နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

Hamas-Israel Conflict

Hamas-Israel Conflict နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ချီကာဂိုရှိ ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့တွင် ရာနှင့်ချီသော ဆန္ဒပြသူများဖြင့် ပြည့်လျှံနေခဲ့ပြီး အပစ်အခတ်ရပ်စဲရန် တောင်းဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ ချီကာဂို။

အနောက်အလယ်ပိုင်းမှ ရာနှင့်ချီသော ဂျူးအမေရိကန်များနှင့် မဟာမိတ်များသည် ရထားဘူတာရုံနှင့် အစ္စရေးကောင်စစ်ဝန်ရုံးတို့ တည်ရှိရာ ချီကာဂိုမြို့လယ်တွင် ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်က အဆောက်အအုံတစ်ခုတွင် လူများပြည့်လျှံသည်အထိ ဆန္ဒပြခဲ့ကြသည်။ ရည်မှန်းချက်မှာ “ထုံးစံတိုင်း စီးပွားရေး လည်ပတ်နေမှုကို နှောင့်ယှက်ရန်” နှင့် ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်း တောင်းဆိုရန်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။ နံနက် ၉ နာရီခန့်တွင် အနောက်မက်ဒီဆန်လမ်း ရှိ Chicago’s Accenture Tower ဒုတိယထပ်တွင် လူရာနှင့်ချီ ပြည့်ကြပ်ခဲ့သည်။ ဒါဇင်နှင့်ချီသော အလိုအလျောက် စက်လှေကားများပေါ်တွင် ထိုင်နေကြပြီး ရထားပေါ်မှ ခရီးသည်များကို ပိတ်ဆို့ထားသည်။ “ပါလက်စတိုင်းအတွက် အနောက်အလယ်ပိုင်းဂျူးများ” ဟု ရေးထားသည့် ဆိုင်းဘုတ်များကို တက်ကြွလှုပ်ရှားသူများသည် ကိုင်စွဲထားပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆိုင်းဘုတ်များကို ချီကာဂိုရှိ Oglivie သယ်ယူပို့ဆောင်ရေးစင်တာ၏ စက်လှေကားများတွင် တနင်္လာနေ့တွင် ထုတ်ဖော်ဆန္ဒပြသခဲ့ကြသည်။

“အခုချက်ချင်း အပစ်အခတ်ရပ်စဲရေး!” “ကျွန်ုပ်၏ ဝမ်းနည်းပူဆွေးမှုသည် သင်၏ လက်နက်မဟုတ်” နှင့် “ကျွန်ုပ်တို့သည် ပါလက်စတိုင်းနှင့်အတူ ရပ်တည်သည်” ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ လူအုပ်ကြီးသည် တစ်နာရီနီးပါးကြာအောင် ငြိမ်သက်နေခဲ့သည်။ ချီကာဂို ရဲတပ်ဖွဲ့ အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင် ဒါဇင်များစွာကို စခန်းချထားသောကြောင့် မည်သူ့ကိုမျှ ရထားလက်မှတ် မပါဘဲ မဝင်နိုင်ရန် သီးသန့်လုံခြုံရေးများက တားဆီးခဲ့သည်။ “အမေရိကန်အနောက်အလယ်ပိုင်းဒေသတွင်ရှိ အကြီးမားဆုံး စုစည်းထားသည့် ဂျူးလူမျိုးတို့က ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှု” အဖြစ် သတ်မှတ်ခံထားရသော ချီကာဂိုတွင် ငြိမ်းချမ်းရေးအတွက် ဂျူးများ၏အသံ (Jewish Voice for Peace)၊ အခုလှုပ်ရှားမှုမလုပ်ရင် နောက်ဘယ်တော့မှ ဖြစ်တော့မှာမဟုတ် (If Not Now and Never Again Action) ဆိုသည့်အဖွဲ့များ၏ အနောက်အလယ်ပိုင်းရှိ ပြည်နယ်များမှ လူ ၁,၀၀၀ နီးပါး လာရောက်ကြသည်ဟု ခန့်မှန်းရသည်။ မြေပြင်ပေါ်ရှိ NBC သတင်းအဖွဲ့သားများက လူအုပ်သည် ရာဂဏန်းနီးပါးရှိမည်ဟု ခန့်မှန်းကြသည်။

