ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ခင်ဦးမြို့နယ်အတွင်းက ရွာပေါင်း ၄၉ ရွာရဲ့ စိုက်ပျိုးဧက တစ်သောင်းကျော် အထိ ရေဝင်ပြီး ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပျက်စီး ခဲ့ရတဲ့စိုက်ဧကတွေကတော့ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧက တစ်သောင်းကျော်လောက်ဟာ ရေဝင်ပြီးပျက်စီးဆုံးရှုံးခဲ့ရတာပါ။





ခင်ဦးမြို့နယ်အနောက်ခြမ်းက ရွာ ၄၉ ရွာက စိုက်ခင်း တွေထဲ ရေဝင်ရောက်ပြီး ပျက်စီးခဲ့တာပါ။
ဒါအပြင် ပင်တင်းရေလှောင်ကန်ထဲကိုလည်း ရေတွေဝင်ရောက်တဲ့အတွက် ကန်ထဲမှာစိုက်ပျိုးထားတဲ့ ပဲတီစိမ်းခင်းတွေလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။