၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၁)ရက်၊
ခေတ်မျက်လုံး။
ရှမ်းပြည်နယ်မြောက်ပိုငိး နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာမှာ မြေပြုမှုဖြစ်ပွားပြီး နေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားတာကြောင့် ကျေးရွာခံတချို့ ပြောင်းရွေ့နေထိုင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်မှာ မန်စပ်ရွာက နေအိမ် ၁၅ အိမ် မြေပြိုမှု ဖြစ်ပွားပြီး ပျက်စီးသွားတာကြောင့် အိမ်ရှင်တွေက အိမ်မှာ မနေရဲတော့ဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ မန်စပ်ရွာမှာ နေအိမ်အပြင် သွားလာနေတဲ့ လမ်းတွေလည်း မြေပြိုနေသလို စာသင်ကျောင်းဘက်သွားတဲ့ လမ်းတွေမှာလည်း မြေပြိုထားတာကြောင့် လမ်းပိတ်ထားရတယ်လို့ ဆိုပါတယ်။
မန်စပ်ရွာအပြင် မန်ပူးရွာ ဘုရားစေတီကုန်းမှာရှိတဲ့ အုတ်တံတိုင်း ပေ ၃၀ ကျော်လည်း ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Era’sEye \News