ငြိမ်းချမ်းရေးအတွက် ဂျူးအသံမှ ရေချယ်အိုင်ဒါဘတ်ဖ် (Rachel Ida Buff) သည် မီလ်ဝေါကီး (Milwaukee) မှ ရောက်ရှိလာသည်။ “လူအများစုက ကားမောင်းလာတယ်။ ကျွန်မတို့ဟာ လူများစုထားတဲ့ ကွန်ရက်နဲ့ နေနေပါတယ်။ တချို့က ဟိုတယ်မှာ တည်းခိုတယ်။ တချို့က လေယဉ်ပျံစီးလာကြတယ်” ဟု ပြောခဲ့ပါသည်။ ရှေးရိုးဆန်လွန်းသည်ဟု ယူဆသော အနောက်အလယ်ပိုင်းရှိ ဂျူးခေါင်းဆောင်များ၏ ပြောကြားနေချက်များကို ဆန့်ကျင်တုံ့ပြန်ရန် မျှော်လင့်သူ အများအပြားကိုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။ “ချီကာဂိုမှာတောင် မီလ်ဝေါကီးနဲ့ အင်ဒီယားနားပူလီစ့် မှာရှိတဲ့ ပင်မရေပန်းစားဂျူးအသံက ‘ကျွန်ုပ်တို့ အစ္စရေးကို ထောက်ခံတယ်ဆိုတာ သင်သိပါတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ အသိုက်အဝန်းပါပဲ။’ ပြီးတော့ ဒါက ငါတို့အားလုံးအတွက်ကိုသာ ပြောနေတာမဟုတ်ဘူး ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်” ဟု ဘတ်ဖ်က ဆိုပါသည်။

အိုင်အိုဝါမြို့မှ လေးနာရီကြာ ကားမောင်းလာသော အေရီရယ်လီဗင် (Ariel Levin) က “ကျွန်တော်တို့ ဘူတာရုံမှာ ထုံးစံအတိုင်း စီးပွားရေးကို အနှောင့်အယှက်ပေးဖို့နဲ့ အစ္စရေးကောင်စစ်ဝန်ရုံးမှာ ထုံးစံအတိုင်း လုပ်ငန်းကို နှောင့်ယှက်ဖို့ ဝင်လာခဲ့တယ်။ “ကျွန်တော်တို့ရဲ့ အခွန်ထမ်းငွေတွေကို လူသတ်ရန် အသုံးပြုနေချိန်မှာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအတိုင်း ဆက်နေထိုင်၍ မရနိုင်ပါ။” ဟု သူကဆိုသည်။

တစ်နာရီနီးပါးကြာပြီးနောက်တွင် လူအုပ်ကြီးသည် Accenture Tower မှထွက်ခွာလာသော်လည်း အပြင်တွင် ဆက်လက်အော်ဟစ်သီဆိုနေခဲ့ကြသည်။ NBC News ၏ အမှုထမ်းများသည် နောက်ပိုင်းတွင် လူအများအပြားကို လက်ထိတ်ခတ်ကာ အဆောက်အဦမှ ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။ ရာဇဝတ်ကျူးကျောဝင်ရောက်မှုနဲ့ ဖမ်းဆီးမှု ၁၀၆ ခုရှိခဲ့သည်ဟု ချီကာဂိုရဲက NBC သတင်းဌာနကို သတင်းပို့ထားသည်။

Source/Photo: NBC သတင်းဌာန, USA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 44 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 47 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 55 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက