နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

Exclusive Interview

Exclusive Interview

ဂန့်ဂေါက ကျေးရွာတစ်ချို့မှာ အတင်းအကျပ် ငွေကောက်ခံတာတွေရှိနေ

ဂန့်ဂေါမြို့နယ်ထဲက လက်ပန်ကျေးရွာအုပ်စုထဲမှာ ဒေသတွင်းဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက အတင်းအကျပ် ငွေကောက်ခံတာတွေရှိနေတယ်လို့ သိရပါတယ်။


“ပြည်သူတွေရွေးချယ်ပြီး တင်မြှောက်ထားတဲ့ ပအဖဥက္ကဌက တစ်ယောက်ရှိပါတယ်ဗျ အဲကြောင့်သူတို့က ဘေးဖယ်ထုတ်ပြီးမှ သူတို့ကိုယ်တိုင် စည်းကမ်းထုတ်ထားတာဖြစ်ပါတယ်ဗျ တပ်ခွဲတစ်ခုကို သူတို့က အဲဒီလိုမျိုးတွေနဲ့ ပိုက်ဆံတစ်သောင်း ပေးရမယ် ပြီးရင် ဆန်တစ်ခွဲ ဆီတစ်ပိဿပေးရမယ်လို့ ပြောပါတယ်ဗျ အိမ်တိုင်းအနေနဲ့ အော်တာပါဗျ တပ်ခွဲကတော့ တောင်းခိုင်းတာမဟုတ်ဘူးခင်ဗျ စုံစမ်းရသလောက်တော့ “

လက်ပန် ကျေးရွာအုပ်စုက ဒေသခံတစ်ဦးက ပြောပြတာပါ။ တစ်အိမ်ကို ပအဖ ပကဖ အဖွဲ့တွေအတွက် အသုံးစရိတ် ၂၀၀၀ ဆီနဲ့ တော်လှန်ရေး အင်အားစုတွေအတွက် ဆန်တစ်ခွဲ၊ ဆီတစ်ပိဿနဲ့ ငွေ တစ်သောင်းကောက်ခံမယ်လို့ အသံချဲ့စက်နဲ့ လှည့်လည် ပြောဆိုတာတွေ အိမ်တိုင်းကို လာရောက်ပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီလို ငွေကောက်ခံတာတွေအပြင် လျှပ်စစ်မီး သုံးစွဲမှုအပေါ်ကိုလည်း ကောက်ခံနေတာ ရှိတယ်လို့ သိရပါတယ်။

“တောင်းတာမပေးလို့ သူတို့က လက်နက်တွေနဲ့ ချိမ်းခြောက်ပြီး တောင်းတယ်ရှင့် သေနတ်တွေနဲ့ ရှင့် ၃ထောင် တောင်းတာရှင် ထောင်ချမှာတို့ နောက်ပြီး တရားစွဲမှာတို့ ပြောတယ်ရှင့် တစ်ခြား မီးဆွဲတဲ့ သူတွေ ပေးရင်တော့ ပေးမှာပါလို့ ပြန်ပြီးပြောထားတယ်ရှင့် အဲဒါ သူတို့က ဒလကြမ်း လာတောင်းတာ ၉ နာရီလောက်ကြီး လာတောင်းတာရှင့်”

ကျွဲနန်းကျေးရွာက ဒေသခံတစ်ဦးပါ။ သူ့ရဲ့ အိမ်ကို ရပ်ရွာ ပအဖ အဖွဲ့တွေက လက်နက်တွေနဲ့ ဝင်ရောက်လာခဲ့ပြီး လျှပ်စစ်မီးကို ပွါးယူသုံးစွဲတဲ့အတွက် အခုလို ငွေလာကောက်ခံတယ်လို့ ဆိုပါတယ်။

