၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲက ဈေးတစ်ခုမှာ ၁၁၁၁ လူထုလှုပ်ရှားမှုတစ်ရပ်ကို ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့ထဲက ဈေးတစ်ခုမှာ သပိတ်စစ်ကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းကာ ၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုအပါအ၀င် ဖက်စစ်စစ်တပ်ကို ဆန့်ကျင်ကြ ပြည်သူ့ရင်ခွင် ခိုလှုံကြ စာသားပါ Banner တွေကို ကိုင်ဆောင်ပြီး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ညီနောင်မဟာမိတ်တွေနဲ့ PDF တွေ တိုက်ပွဲတိုင်း အောင်မြင်ပါစေနဲ့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတဲ့ Banner တွေကို ကိုင်ဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ ပြည်သူလူထုရဲ့ ပါ၀င်ပေးမှုအတွက် ကျေးဇူးတင်ပါကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။