ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာ အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေက ကျေးရွာအတွင်း နင်းမိုင်းတွေထောင်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သြဂုတ်လ ၁၂ ရက်နေ့ ည (၆) နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာအတွင်း နင်းမိုင်းတွေ ထောင်ထားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီကနေ လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့သလို ထီးသော်ကူးကျေးရွာ ဘုရားကျောင်းကိုပါ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း နဲ့ ကျေးရွာအတွင်းက နေအိမ်တချို့ပျက်စီးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။လက်ရှိမှာတော့ စစ်ကောင်စီဟာ ထီးသော်ကူးကျေးရွာအတွင်း နင်းမိုင်းတွေထောင်ထားပြီး ကဒါးလားကျေးရွာစေတီတော်ဘုရားအနီးအနားမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ကရင်နီတပ်မတော် (KA) ထံကနေ သိရပါတယ်။
Era’sEye \News