မေလ (၁၄)ရက်။
မနေ့က ဟားခါးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF-Hakha ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင်ဟာ ဟားခါးမြို့ထဲ ပြည်သူတွေကို ငွေညစ်တောင်းခံတာ၊ နေအိမ်တွေကို ဖောက်ထွင်းဓါးပြတိုက်တာ စတဲ့ ပြည်သူ့လုံခြုံရေးထိခိုက်တဲ့ လုပ်ရပ်တွေ ကျုးလွန်နေတာလို့ ဆိုပါတယ်။
အခုအခါ စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးရှိ တောတောင်တွေ၊ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာတာနည်းတဲ့ ဒေသတွေကို ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ မသွားကြဖို့ မေတ္တာရပ်ခံထားပါတယ်။
CDF-Hakha အနေနဲ့လဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ပြည်သူအပေါ် အန္တရာယ်ပြုလုပ်ရပ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လဲ သံသယဖြစ်ဖွယ် လှုပ်ရှားတာတွေ တွေ့ရှိရင် နီးစပ်ရာ တာဝန်ရှိသူတွေဆီ အချိန်မီ သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








