နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နည်းပညာ

နည်းပညာ နိုင်ငံတကာစီးပွားရေး အမေရိကန် အာရှ

ရှေ့တန်းရောက်လာမည့် တရုတ်နိုင်ငံနှင့် နည်းပညာ ပြိုင်ဆိုင်မှု၏ အခြေအနေ

အမေရိကန်နှင့် တရုတ်အကြား နည်းပညာပြိုင်ဆိုင်မှုသည် “ အမျိုးသားလုံခြုံရေးအတွက်” သက်သက်သာ ဖြစ်ပြီး အာရှ၏ ကြီးမားသော စီးပွားရေးကို လိုက်နိုင်ရန်အတွက် အမေရိကန်တွင် ပေါ်ထွန်းလာနေသော ထွန်းသစ်စ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်လာသည်ဟု ဆိုသည် ။

ထိုအချက်သည် သောကြာနေ့တွင် လပ်ဗီးဂပ်စ်မြို့ရှိ CES လူသုံးအီလက်ထရွန်နစ်ပစ္စည်းပြပွဲတွင် အမေရည်ကန် အထက်လွှတ်တော်အမတ်များ၏သတင်းစကားဖြစ်ပြီး၊ ထိုအချက်သည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းနဲ့ တခြားသော့ချက်ကျတဲ့နည်းပညာနယ်ပယ်များတွင် အမေရိကန်-တရုတ် အကြား တင်းမာမှုတွေကို နောက်ခံ အခြေအနေကို ဖော်ပြခဲ့သည်။။

“ဒါက အမေရိကနဲ့ တရုတ်နဲ့ တဦးနှင့်တဦး ပြဿနာ မဖြစ်သင့်ဘူး၊ ဒါပေမယ့် ဒီနည်းပညာ ပြိုင်ဆိုင်မှုက အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်တယ်လို့ ဆိုလိုတာပါ” ဟု အထက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီဥက္ကဋ္ဌ ဗာဂျီးနီးယား အထက်လွှတ်တော်အမတ် မာ့(ခ)ဝါနာ ( MARK WARNER ) က ပြောကြားခဲ့သည်။

“ ဘုရားသခင်က ငါတို့ကို ပဋိပက္ခတွေထဲမှာ အဆုံးသတ်သွားမှာကို တားမြစ်တော်မူတယ်။ ရုရှားနဲ့ ယူကရိန်းကြားက ပဋိပက္ခနဲ့ အခုကိစ္စက တူမှာ မဟုတ်ဘူး။ နည်းပညာ ပြိုင်ဆိုင်မှုကြောင့် မစခင်မှာဘဲ ပြီးသွားမှာပါ” ဟု ၎င်းက ဆိုသည်။ ဝါနာသည် ပြည်တွင်း ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းတွင် ဒေါ်လာ ၅၂ ဘီလီယံကို ရင်းနှီးမြုပ်နှံရန် ရေးဆွဲထားသည့် CHIPS အက်ဥပဒေအား စောစီးစွာ ထောက်ခံခဲ့သူဖြစ်သည်။

သူက လာမည့် ရှေ့တန်း နယ်ပယ်တွင် ကွမ်တမ်ကွန်ပြူတာ၊ ဉာဏ်ရည်တု၊ အဆင့်မြင့် အင်ဂျင်နီယာ နှင့် အထူးသဖြင့် တရုတ် နောက်ကျမသွားအာင် အမေရိကန်က ရင်းနှီးမြုပ်နှံ သင့်သည်ဟု ကိုးကားဖော်ပြခဲ့သည်။ “ ဇီဝနည်းပညာဆိုင်ရာ ကတိကဝတ်များကို အလွန်အကျွံ ပေးထားပြီး တိုးတက် ဖွံ့ဖြိုးမှုလည်း နိမ့်ကျသွားပြီ” ဟု ၎င်းက ပြောကြားသော်လည်း ဇီဝနည်းပညာနှင့် တွက်ချက်ခြင်း ပေါင်းစပ်နိုင်မှု စွမ်းရည်သည် အခြေနေကို ပြောင်းလဲသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့ ယှဉ်ရင် ရင်းနှီးမြုပ်နှံမှု နည်းပါးနေပါတယ် ဟု ၎င်းက ဆက်ပြောသည်။

ဝါနာသည် နီဗားဒါးမှ အထက်လွှတ်တော်အမတ် ဂျက်ရိုဆင်နှင့် နယူးမက်ဆီကိုမှမှ ဘင်ရေးလ်လူဂျန်တို့မှ “ ဆန်းသစ် တီထွင်မှု စီးပွားရေးကို မြှင့်တင်ခြင်း- ၂၀၂၃ အတွက် ဗဟိုအစိုးရနည်းပညာဦးစားပေး ( FEDERAL TECH PRIORITIES )” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင် ဝါနာနှင့်ပူးပေါင်းခဲ့ပါသည်။ အခမ်းအနားတွင် အစိုးရအရာရှိများ တိုးပွားလာသည်။ ယခုနှစ် ထပ်လောင်းပြောကြားမှုသည် ကွန်ဂရက်အဖွဲ့ဝင်ဦးရေ စံချိန်တင်ရရှိစေခဲ့ကြောင်း စီစဉ်သူ CTA ၏အဆိုအရ – နည်းပညာ၏ အခန်းကဏ္ဍသည် အမျိုးသားလုံခြုံရေးတွင်အရေးပါကြောင်း အသိအမှတ်ပြုမှု တိုးလာခြင်းကို အလေးပေး ဖော်ပြသည်။

အထက်လွှတ်တော်အမတ်များအဖွဲ့၏ဆွေးနွေးမှုနောက်တွင်၊ အမေရိကန်စွမ်းအင်အတွင်းရေးမှူး ဂျနီဖာဂရမ်ဟုမ် (JENNI FER GRANHOLM) သည် ဘိုင်ဒင်အုပ်ချုပ်ရေး၏ သန့်ရှင်းသော စွမ်းအင်တွန်းအားပေးမှုကို အလေးပေးတင်ပြခဲ့ပြီး၊ တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုထားမှုအောက်ရှိ လျှပ်စစ်ကား ဘက်ထရီထောက်ပံ့ရေး ကွင်းဆက်ကိစ္စကို အပြောင်းအလဲလုပ်ရန် အလေးပေး ပြောကြားခဲ့သည်။ “ တရုတ်မှာ အဲဒါကိုလုပ်ဖို့ မဟာဗျူဟာ အစီအစဉ်တစ်ခု ရှိတယ်” ဟု ဂရမ်ဟုမ်က နိုင်ငံ၏ လျှပ်စစ်ကား ဘက်ထရီစွမ်းအင်စက်ရုံ ဖြစ်လာခြင်း၏ အောင်မြင်မှု ကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်နွှယ်သော ပြိုင်ဆိုင်မှုအပြင်၊ အထက်လွှတ်တော်အမတ် သုံးဦးစလုံးသည် ဆိုက်ဘာလုံခြုံရေး၊ အထူး သဖြင့် အမေရိကန်ရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ၏ လုံခြုံရေးအတွက် အားနည်းချက်များနှင့် ရှေ့နောက်မညီမှုများကို အလေးပေးထားသည်။ နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်၏ ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေမည့် ဥပဒေတစ်ရပ်ကို တင်သွင်းရန် စီစဉ်နေကြောင်း ရိုဆင် (ROSEN) က ပြောကြားခဲ့သည်။ “ ကျွန်မတို့ရဲ့ ဆိုက်ဘာလုံခြုံရေး လုပ် သားအင်အားစုအတွက် ရင်းနှီးမြှုပ်နှံရမယ်။ အဲဒါကို လုပ်ဖို့ ကျွန်တော်တို့မှာ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိရမယ်။ အဲဒီအရည်အချင်းရှိသူတွေကို ပြုစုပျိုးထောင်ရမယ်” ဟု သူမက ဆိုသည်။

ဒီမိုကရက်တစ်ပါတီ၏ အဖွဲ့ဝင်အားလုံးဖြစ်သည့် အထက်လွှတ်တော်အမတ်သုံးဦးသည် သမ္မတဂျိုးဘိုင်ဒင် လက်ထက် ၎င်း၏ ပထမသက်တမ်းတွင် အတည်ပြုခဲ့သည့် နှစ်ဘက်ပါတီ၏ အခြေခံအဆောက်အအုံနှင့် ချစ်ပ်များဆိုင်ရာ ဥပဒေများကို ချီးကျူးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ဆက်လက်ပြုလုပ်ရန် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပြီး မကြာသေးမီက အဓိကကျသော စက်မှုလုပ်ငန်းများအတွက် ဖက်ဒရယ်အထောက်အပံ့သည် နောက်ကျကျန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စစ်အေးကာလအတွင်း ဆိုဗီယက်ယူနီယံက စီးပွားရေးအရ ခြိမ်းခြောက်မှုမျိုး ဘယ်တုန်းကမှ မခံခဲ့ရတဲ့အတွက် အခုလို ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ ကျေနပ်နေနိုင်တယ်လို့ ဝါနာက အကြံပြုထားပါတယ်။

“ဆန်းသစ်တီထွင်မှု ဖြစ်ပေါ်လုပ်ဆောင်တဲ့အခါ အများစုဟာ ဒီနိုင်ငံမှာ အချိန်အတော်ကြာက ဖြစ်ပျက်ခဲ့တာလို့ ခံယူချက်နဲ့ ကြီးပြင်းလာခဲ့ပါတယ်။ ပြီးတော့ ဒီနိုင်ငံမှာ မဖြစ်ခဲ့ရင်လည်း ငါတို့ရဲ့ စီးပွားရေး အရွယ်အစား၊ မူဝါဒချမှတ်မှု အရွယ်အစား ရှိနေတာပဲ။ ငါတို့အနေနဲ့ စည်းမျဉ်းချမှတ်တာတွေ၊ စံနှုန်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ လိုအပ်နေ သေးတယ်လို့ သူက ပြောပါတယ်။

“5G ပြိုင်ပွဲ စတင်ချိန်မှာတော့ ကျွန်တော့်စိတ်တွေ တုန်လှုပ်သွားတယ်” ဟု ဆိုသည်။ တရုတ်နည်းပညာကုမ္ပဏီ HUAWEI က ထိုအချိန်က ၎င်း၏ အမေရိကန်ပြိုင်ဘက်များထက် ဦးဆောင်နေခြင်းကို ပြန်လည် အမှတ်ရမိကြောင်းသူက ပြောကြားခဲ့သည်။ “ ဒါကြောင့် 5G မှာ တကယ်ဖြစ်ခဲ့တဲ့ 5G နဲ့ ချစ်ပ်တွေရဲ့ ဖြစ်ရပ် မှန်နောက်က လိုက်နေမှာထက် ရှေ့မှာရောက်နေတဲ့ လုပ်စရာရှိနေတဲ့ ကိစ္စရပ်တချို့ကို ပြင်ကြရအောင်။”

Source: Nikkei Asia

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 271 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 376 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့သည် ၎င်းတို့၏ ရပ်တည်ချက်များကို ပိုမိုတင်းမာအောင် လုပ်ဆောင်နေကြသည်။ သမ္မတ ဒေါ်နယ်ထရန့်က