ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃-၄ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဖာတီ၊ ဖာရန်တောရက်စ်တို့ကို ပွဲစကတည်းက ထုတ်မသုံးဘဲ အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဘာစီလိုနာနည်းပြ ဇာဗီရဲ့ ဆုံးဖြတ်ချက်အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဆိုတာ အနိုင်ရဖို့ သက်သက်မဟုတ်ဘဲ ကောင်းမွန်တဲ့ တိုက်စစ်ကစားဟန်ကို ပြသတဲ့ အသင်းဖြစ်ပါတယ်။ ပွဲချိန်အတွင်း တိုက်ပွဲဝင်စိတ်နဲ့ အခွင့်အရေးကောင်းတွေကို ဖန်တီးဖို့ နောက်ကျနေတာမျိုးက မဖြစ်သင့်ပါဘူး။ ဖာရန်နဲ့ ဖာတီတို့ ဝင်လာမှ ကျတော်တို့အသင်း အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့တာပါလို့ လီဝန်ဒေါစကီးက မွန်ဒိုဒီပို့တီဗိုသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာပါ။
ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အခုရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃ ပွဲစလုံး ပွဲထွက်ကစားခဲ့ပေမယ့် ဗီလာရီးရဲလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှသာ ဂိုးပေါက်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
Eraseye\sportnews