နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) စစ်ရေးသတင်း

စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးတွေ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ တွေ့ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။

မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့က စစ်ကောင်စီအမျိုးအမည်မသိ တိုက်လေယာဉ်တစ်စီးကို KNDF-B01 နဲ့ KA တို့က ပွိုင့်ဖိုက်များနဲ့ တန်ပြန် ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနဲ့ ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး စစ်မြေပြင်နဲ့ အဝေးတနေရာမှာ ပျက်ကျသွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ပျက်ကျသွားတဲ့ တိုက်လေယာဉ် အပျက်အစီး အပိုင်းအစတွေကို ဒီနေ့ နိုဝင်ဘာ (၁၂) ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက်မှာပဲ စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းတွေဟာ လေထီးတစ်စုံ၊ ကယ်ဆယ်ရေး လေထိုးလှေတစ်စင်း၊ စကားပြောစက်ကြီး တစ်လုံး၊ လက်ကိုင်စကားပြောစက်တစ်ခု၊ လေယာဉ်မှူးထိုင်ခုံ တစ်ပိုင်း၊ အသက်ရှုအောက်ဆီဂျင်စက်တစ်စုံ၊ Helmet တစ်လုံး၊ ဆေးဝါးနဲ့ ဓာတ်စာတွေ နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်းတွေက သိမ်းဆည်း ရမိတယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

လေယာဉ်တစ်စီး မနေ့က ပျက်ကျခဲ့တာကို စစ်ကောင်စီက ဝန်ခံထားပြီး တိုက်လေယာဉ် မဟုတ်ဘဲ အပေါ့စား လေ့ကျင့်ရေးလေယာဉ်ဖြစ်ပြီး စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာ အသေများတိုင်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးကာ အရပ်သား ပြည်သူ နေရာတွေကိုပါ မရှောင် ထင်တိုင်းကျဲ ဗုံးကျဲ ပစ်ခတ် သတ်ဖြတ် နေတာ ဖြစ်ပါတယ်။

မနေ့က ကရင်နီပြည်မှာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့မှုဟာ နွေဦးတော်လှန်ရေး ကာလအတွင်း ပထမဆုံးအဖြစ် စစ်အုပ်စု တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်တာလည်း ဖြစ်ပါတယ်။

KNDF-B01 နဲ့ KA က ပစ်ချခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ် အပျက်အစီးများကို တွေ့ရစဉ်။

Photo။ NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 66 Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

MOD က အကူအညီပေးမယ်ဆိုပြီးပြောပေမယ့် (၉)လကျော်ကြာတဲ့အထိ မရရှိသေးဘူးလို့ မိုးဗြဲ-PDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 72 Views
ဇန်နဝါရီလ (၃)ရက်။ MOD က စစ်ရေးမဟုတ်တဲ့ အကူအညီတွေပေးမယ်လို့ ပြောဆိုထားပေမယ့် (၉)လကျော်ကြာတဲ့အထိ တစုံတရာ လက်ခံရရှိတာ မရှိသေးဘူးလို့ တပ်ရင်းအမှတ်(၁၀၀၇)(မိုးဗြဲ-PDF(၂))ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

အခုနှစ်ထဲ ကရင်နီပြည်ရှိ စစ်ကောင်စီစခန်းတွေ အပြီးသိမ်းနိုင်ဖို့ လုပ်ဆောင်မယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 71 Views
ဇန်နဝါရီလ (၂)ရက်။ အခု ၂၀၂၅ခုနှစ်ထဲ ကရင်နီပြည်နယ်ရှိ စစ်ကောင်စီစခန်းတွေကို အပြီးသတ် သိမ်းပိုက်သွားနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီ ၂၀၂၅ထဲမှာ ကျွန်တော်တို့ပြည်နယ်ထဲက စခန်းတွေကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

နှစ်သစ်ကူးနေ့ လွိုင်ကော်ရှိ စစ်ရှောင်စခန်း ပေါင်(၅၀၀)ဗုံးနဲ့ ကြဲခံရ၊ (၃)နှစ်အရွယ် စစ်ရှောင်ကလေးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 75 Views
ဇန်နဝါရီလ (၁)ရက်။ မနေ့က နှစ်သစ်ကူးနေ့ ‌ညနေ (၄)နာရီအချိန်က လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းရှိ ဆင်စခန်းစစ်ဘေးရှောင်စခန်း ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ မနေ့က ညနေ (၄)နာရီလောက် လွိုင်ကော်အရှေ့ဘက်ခြမ်းက ဆင်စခန်းစစ်ရှောင်စခန်းကို လေကြောင်းကနေညပေါင်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတဲ့ မယ်လယုခံစစ်စခန်းက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 91 Views
ဒီဇင်ဘာလ (၃၀)ရက်။ ကရင်နီပြည်၊ ဆိုတရှားမြို့ရှိ မယ်လယုခံစစ်စခန်းကနေ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ (၂၈)ရက်နေ့က ဆုတ်ခွာသွားကြတယ်လို့ ကရင်နီပြည်တပ်မတော်(KA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မယ်လယုစခန်းက စစ်ကောင်စီတပ်ရဲ့ ခမရ(၁၃၄)တပ်သားတွေ ဆုတ်ခွာသွားတာ။ အဲ့ဒီနေ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းခေါင်းစဉ်နဲ့ အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းပို့ခံရတဲ့ တပ်သား(၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 105 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၁)ရက်နေ့က ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းနယ်‌မြေတစ်ခုမှာ စစ်ကောင်စီတပ်သား (၄)ဦး KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၄)ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်နဲ့ အဓမ္မစုဆောင်းခံရပြီး
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးတပ်သား (၁၈)ဦးသေဆုံးတဲ့အပေါ် ကျောင်းအုပ်အပါအဝင် (၃)ဦးကို KNDF က အလုပ်နဲ့ ထောင်ဒဏ် ချမှတ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 127 Views
ဒီဇင်ဘာလ (၁၅)ရက်။ လေ့ကျင့်ရေးတစ်ခုပြုလုပ်ချိန် ဆေးတပ်သား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့တဲ့ဖြစ်စဉ်က ကျောင်းအုပ်အပါအဝင် (၃)ဦးကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်အပေါ် အမှန်တရားနဲ့ တရားမျှတမှုအတွက် KNDF
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 134 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နံနက်(၃)နာရီကျော်လောက် လေကြောင်းကနေ ဗုံး(၄၀)နီးပါး အဆက်မပြတ်ကြဲသွားတာ။ အရပ်သား