နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

မေလ (၉)ရက်။

မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၂)နာရီ (၁၅)မိနစ်အချိန်က မင်းပြားမြို့ ကျောက်ခုတ်ရွာအရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နဲ့ အနီးဝန်းကျင်က ကျေးရွာတွေထဲ ဂျက်ဖိုက်တာ(၂)စီး၊Y-12 (၁)စီးနဲ့ မိနစ်(၄၀)ကြာ မရပ်မနား ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

နောက်ပြီး ကျောက်တော်မြို့ သုံးခွအနီးဝန်းကျင်ကို ည (၁၀)နာရီအချိန်ကစပြီး (၂၅)မိနစ်ကြာ ဂျင်ဖိုက်တာ (၄)စီးနဲ့ ပေါင် (၅၀၀)ဗုံး (၈)လုံး လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ည (၁၀)နာရီခွဲခန့်မှာလဲ Y-12 ထောက်ပို့လေယာဉ် (၂)စီးက Cluster Bomb အမျိုးအစား (၂၄)လုံးခန့် လာရောက်ဗုံးကြဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖြစ်စဉ်ထဲ အရပ်သား (၁)ဦးနဲ့ အကျဉ်းထောင်ဆေးဝန်ထမ်း (၁)ဦးအပြင် ကလေးတဦး သေဆုံးခဲ့ပြီး (၁၀)ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်တာတွေထဲ ကျောက်တော်မြို့ ပြိုင်းချောင်းရွာက အရပ်သား (၁)ဦးပိုင်ဆိုင်တဲ့ နွား (၇)ကောင်လဲ ထိမှန်သေဆုံးခဲ့ရပါတယ်။

ဒီလို အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာကိစ္စဖြစ်တယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 5 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 14 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 15 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 20 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 24 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 24 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 34 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး
မြန်မာသတင်း

KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 25 Views
စစ်လော်ဘီတွေက လေကြောင်းဗုံးကြဲခံရတာဆိုပြီး သတင်းမှားဖြန့်နေ မေလ (၇)ရက်။ မနေ့က KNLA ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ KNU အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားကြတယ်လို့ သိရပါတယ်။ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ အသက် (၇၀)ကျော်အရွယ်ရှိပြီး