နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

အားကစား

အားကစား

နောက်ကျသွင်းဂိုးများဖြင့် မန်စီးတီးကို မန်ယူအသင်းအနိုင်ယူ

စနေနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ယူအသင်းက အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို နောက်ကျဂိုးတွေကြောင့် ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အဲဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ အ မှတ်ပေးဇယားအဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ဒုတိယနေရာက မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာ၊ ဇယားထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၆ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

မန်ယူအသင်းဟာ အိမ်ကွင်းမှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ အဲရစ်ဆင်၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ ပွဲထွက်လာခဲ့ပြီး မန်စီးတီးကတော့ ဟာလန်း၊ မာရက်ဇ်၊ ဖိုဒန်တို့ တိုက်စစ်အတွဲနဲ့အတူ ၄-၃-၃ ပုံစံ ပွဲထုတ်ရင်ဆိုင်ခဲ့တာပါ။ ပွဲချိန်ပထမပိုင်းမှာ မန်စီးတီးက တိုက်စစ်ကို တည်မရခဲ့ဘဲ မန်ယူအသင်းရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် မာရှယ်၊ ဘရူနိုဖာနန်ဒက်စ်တို့ အခွင့် အရေးတွေ အသုံးမချနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ကလည်း အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်ကို ဖြုန်းတီးပစ်ခဲ့လို့ ပထမပိုင်းအပြီး ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မာရှယ်အစား အန်တိုနီဝင်လာပြီး ရက်ရှ်ဖို့ဒ်က တိုက်စစ်အထောင်မှာ ထွက်ကစားခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ တိုက်စစ်မြှင့်ဖိအားပေးခြင်းကိုသာ ရင်ဆိုင်ခဲ့ရပြီး ပွဲချိန်မိနစ် ၆၀ မှာတော့ ဂရစ်လစ်ရှ်က ဒီဘရိုင်းရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ပြီး မန်စီးတီးအတွက် ဦးဆောင်ဂိုး စသွင်းယူပေးခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်မှာ မန်ယူအသင်းက အဲရစ်ဆင်အစား ဂနာချိုကို လူစားလဲပြီး တိုက်စစ်ဖွင့်ကစားလာခဲ့ရာမှာ ပွဲချိန် ၇၈ မိနစ်အရောက်မှာ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပြီး နောက် ၄ မိနစ်အကြာမှာ ရက်ရှ်ဖို့ဒ်က ဂနာချိုရဲ့ ဖြတ်တင်ပေးပို့မှုတစ်ဆင့် အနိုင်ဂိုးကို ပိတ်သွင်းယူခဲ့လို့ မန်ယူအသင်း ၂ ဂိုး၊ ၁ ဂိုးနဲ့ မန်စီးတီးကို အနိုင်ရသွားခဲ့တာပါ။


အဲဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲဆက်ခဲ့ပြီး မန်စီးတီးအသင်းကတော့ ပြိုင်ပွဲစုံ ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Era’sEyes #SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 100 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 124 Views
ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။ ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 173 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ ပရိသတ် ၁၃၀၀ ကျော် ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ အဖြေတွေအရ မန်ယူပရိသတ်တွေဟာ ပွဲမပြီးခင်
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 141 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 139 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 127 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 179 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 150 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး