နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေကူ မြို့နယ်ရှိ ကျေးရွာ (၁၂) ရွာကို (၁၉) ရက်ကြာ စစ်ကြောင်းထိုး၊ နေအိမ် တစ်ထောင်နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ တပ်တွေဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ် က ကျေးရွာ (၁၂) ရွာကို (၁၉) ရက်ကြာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီလို ရွှေကူမြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ မြို့နယ်အတွင်းမှာရှိ တဲ့
ကျေးရွာ ပေါင်း (၁၂) ရွာ က ပြည်သူလူထုနေအိမ် တစ်ထောင်ခန့် ကို မီးရှို့ဖျက်ဆီးသွား တယ်လို့
ရွှေကူ ပြည်သူ့ ကာကွယ်ရေးတပ်(PDF) ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးတဲ့အပြင်လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေကို ပါလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကြောင့် မီးလောင်ပျက်စီးခဲ့တဲ့အိမ်ခြေစာရင်းနဲ့မီးလောင်ပျက်စီးခဲ့တဲ့ ပြည်သူလူထုနေအိမ် များ မှတ်တမ်းဓာတ်ပုံတွေကို ရွှေကူ PDFက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီ၁၀ရက်ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်း ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း၊ ယနေ့မှ သတင်းထုတ်ပြန်ခြင်းမှာ မီးလောင်ပျက် စီးမှု အတည်ပြုစစ်ဆေးခြင်း၊ ကွင်းဆင်းနယ်မြေရှင်းလင်းခြင်း၊ မိုင်းရှင်းခြင်းများ လုပ်ဆောင်နေရ‌တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ် ။

အဆိုပါဒေသကို စစ်ကောင်စီတပ်က မတ်လ ၂၀ရက်နောက်ပိုင်းတွင် ဝင်ရောက်စစ်ကြောင်းထိုးလာရာ ဒေသခံ PDFများနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ကြပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့တာကြောင့် လေကြောင်း ပစ်ကူဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရပြီး ၁၉ရက်အကြာမှာ မြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်မှ မီးဖျက်ဆီးသွားသော ပြည်သူလူထုနေအိမ်စာရင်းကို ရွှေကူ PDFက ထုတ်ပြန်ခဲ့ရာ မှာ နေအိမ် စုစုပေါင်း ပြည်သူလူထုနေအိမ် ၉၅၅လုံး ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

Era’sEyes | စစ်ကောင်စီတပ်က ရွှေကူနယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ Photo-ရွှေကူ PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 5 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 28 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်