“မီတာဘောက်ကို အမည်ပေါက်နဲ့ ဆွဲထားပြီးပြီ ဒါပေမယ့် တစ်ခြားအိမ်မှာ အိမ်ထောင်ခွဲ သွားလို့ရှိရင် မီးခွဲတဲ့အပေါ် မီးကြိုး ဆွဲတဲ့သူတွေကို ကောက်တာခင်ဗျ ဒါပေမယ့် မီးပွါးယူတာဆိုတာလည်း သူရဲ့ အမည်ပေါက်နဲ့ မဟုတ်ပေမယ့် တစ်ခြား အမည်ပေါက်နဲ့ လုပ်ထားတာ သူအကုန်ကျခံပြီးမှ ဆွဲထား ပွါးထားတဲ့ မီးဖြစ်ပါတယ်ဗျ တစ်ချို့ ဆိုရင် အမေအိမ်က မီးကို သားက မီးပွါးယူထားတယ်ဗျာ အဲဒီလိုဆိုရင်လည်းသူက ကောက်တယ်ဗျ ရွာထဲမှာ ရှိတဲ့ ပကဖ တို့ ပအဖ တို့က ကောက်တာပါဗျ သူတို့က ကောက်တယ် ပေးရင်ပေး မပေးရင် မီးလိုင်းတွေ ဖြုတ်မယ် မလိုက်နာလို့ ရှိရင် တရားစွဲမယ် ထောင်ချမယ် အဲဒီလိုမျိုးတွေ ချိမ်းခြောက်တယ် ပြီးရင် တုတ်တွေပါတယ် သေနတ်တွေ ပါပြီးမှ ဖိအားပေးပြီးမှ ကောက်ခံတာတွေရှိပါတယ်ဗျ “

ဒီအကြောင်းနဲ့ ပက်သက်လို့ ကျေးရွာ လျှပ်စစ်မီး ကော်မတီ ဥက္ကဌကလည်း သူကောက်ခံခိုင်းတာမရှိဘူးလို့ အခုလို ခေတ်မျက်လုံးကို ပြောပါတယ်။

“ဟုတ်တယ်ဗျ ပအဖ အဖွဲ့ကတောင်းတယ်ဗျ ကျွန်တော်တို့ကို အသိမပေးဘဲနဲ့ အစည်းအဝေး ထိုင်တယ်လို့ ပြောတယ်ဗျ အစည်းဝေးထိုင်တာလည်း ကျွန်တော်တို့ မသိဘူး အစည်းအဝေးထိုင်ပြီးတော့ အဖွဲ့ထဲက တစ်ယောက်ကို ကျွန်တော်မေးကြည့်တာပေါ့ဗျာ အစည်းအဝေးထိုင်တဲ့အချိန်မှာတဲ့ သူတို့ရံပုံငွေလိုလို့ မီးပွါးတွေဆီက ငွေ ၃ ထောင်ဆီ တောင်းတယ်လို့ ပြောတယ်တဲ့ စောစောပိုင်းတုန်းက အခုတောင်းခံရတဲ့ ကလေးက သားအမိဗျ သားအမိမှာ တောင်အိမ်မြောက်အိမ် အဲဒီမှာ အမေကနေ သားကို မီးခွဲပေးတာ အဲဒါလေးကို သွားပြီးတော့ တောင်းတယ်ဗျ ကျွန်တော်တို့က ဘာမှမသိရဘူး ပြသနာဖြစ်ခါမှ ကျွန်တော်တို့ဆီကို အသံကြားလာရတာပဲ တောင်းခံရတဲ့သူကလည်း ပေးရင် ခင်ဗျားတို့အဖွဲ့ကို မပေးဘူး မီးကော်မတီကိုဘဲ ပေးမယ်လို့ အဲဒီလိုဘဲ ပြောတယ်ဗျ အသံချဲ့စက်ကနေပြီးတော့ ကျွန်တော်တို့ မီးပွါးယူထားတဲ့ သူတွေ မပေးမဖြစ်ဘူး ပေးရမယ် တစ်ကယ်လို့ မပေးဘူးဆိုရင် ကျွန်တော်တို့ ထောင်ချမယ် အဲဒီလိုမျိုး ပြောတာဗျ”

ကျေးရွာထဲက မီးပွါးယူထားတဲ့ အိမ်တွေကနေ တစ်အိမ်ကို ၃ ထောင်ဆီ ကောက်ခံနေတယ်လို့ သိရပါတယ်။ ဒီလို ကောက်ခံဖို့ကိုလည်း အသံချဲ့စက်နဲ့ လှည့်လည် ပြောဆိုခဲ့တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ပအဖက အာဏာရှင်နဲ့ မခြားဘဲနဲ့ ပြည်သူတွေအပေါ်မှာ အတင်းအကျပ်တွေ ဖြစ်နေပါတယ်ဗျ သူတို့ခန့်အပ်ထားတဲ့ မြို့နယ် ပအဖကိုလည်း တိုင်ကြားတာရှိတယ် တင်ပြတာရှိတယ် ဒါပေမယ့်သူတို့ကတော့ ဘာမှပြောင်းလဲထားတာမရှိဘူးခင်ဗျ အခု ဖြစ်နေတာကိုလည်း မြို့နယ်ကလည်း သိစေချင်တယ် သူတို့အနေနဲ့ ဘယ်လို ပြောင်းလဲအောင် လုပ်ပေးမလဲဆိုတာ သိချင်ပါတယ်ဗျ “

မြို့နယ် အဖွဲ့တွေကို တင်ပြထားပေမယ့် အခုထိ အရေးယူတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။ ဂန့်ဂေါမြို့နယ်ထဲမှာဆိုရင် ကျေးရွာပေါင်း ၁၂၀ နီးပါးလောက်ရှိပါတယ်။ NUG ရဲ့ ကြားကာလ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အခွန်ကောက်ခံခြင်းနဲ့ မျှဝေသုံးစွဲခြင်းဆိုတဲ့ မူဝါဒမှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အခွန်ကောက်ခံဖို့ ဆိုတာ ပါပေမယ့် သက်ဆိုင်ရာ အဆင်ဆင့်နဲ့ ညှိနှိုင်းရမယ်လို့ ပါရှိထားပါတယ်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Exclusive Interview Myanmar Politics

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်း

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 75 Views
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှု။ ခေတ်မျက်လုံးရဲ့ ဒီတပါတ်ဘာတွေထူးခြားသလဲ အစီအစဉ်ကနေ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်းကို တင်ဆက်ပေးသွားမှာပါ။ ဒီသုံးသပ်ချက်နဲ့
Exclusive Interview

ဂါဇာကမ်းမြောင်ဒေသမှ သတင်းပေးပို့နေသော သတင်းသမားများ၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF မှပြောကြား။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 81 Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်ဒေသမှ သတင်းပေးပို့နေသော သတင်းထောက်များ၏
Exclusive Interview Myanmar Politics အတွေးအမြင်ကဏ္ဍ

စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဝေဖန်ထောက်ပြချက်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 99 Views
စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဦးထွန်းအောင်ကျော်ရဲ့ ဝေဖန်ထောက်ပြချက်တွေကို ကြည့်ရှုနားဆင်နိုင်ပါပြီ။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
Exclusive Interview Myanmar Politics မြန်မာသတင်း

NCA အပေါ် သူတို့အမြင်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 100 Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
Exclusive Interview လက်တင်အမေရိက အရှေ့အလယ်ပိုင်း ဥရောပ

ရေခဲမုန့်ကားတွေထဲထည့်ထားရတဲ့ ဂါဇာကရုပ်အလောင်းများ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 127 Views
ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်မှာ ပါလက်စတိုင်းအရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးမှုတိုးပွားလာနေပါတယ်။ ရုပ်အလောင်းတွေ ထားစရာနေရာမရှိလို့ ဘယ်လိုတွေ စီစဉ်နေရသလဲဆိုတာ ဒီဗီယိုမှာ တွေ့မြင်နိုင်ပါတယ် Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
Exclusive Interview Myanmar Politics မြန်မာသတင်း ရာသီဥတု သဘာ၀ပတ်ဝန်းကျင်

နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့တဲ့ ပဲခူး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 99 Views
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ပဲခူးရေကြီးမှုဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ခဲ့ပါတယ်။ လူ ၂ သောင်းလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရသလို အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
Exclusive Interview Myanmar Politics မြန်မာသတင်း

ပ ၃ လုံးနဲ့ ဒေသတွင်း ပဋိပက္ခ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 97 Views
ခေတ်မျက်လုံးရဲ့ ဒီတစ်ပါတ် ဘာတွေထူးသလဲအစီအစဉ်ကနေ ဒီတစ်ပါတ်မှာတော့ ပ သုံးလုံးနဲ့ ဒေသတွင်း ပဋိပက္ခဆိုတဲ့ ခေါင်း‌စဉ်အပေါ် စကားဝိုင်းဆွေး‌နွေးပွဲလေးကို တင်ဆက်သွားမှာပါ။ ‌မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပါဝင်ဆွေး‌နွေးသူတွေက သုံးသပ်ဆွေး‌နွေးသွားမှာ ဖြစ်ပြီးတော့ ဝေဖန်အကြုံပြုချက်တွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။
Exclusive Interview Myanmar Politics မြန်မာသတင်း

ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့ ခလရ ၂၅၃ စစ်ကြောင်း ၂ ရက်တိုင်တိုင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 91 Views
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်တောင်ရွာနဲ့ ရွာသစ်ရွာက ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ ခလရ ၂၅၃ စစ်ကြောင်း ၂ ရက်တိုင်တိုင် ဒရန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။ ဒီအကြောင်းတွေကို နားဆင်နိုင်ပါပြီ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို