နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။

အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင် လူများပြည့်လျှံသည်အထိ ဆန္ဒပြခဲ့ကြသည်။ ရည်မှန်းချက်မှာ “ထုံးစံတိုင်း စီးပွားရေး လည်ပတ်နေမှုကို နှောင့်ယှက်ရန်” နှင့် ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်း တောင်းဆိုရန်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ နံနက် ၉ နာရီခန့်တွင် အနောက်မက်ဒီဆန်လမ်း ရှိ Chicago’s Accenture Tower ဒုတိယထပ်တွင် လူရာနှင့်ချီ ပြည့်ကြပ်ခဲ့သည်။ ဒါဇင်နှင့်ချီသော အလိုအလျောက် စက်လှေကားများပေါ်တွင် ထိုင်နေကြပြီး ရထားပေါ်မှ ခရီးသည်များကို ပိတ်ဆို့ထားသည်။ “ပါလက်စတိုင်းအတွက် အနောက်အလယ်ပိုင်းဂျူးများ” ဟု ရေးထားသည့် ဆိုင်းဘုတ်များကို တက်ကြွလှုပ်ရှားသူများသည် ကိုင်စွဲထားပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆိုင်းဘုတ်များကို ချီကာဂိုရှိ Oglivie သယ်ယူပို့ဆောင်ရေးစင်တာ၏ စက်လှေကားများတွင် တနင်္လာနေ့တွင် ထုတ်ဖော်ဆန္ဒပြသခဲ့ကြသည်။

“ အခုချက်ချင်း အပစ်အခတ်ရပ်စဲရေး!” “ကျွန်ုပ်၏ ဝမ်းနည်းပူဆွေးမှုသည် သင်၏ လက်နက်မဟုတ်” နှင့် “ကျွန်ုပ်တို့သည် ပါလက်စတိုင်းနှင့်အတူ ရပ်တည်သည်” ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ လူအုပ်ကြီးသည် တစ်နာရီနီးပါးကြာအောင် ငြိမ်သက်နေခဲ့သည်။ ချီကာဂို ရဲတပ်ဖွဲ့ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ဒါဇင်များစွာကို စခန်းချထားသောကြောင့် မည်သူ့ကိုမျှ ရထားလက်မှတ် မပါဘဲ မဝင်နိုင်ရန် သီးသန့်လုံခြုံရေးများက တားဆီးခဲ့သည်။ “အမေရိကန်အနောက်အလယ်ပိုင်းဒေသတွင်ရှိ အကြီးမားဆုံး စုစည်းထားသည့် ဂျူးလူမျိုးတို့က ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှု” အဖြစ် သတ်မှတ်ခံထားရသော ချီကာဂိုတွင် ငြိမ်းချမ်းရေးအတွက် ဂျူးများ၏အသံ (Jewish Voice for Peace)၊ အခုလှုပ်ရှားမှုမလုပ်ရင် နောက်ဘယ်တော့မှ ဖြစ်တော့မှာမဟုတ် (If Not Now and Never Again Action) ဆိုသည့်အဖွဲ့များ၏ အနောက်အလယ်ပိုင်းရှိ ပြည်နယ်များမှ လူ ၁,၀၀၀ နီးပါး လာရောက်ကြသည်ဟု ခန့်မှန်းရသည်။ မြေပြင်ပေါ်ရှိ NBC သတင်းအဖွဲ့သားများက လူအုပ်သည် ရာဂဏန်းနီးပါးရှိမည်ဟု ခန့်မှန်းကြသည်။

ငြိမ်းချမ်းရေးအတွက် ဂျူးအသံမှ ရေချယ်အိုင်ဒါဘတ်ဖ် (Rachel Ida Buff) သည် မီလ်ဝေါကီး (Milwaukee) မှ ရောက်ရှိလာသည်။ “လူအများစုက ကားမောင်းလာတယ်။ ကျွန်မတို့ဟာ လူများစုထားတဲ့ ကွန်ရက်နဲ့ နေနေပါတယ်။ တချို့က ဟိုတယ်မှာ တည်းခိုတယ်။ တချို့က လေယဉ်ပျံစီးလာကြတယ်” ဟု ပြောခဲ့ပါသည်။ ရှေးရိုးဆန်လွန်းသည်ဟု ယူဆသော အနောက်အလယ်ပိုင်းရှိ ဂျူးခေါင်းဆောင်များ၏ ပြောကြားနေချက်များကို ဆန့်ကျင်တုံ့ပြန်ရန် မျှော်လင့်သူ အများအပြားကိုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ “ချီကာဂိုမှာတောင် မီလ်ဝေါကီးနဲ့ အင်ဒီယားနားပူလီစ့် မှာရှိတဲ့ ပင်မရေပန်းစားဂျူးအသံက ‘ကျွန်ုပ်တို့ အစ္စရေးကို ထောက်ခံတယ်ဆိုတာ သင်သိပါတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ အသိုက်အဝန်းပါပဲ။’ ပြီးတော့ ဒါက ငါတို့အားလုံးအတွက်ကိုသာ ပြောနေတာမဟုတ်ဘူး ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်” ဟု ဘတ်ဖ်က ဆိုပါသည်။

အိုင်အိုဝါမြို့မှ လေးနာရီကြာ ကားမောင်းလာသော အေရီရယ်လီဗင် (Ariel Levin) က “ကျွန်တော်တို့ ဘူတာရုံမှာ ထုံးစံအတိုင်း စီးပွားရေးကို အနှောင့်အယှက်ပေးဖို့နဲ့ အစ္စရေးကောင်စစ်ဝန်ရုံးမှာ ထုံးစံအတိုင်း လုပ်ငန်းကို နှောင့်ယှက်ဖို့ ဝင်လာခဲ့တယ်။ “ ကျွန်တော်တို့ရဲ့ အခွန်ထမ်းငွေတွေကို လူသတ်ရန် အသုံးပြုနေချိန်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတိုင်း ဆက်နေထိုင်၍ မရနိုင်ပါ။” ဟု သူကဆိုသည်။

တစ်နာရီနီးပါးကြာပြီးနောက်တွင် လူအုပ်ကြီးသည် Accenture Tower မှထွက်ခွာလာသော်လည်း အပြင်တွင် ဆက်လက်အော်ဟစ်သီဆိုနေခဲ့ကြသည်။ NBC News ၏ အမှုထမ်းများသည် နောက်ပိုင်းတွင် လူအများအပြားကို လက်ထိတ်ခတ်ကာ အဆောက်အဦမှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ရာဇဝတ်ကျူးကျောဝင်ရောက်မှုနဲ့ ဖမ်းဆီးမှု ၁၀၆ ခုရှိခဲ့သည်ဟု ချီကာဂိုရဲက NBC သတင်းဌာနကို သတင်းပို့ထားသည်။

Source/Photo: NBC သတင်းဌာန, USA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ဇလန်းစကီး၏ လူချင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းချက်ကို ပူတင် ပယ်ချ၊ ‘အကြောင်းမထူး’ ဟုဆို

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ၏ လူချင်းတိုက်ရိုက်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အီရန်

အထူးသတင်း- အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အီရန်က မိမိနိုင်ငံကို အကျိုးအမြတ်အတွက် ခုတုံးလုပ်နေသည်ဟု လက်ဘနွန်သမ္မတ စွပ်စွဲ

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက် လက်ဘနွန်သမ္မတ ဂျိုးဇက် အာအွန် (Joseph Aoun) က သောကြာနေ့တွင် အီရန်နိုင်ငံအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပြီး၊ အမေရိကန်၊ အစ္စရေးတို့နှင့် ဖြစ်ပွားနေသော
နိုင်ငံတကာသတင်း အမေရိကန်

ယူအက်စ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်ခေါင်းဆောင်များအကြား တင်းမာမှုများဖြစ်ပေါ်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၉ရက် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဂ်ဆက်သ် (Pete Hegseth) သည် တပ်မတော်အတွင်း သံသယ စိတ်ကြီးမားမှု၊ သတင်းအချက်အလက် ထိန်းချုပ်မှုများနှင့် အဆင်ခြင်မဲ့ ရာထူးမှထုတ်ပယ်မှု များကြောင့် ပင်တဂွန် (Pentagon) စစ်ဌာနချုပ်အတွင်း စိုးရိမ်ထိတ်လန့်မှုနှင့်
နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိမ်ဂျယ်လစ်မြို့ကြီးကို သနပ်ခါးလိမ်းပေးခြင်း

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 11 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် Aljazeera သတင်း- လော့စ်အိမ်ဂျယ်လစ်မြို့ကြီးတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည် ဖြစ်သည့်အတွက် မြို့တော်တွင်းရှိ အိမ်မဲ့ယာမဲ့များကို ရွေ့ပြောင်း နေရာချထားမှုများကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိပြီး တယောက်နေ လူနေအခန်းငယ်လေးများကို ဆောက်လုပ်ပြီး အိမ်မဲ့ယာမဲ့များကို နေရာချထားပေးလျက်ရှိသည်။
နိုင်ငံတကာသတင်း ဖိလစ်ပိုင် အရှေ့တောင်အာရှ

ဖိလစ်ပိုင်တွင် ပြင်းအားပြင်းငလျင်လှုပ်ခတ်၊ အာရှတစ်လွှား ဆူနာမီသတိပေးချက်များ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 10 Views
Aljazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၈)ရက် ဖိလစ်ပိုင်- မင်ဒါနာအိုကျွန်းအလွန်တွင် ငလျင်လှုပ်ခတ်ပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့မှ တာဝန်ရှိသူများက ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြင်းအားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပျက်စီးခဲ့ပြီး
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး

အမေရိကန် ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီး ရက်ပိုင်းအကြာတွင် အစ္စရေးက ဘေရွတ်ဆင်ခြေဖုံးရပ်ကွက်ကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
ဂျွန် ဆဒ်ဝပ်သ် နှင့် ဆာမန်သာ ဂရန်ဗီးလ် ရေးသားသည်။ ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် ဘေရွတ်မြို့ – လွန်ခဲ့သည့်သီတင်းပတ်က အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး ရရှိပြီးနောက်ပိုင်း
နိုင်ငံတကာသတင်း အမေရိကန်

မဲမသမာမှုလုပ်ရပ်ဟူသော ပြောဆိုချက်အပေါ် အငြင်းပွားပြီးနောက် ထရမ့်က (NBC)နှင့် အင်တာဗျူးကို ရုတ်တရက် အဆုံးသတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 15 ရက်
  • 14 Views
BBC – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပြောဆိုချက်အချို့အပေါ် အစီအစဉ် တင်ဆက်သူ ခရစ္စတင် ဝဲလ်ကာ (Kristen Welker) က အကြိမ်ကြိမ် မေးခွန်းထုတ်