နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက်

Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်း က ဟန်ဂေရီ ကို ယူကရိန်း၏ ဘဏ်ဝန်ထမ်းများအား ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု စွပ်စွဲခဲ့သည်။

ယူကရိန်းသို့ ငွေသားများ သယ်ဆောင်လာသည့် ယူကရိန်းသံချပ်ကာယာဉ် နှစ်စီးကို ဟန်ဂေရီ အခွန်အာဏာပိုင်များက အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့များ သုံး၍ ဝင်ရောက်စီးနင်း သိမ်းဆည်းခဲ့ခြင်းသည် နှစ်နိုင်ငံတင်းမာမှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ ဤတင်းမာမှု များကြောင့် ဘူဒါပတ်စ်သည် ယူကရိန်းအတွက် ဥရောပသမဂ္ဂ (EU) ၏ ယူရိုဘီလီယံပေါင်း များစွာတန်သော အကူအညီများကို ပိတ်ဆို့ထားပြီး ဖြစ်သည်။

“အမျိုးသား အခွန်နှင့် အကောက်ခွန် စီမံခန့်ခွဲရေးဌာန (NAV) အနေဖြင့် ငွေကြေးခဝါချမှု သံသယဖြင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နေပါတယ်” ဟု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ ယူကရိန်း ထောက်လှမ်းရေးဌာန ဂျင်နရယ်ဟောင်း တစ်ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ခုနစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဩစတြီးယားကနေ ယူကရိန်းကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀ သန်း၊ ယူရို ၃၅ သန်းနဲ့ ရွှေကိုးကီလိုဂရမ် သယ်ဆောင် လာတဲ့ သံချပ်ကာ ငွေသယ်ယာဉ် နှစ်စီးကိုလည်း သိမ်းဆည်းထားပါတယ်” ဟု ဆိုသည်။

အခွန်အာဏာပိုင်အဖွဲ့က ၎င်းတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး Peter Szijjarto ကမူ ယူကရိန်းအနေဖြင့် ဟန်ဂေရီနိုင်ငံကို ဖြတ်သန်းသည့် အဆိုပါ ငွေသားသယ် ယူမှုများနှင့် ပတ်သက်၍ အဖြေပေးရမည်ဟု ဆိုသည်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဇိုလ်တန် ကိုဗက်(Zoltan Kovacs) က ဖမ်းဆီးထားသူ ခုနစ်ဦးကို ဟန်ဂေရီနိုင်ငံမှ နှင်ထုတ်မည်ဟု ပြောကြားခဲ့သော်လည်း ၎င်းတို့သယ်ဆောင်လာသည့် ငွေကြေးများအား မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟန်ဂေရီဆိုင်ရာ ယူကရိန်းသံအမတ် ဆန်ဒေါ ဖက်ရာ(Sandor Fegyir) သည် ဖမ်းဆီးခံ ထားရသည့် ယူကရိန်းနိုင်ငံသားများနှင့် တွေ့ဆုံရန် ဘူဒါပတ်စ်ရှိ အကြမ်းဖက်မှု တိုက်ဖျက် ရေး ဗဟိုဌာနချုပ်သို့ သွားရောက်ခဲ့ကြောင်း Reuters သတင်းထောက်နှစ်ဦးက မြင်တွေ့ ခဲ့ရသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရီဆိုင်ဘီဟာ(Andrii Sybiha) ကမူ ဖမ်းဆီးခံရ သူများသည် Oschadbank (ယူကရိန်းနိုင်ငံပိုင်ဘဏ်) မှ ဝန်ထမ်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တကယ်တော့ ဒါဟာ ဟန်ဂေရီက ဓားစာခံဖမ်းပြီး ငွေခိုးနေတာပါပဲ” ဟု Sybiha က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ “ဒါဟာ နိုင်ငံတော်အဆင့် အကြမ်းဖက်မှုနဲ့ ငွေညှစ်မှု (Racketeering) ဖြစ်ပါတယ်” ဟု ဆိုသည်။

ယူကရိန်းနိုင်ငံသားများကို ချက်ချင်းပြန်လွှတ်ပေးရန် တရားဝင် ကန့်ကွက်စာ ပေးပို့ထားပြီး ဟန်ဂေရီ၏ “တရားမဝင် လုပ်ရပ်များ” အပေါ် ရှင်းလင်းသော သတ်မှတ်ချက်တစ်ခု ပေးရန် ဥရောပသမဂ္ဂကို တောင်းဆိုသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ယူကရိန်းနိုင်ငံသားများအနေဖြင့် ဟန်ဂေရီသို့ မသွားရောက်ရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး၊ ဟန်ဂေရီအာဏာပိုင်များ၏ “လက်တစ်လုံးခြား လုပ်ရပ်များ” ကြောင့် လုံခြုံရေးကို အာမမခံနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဟန်ဂေရီနှင့် စလိုဗက်ကီးယားနိုင်ငံတို့က ယူကရိန်းသည် ပျက်စီးနေသော Druzhba ရေနံပိုက်လိုင်းမှ ရေနံပြန်လည်စီးဆင်းမှုကို နိုင်ငံရေးအကြောင်းပြချက်ဖြင့် တမင်နှောင့်နှေး အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသည်။ ကိယက်ဗ်ကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆို ထားပြီး ဇန်နဝါရီ ၂၇ ရက်က ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စွမ်းအင် အခြေခံ အဆောက်အအုံများကို ပြုပြင်ရန် အချိန်လိုအပ်နေခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လာမည့် ဧပြီ ၁၂ ရက် ရွေးကောက်ပွဲတွင် ၁၆ နှစ်ကြာ အုပ်ချုပ်လာမှုအတွက် ပြင်းထန်သော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည့် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) သည် ယူကရိန်းစစ်ပွဲကို သူ၏ မဲဆွယ်စည်းရုံးရေးတွင် အဓိကထား အသုံးချနေပြီး၊ အတိုက်အခံ များက ဟန်ဂေရီကို ပဋိပက္ခထဲသို့ ဆွဲသွင်းလိမ့်မည်ဟု ဝါဒဖြန့်လျက်ရှိသည်။

၎င်းသည် မော်စကိုအပေါ် EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များနှင့် ရေနံအငြင်းပွားမှုကြောင့် ယူကရိန်းအတွက် အကြီးစားချေးငွေများကို ဗီတိုအာဏာသုံး၍ ပိတ်ပင်ထားသည်။

Sybiha က “ဟန်ဂေရီအနေနဲ့ ယူကရိန်းကို သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေထဲ ဆွဲမသွင်းဖို့” တောင်းဆိုကြောင်း X တွင် ရေးသားခဲ့သည်။

အော်ဘန်ကမူ ကိယက်ဗ်သည် ၎င်းတို့ကို ခြိမ်းခြောက်ငွေညှစ်နေသည်ဟု စွပ်စွဲခဲ့ပြီး ရေနံများ ပြန်လည်မစီးဆင်းမချင်း ဟန်ဂေရီ၏ လက်ဝယ်ရှိသော နည်းလမ်းအားလုံးကို အသုံးပြု သွားမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ယူကရိန်းကို ဒီဇယ်တင်ပို့မှုကို ရပ်တန့်ထားပြီးပါပြီ၊ လျှပ်စစ်ဓာတ်အား တင်ပို့မှု ကိုတော့ ထိန်းထားဆဲပါ။ ဒါပေမဲ့ ရေနံတင်ပို့မှုကို ယူကရိန်းက သဘောမတူမချင်း သူတို့အတွက် အရေးပါတဲ့ ဟန်ဂေရီဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုတွေကို ရပ်တန့်သွားမှာပါ” ဟု အော်ဘန်က နိုင်ငံပိုင်ရေဒီယိုတွင် ပြောကြားခဲ့သည်။ သို့သော် ဘဏ်ဝန်ထမ်းများ ဖမ်းဆီး ခံရသည့် ကိစ္စကိုမူ ၎င်းက ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

ယူကရိန်းဘဏ် (Oschadbank) ကမူ ၎င်းတို့၏ ဝန်ထမ်းများသည် “ဩစတြီးယားနိုင်ငံ Raiffeisen ဘဏ်နှင့် နိုင်ငံတကာ သဘောတူညီချက်အရ” ပုံမှန်လုပ်ငန်းစဉ်တစ်ခုကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျူးကျော်စစ်စတင်ကတည်းက နိုင်ငံခြားငွေနဲ့ ဘဏ်သုံးသတ္တုတွေကို ကုန်းလမ်းကနေပဲ သယ်ဆောင်ခဲ့တာပါ။ ဒီလိုခရီးစဉ်တွေကို Oschadbank ရဲ့ ငွေသယ်ယာဉ်တွေနဲ့ အပတ်စဉ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Raiffeisen International ဘဏ်ကမူ ဘဏ်လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက် စည်းမျဉ်းများကို အကြောင်းပြကာ ဤကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် စုဆောင်းငွေဘဏ်မှ ဝန်ထမ်းခုနစ်ဦးသည် ဩစတြီးယားမှ ယူကရိန်းသို့ ငွေသားများ သယ်ဆောင်လာစဉ် ဟန်ဂေရီက ဖမ်းဆီးထားကြောင်း ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အင်ဒရီ ဆိုင်ဘီဟာ(Andrii Sybiha) က စွပ်စွဲပြောကြားခဲ့သည်။ (ဓာတ်ပုံ – Viktor Kovalchuk/Global Images Ukraine/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 18 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 22 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက