဖြစ်သော အမျိုးသမီးကြီး လျူဘော့ဗ် (Lyubov) က ဆိုသည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာ၏ အပြင်ဘက်မြင်ကွင်း။ Maksim Kataev/CNN(ပုံ)

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာတွင် လူသူကင်းမဲ့နေသော ဆိုင်ခန်းများ။ CNN(ပုံ)

မော်စကိုမြို့ရှိ Goodzone ဈေးဝယ်စင်တာအတွင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က တွေ့ရသည့် ပိတ်ထားသော ဆိုင်ခန်းတစ်ခု၏ မြင်ကွင်းဖြစ်ပါသည်။(ပုံ)

Goodzone ဈေးဝယ်စင်တာရှိ စစ်ဘက်နှင့် နည်းဗျူဟာဆိုင်ရာ အဝတ်အစားနှင့် ပစ္စည်းကိရိယာများကို အထူးပြု ရောင်းချသည့် ရုရှားလက်လီအရောင်းဆိုင် Profarmy ၏ စတိုးဆိုင်ပြတင်းပေါက်။ Maksim Kataev/CNN

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် Goodzone မောလ်ရှိ ပိတ်ထားသော Profarmy စတိုးဆိုင်တွင် မော်ဒယ်များနှင့် သေတ္တာများကို ထားခဲ့သည်။ Maksim Kataev/CNN

မော်စကိုဒေသရှိ မြို့ငယ်လေးဖြစ်သော ဂိုလစ်ဆီနို (Golitsyno) တွင် နေထိုင်သူ လျူဘော့ဗ် ဆာဂေးဗ်နာ (Lyubov Sergeevna) ၏ ပုံရိပ်ဖြစ်ပါသည်။

သူမသည် CNN သတင်းဌာနသို့ ပြောကြားရာတွင် မြင့်တက်နေသော ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားလိမ့်မည်ဟူသော အချက်အပေါ် အကောင်းမမြင်နိုင်ကြောင်း (သို့မဟုတ်) ယုံကြည်မှုမရှိကြောင်း ဖွင့်ဟခဲ့သူဖြစ်သည်။ သူမကဲ့သို့သော အခြေခံလူတန်းစားများနှင့် ပင်စင်စားများမှာ ယူကရိန်းစစ်ပွဲ၏ နောက်ဆက်တွဲ စီးပွားရေးဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသူများ ဖြစ်ကြပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက