လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ YBS ကားပေါ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လှုပ်ရှားမှုတစ်ရပ်ကို စက်တင်ဘာလ (၁၃) ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဗကသများအဖွဲ့ချုပ်အနေနဲ့ YBS ကားပေါ်မှာ ပြည်သူတွေ ဒီကနေ့ကာလ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းမြင့်တက်နေတာက စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဖြစ်ကြောင်း လူထုလှုုံ့ဆော်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ရာအတွက် ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပါဝင်တော်လှန်ဖို့လိုအပ်ကြောင်း “ အထွေထွေအကြပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့” ခေါင်းစဉ်နဲ့ ဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ နေ့စဉ်ရက်ဆက်ဆိုသလို လမ်းသွားလမ်းလာ လူငယ်တွေကို ရှာဖွေစစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတဲ့ကြားက အခုလို မြို့ပြတော်လှန်ရေးအင်အားစုတွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။