နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

အားကစား

အားကစား

အက်သလက်တီကိုမှ တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ချဲလ်ဆီး အငှားဖြင့် ခေါ်ယူ

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၉.၇ သန်းနဲ့ ရာသီကုန်အထိ အငှားခေါ်ယူလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျာအိုဖီးလစ်ကို ယခု ဆောင်းရာသီစျေးကွက်အတွင်း ခေါ်ယူဖို့ အာဆင်နယ်နဲ့ မန်ယူအသင်းတို့လည်း စိတ်ဝင်စားခဲ့ကြပြီး ချဲလ်ဆီးအသင်းက လက်ဦးမှုရယူကာ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖီးလစ်ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် တိုးမြှင့်ချုပ်ဆိုခဲ့လို့ သူ့အနေနဲ့ ၂၀၂၇ ခုနှစ် ဇွန်အထိ မက်ဒရစ်မှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဂျာအိုဖီးလစ်ကို ၂၀၁၉ ခုနှစ်က ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၁၁၃ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီပြောင်းရွှေ့ကြေးကြောင့် ဂျာအိုဖီးလစ် ဟာ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားစာရင်းမှာ အဆင့် ၅ နေရာ ရပ်တည်တဲ့ ကစားသမားဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကို အငှားနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ဂျာအိုဖီးလစ်က ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့ သူ့အနေနဲ့ အသင်းရဲ့ ရည်မှန်းချက်တွေ ရောက်ရှိအောင် ကူညီပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စတမ်းဖို့ဒ်ဘရစ်ချ်အသင်းမှာ ကစားရဖို့ စိတ်လှုပ်ရှားနေတယ်လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။


ဂျာအိုဖီးလစ်ဟာ အက်သလက်တီကိုအသင်းမှာ ပြိုင်ပွဲစုံ ၁၃၁ ပွဲကစားထားပြီး ၃၄ ဂိုးသွင်းယူကာ ၁၈ ဂိုးဖန်တီးထားသူဖြစ်ပြီး ချဲလ်ဆီးအသင်းက လက်ကျန်ရာသီဝက်မှာ ပရီးမီးယားလိဂ်ထိပ်ဆုံး ၄ သင်းနေရာ တိုက်ပွဲအတွက် အရခေါ်ယူခဲ့တာဖြစ်ပါတယ်။

Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 98 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 124 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 171 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 137 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 137 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 127 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 175 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 146 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး