နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ ဥရောပ

ယူကရိန်းနှင့် ရုရှားစစ်ပွဲနှင့်ပတ်သက်၍ တရုတ်ခြေလှမ်း။

ဘေဂျင်း-


လွန်ခဲ့သည့်နှစ်အတွင်း ယူကရိန်းစစ်ပွဲတွင် ရုရှား၏ ကျူးကျော်မှုနှင့် ပတ်သက်၍ ရှောင်ရှားခဲ့ပြီးနောက် တရုတ်သည် ပြီးခဲ့သည့်လက ငြိမ်းချမ်းရေး အဆိုပြုချက်ကို ရုတ်တရက် ကမ်းလှမ်းခဲ့သည်။ လာမည့်နွေရာသီတွင် စစ်ပွဲများ ပြီးဆုံးတော့မည်ဟု တရုတ်စစ်တပ် ၏ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်က ဤကိစ္စ၏နောက်ကွယ်မှာ ရှိနေနိုင်ပါသည်။

ပြီးခဲ့သည့်လက လုံခြုံရေးကွန်ဖရင့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် အကြီးတန်းအရာရှိ ၂၀၀ ကျော်တို့ မြူးနစ်တွင် စုဝေးကြသောအခါ တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ရီ (Wang Yi) က ရုရှား-ယူကရိန်း ပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေသူ ဖြစ်လာမည့် အစီအစဉ်ကို တရုတ်နိုင်ငံက မကြာမီ ကြေညာတော့မည်ဖြစ်ကြောင်း တက်ရောက်လာသူများအား ပြောကြားခဲ့သည်။

“ ယူကရိန်းအကျပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ပြေလည်မှုရရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြီး ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးဘက်မှာ ခိုင်မာစွာ ရပ်တည်သွားမှာပါ” ဟု ဝမ်ရီ က ဖေဖော်ဝါရီ ၁၈ ရက် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တရုတ်သည် ၎င်း၏ ငြိမ်းချမ်းရေး အစီအစဉ် (၁၂) ချက်ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် တရားဝင် ထုတ်ဖော်ပြသခဲ့ပြီး ထိုနေ့သည် ရုရှားက ၎င်း၏ကျူးကျော်မှု စတင်သည့်နေ့မှ တစ်နှစ်တိတိပြည့်သည့်နေ့ ဖြစ်သည်။ အဆိုပါ အဆိုပြုချက်တွင် အပစ်အခတ် ရပ်စဲရေးကို ဆောလျင်စွာ ပြုလုပ်ရန်နှင့် ငြိမ်းချမ်းသော ပြေလည်မှုဆီသို့ နှစ်ဖက်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် တောင်းဆိုထားသည်။

အဆိုပါ အစီအစဉ်သည် စိတ်ကူးယဉ်ဆန်သော်လည်း တရုတ်နိုင်ငံသည် ရုတ်တရက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာသည်ဟု ထင်မြင်စေသည်။

ဘေဂျင်းသည် ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချခြင်းလည်း မရှိသလို မော်စကိုအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများတွင်လည်း မပါဝင်ခဲ့ပေ။ တရုတ်နိုင်ငံသည် ယခင်က အပစ်အခတ် ရပ်စဲရေးကို တောင်းဆိုခဲ့သော်လည်း တရုတ်ခေါင်းဆောင်များသည် တိကျ သေချာသော အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရန် ဆန္ဒမရှိပေ။
တရုတ်နိုင်ငံ ရုတ်တရက် ပြောင်းလဲရခြင်း အကြောင်းရင်းကို ဘေဂျင်းရှိ ထိပ်တန်းတွေးခေါ်ပညာရှင်တစ်ဦးမှ အစောပိုင်းနှစ်လက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ပြန်လည်ခြေရာခံနိုင်ခဲ့သည်။


တရုတ်စစ်သိပ္ပံအကယ်ဒမီ (AMS) သည် လေ့လာတွေ့ရှိမှုများကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သို့ တိုက်ရိုက် အစီရင်ခံလေ့ ရှိပါသည်။ မြေပုံပေါ်တွင် ရှာမတွေ့သော်လည်း အဆိုပါ သိပ္ပံအကယ်ဒမီ အဆောက်အအုံသည် ဘေဂျင်းမြို့ ဟိုင်ဒင် (Haidian) ခရိုင်တွင် တည်ရှိပြီး ၁၉ ရာစုတွင် အနောက်စစ်တပ်များ၏ ဖျက်ဆီးခံခဲ့ရသော ယွမ်မင်းဂူအန် (Yuanmingyuan) နန်းတော်၏ အပျက်အစီးများ တည်ရှိရာနေရာ ဖြစ်သည်။

AMS သည် အကြံပြုချက်များနှင့် အစီရင်ခံချက်များကို တရုတ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် အမြင့်ဆုံးသော ဆုံးဖြတ်ချက် ချသည့်အဖွဲ့ဖြစ်သည့် ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ထံ ပုံမှန်တင်ပြသည်။ ကက်ဘိနက်အဆင့် အရာရှိတစ်ဦးက အကယ်ဒမီကို ဦးစီးသည်။

ဒီဇင်ဘာလတွင် AMS သည် ယူကရိန်းပဋိပက္ခနှင့်ပတ်သက်သည့် သရုပ်ဖော်မှုပုံစံတခု (Stimulation) ထုတ်ပြီး လေ့လာရာတွင် အံ့အားသင့်ဖွယ်ရာ တွေ့ရှိမှုတစ်ခု ထွက်ပေါ်လာခဲ့ကြောင်း တရုတ်အစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ စစ်ပွဲသည် ၂၀၂၃ နွေရာသီဝန်းကျင်တွင် ပြီးဆုံးရန် နီးကပ်လာလိမ့်မည်ဖြစ်ပြီ ရုရှားက အသာစီးရမည်ဟု အဖြေထွက်သည်။

ရုရှားနှင့် ယူကရိန်းစီးပွားရေးနှစ်ရပ်စလုံးသည် နွေရာသီလွန်စစ်ပွဲကို ဆက်လက်ဆင်နွဲရန် ပင်ပန်းလွန်း နေသည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံ၏ မော်စကို ခေါင်းဆောင်များ နှစ်သက်စေသည့် ရလဒ်များသည် ရုရှားကို လှည့်စားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် တိုက်ဆိုင်စွာပင် ပြီးခဲ့သော ဒီဇင်ဘာလတွင် ယူကရိန်းအား အမေရိကန်က ပေးအပ်ခဲ့သော ဒေါ်လာ ၄၅ ဘီလီယံ အကူအညီပေးရေး အစီအစဉ်သည် ယခုနှစ် နွေရာသီတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။

ယခုအခါ ရီပတ်ဘလီကန်များသည် အမေရိကန် အောက်လွှတ်တော်တွင် အများစုကို ရရှိထားပြီး အချို့သော ပါတီဝင်များက ယူကရိန်းအား ရက်ရက်ရောရော ထောက်ပံ့ကူညီမှုအပေါ် သံသယဖြစ်နေကြသည်။

“သတ်မှတ်ချိန် ကုန်ဆုံးချိန်ကစလို့ အမေရိကန်ရဲ့ အကူအညီက ဘာဖြစ်မယ်ဆိုတာ ကျွန်တော်မသိပါဘူး” ဟု ဂျပန်ဝန်ကြီးချုပ်ရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ယူကရိန်းက ရရှိသည့် အကူအညီများထဲမှ တစ်ဝက်ကို အမေရိကန်က ပေးနေခြင်းဖြစ်ပြီး အကူအညီ မရပ်စဲမီ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်မည်ဟူသော အကြောင်းပြချက်မှာ အကျိုးမရှိပေ။

AMS ၏ ခန့်မှန်းချက်ကို ကြားနာပြီးနောက် ဘေဂျင်းသည် စစ်ပွဲတစ်နှစ်ပြည့်အတွက် ငြိမ်းချမ်းရေး အဆိုပြုချက်ကို ရေးဆွဲခဲ့သည်။ ဥရောပနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ရေး အပါအဝင် ရည်မှန်းချက်သုံးခု အောင်မြင်ရန် ရည်မှန်းထားသည်။
တရုတ်ထောက်လှမ်းရေး မီးပုံးပျံ ဖြစ်ရပ်သည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် ပိုမိုနက်ရှိုင်းစွာ အကွဲအပြဲ ဖြစ်စေခဲ့သည်။ ဂျပန်သည် ထိုင်ဝမ်အရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားသည်။

သို့သော် ဘေဂျင်းသည် ဥရောပတွင် အခွင့်အလမ်းရနိုင်မှုကို မြင်နေသေးသည်။ ဥရောပနိုင်ငံများက ယူကရိန်းကို လက်နက်အကူအညီတွေ တိုးချဲ့ပေးနေသော်လည်း ဂျာမနီ၊ ပြင်သစ်နဲ့ တခြားနေရာတွေမှာ တချို့က အပစ်အခတ် ရပ်စဲရေးကို စောစီးစွာ တောင်းဆိုလာနေကြသည်။

ဥရောပသည် တရုတ်နိုင်ငံသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာလွှဲပြောင်းမှုများကို ဖွင့်ထားဆဲ ဖြစ်သည်ဟု ဘေဂျင်းက ယုံကြည်နေပြီး ဒေသတွင်းနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာပါက စီးပွားရေး ပြန်လည်ဦးမော့လာမည် ဖြစ်သည်။ ယင်းအချက်ကြောင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲမစတင်မီ တရုတ်အစိုးရမှ အများအပြား ပါဝင်ရန် တရုတ်အစိုးရမှ တောင်းဆိုနေကြသည်။

ဒုတိယရည်မှန်းချက်မှာ ယူကရိန်းနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းရန်ဖြစ်သည်။ တရုတ်နိုင်ငံသည် ယူကရိန်းမှတစ်ဆင့် ဆိုဗီယက်ထုတ်လုပ်သည့် လေယာဉ်တင်သင်္ဘောကို ဝယ်ယူခဲ့ပြီး ယင်းသင်္ဘောကို နိုင်ငံ၏ ပထမဆုံးသော လေယဉ်တင်သင်္ဘောဖြစ်သည့် Liaoning အဖြစ် ပြန်လည်အမည်ပေးခဲ့သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာများနှင့်ပတ်သက်၍ အနောက်နိုင်ငံအများစုသည် တရုတ်နိုင်ငံကို တိုက်ခိုက်ခဲ့သော်ငြား ယူကရိန်းသည် ထိုအကြောင်းအရာနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

“ရုရှားနဲ့အတူ ယူကရိန်းကို ဆုံးရှုံးဖို့ ကျွန်တော်တို့ မတတ်နိုင်ပါဘူး” ဟု တရုတ်အစိုးရ သတင်းရင်းမြစ် တစ်ခုက ဆိုသည်။ ငြိမ်းချမ်းရေး အစီအစဉ်တွင် တရုတ်နိုင်ငံသည် စီးပွားရေး အကူအညီများကို ထည့်သွင်းစဉ်းစားထားပြီးဖြစ်ကြောင်း ညွှန်ပြနေသည့် စီးပွားရေး ပြန်လည် ထူထောင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် ပါရှိသည်။

တရုတ်၏ နောက်ဆုံး လိုချင်သည့် ရည်ရွယ်ချက်က အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ရာတွင် သူ့အနေနှင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဖို့ ဖြစ်သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က လက်ခံရန် စဉ်းစားနေသည်။

“ ရုရှားကို သွားမယ့်ခရီးစဉ်ဟာ မြန်မြန်ဆန်ဆန်လည်း မဟုတ်သလို နောက်ကျပြီးမှ သွားမှာလည်း မဟုတ်ပါဘူး” ဟု တရုတ်သံတမန်ရေးရာ ကျွမ်းကျင်သော သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ရှီအတွက် အကောင်းဆုံး အခြေအနေမှာ ရုရှားခေါင်းဆောင် ပူတင်အား ငြိမ်းချမ်းရေးအစီအစဉ်ကို တင်ပြပြီးနောက် ရုရှားနှင့် ယူကရိန်းတို့ ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် ဖြစ်သည်။ ယင်းက အပစ်အခတ် ရပ်စဲရေးအတွက် တရုတ်ကို စစ်မှန်သော အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပေးသူအဖြစ် ပုံဖော်ကာ ကမ္ဘာ့တောင်ဘက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံလုံးနှင့် လက်တကမ်းအကွာတွင် ရှိနေသော နိုင်ငံများကို ၎င်း၏ဘက်သို့ ဆွဲယူရန် အားသာချက်တစ်ခုအဖြစ် ပုံဖော်မည် ဖြစ်သည်။

Nikkei သတင်းမှဖော်ပြခဲ့သည့် Behind Ukraine peace proposal, China foresees end to war in summer ကို ခေတ်မျက်လုံးမှ ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 71 Views
+++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင်
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 87 Views
ဒီဇင်ဘာလ (၂၈) ရက်။ အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင်
နိုင်ငံတကာသတင်း အာရှ ဥရောပ

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေယာဉ် ကာဇက်စတန်တွင် ပျက်ကျ ၂၈ ဦး အသက်ရှင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 103 Views
ဒီဇင်ဘာလ (၂၅) ရက်။ အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပါ ခရီးသည် (၆၂) ဦးနှင့် လေယာဉ်အမှုထမ်း (၅)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 122 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန
နိုင်ငံတကာသတင်း ဥရောပ

နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ထရန့် နှင့်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ပူတင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 107 Views
ဒီဇင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက ဆုတ်ယုတ်မှုများအပေါ် အပြုသဘောဆောင်သည့် လှည့်ဖျားပြောကြားမှုများကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် ၎င်း၏တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အောင်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် ရှည်လျားသည့်
နိုင်ငံတကာသတင်း ဥရောပ

ဖော့စဝါ ဘိုင်ယို (Francois Bayrou) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 135 Views
ဒီဇင်ဘာလ (၁၄) ရက်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဖော့စဝါ ဘိုင်ယို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ခံရမှုကြောင့် နုတ်ထွက်ခဲ့ရတဲ့ မစ်ရှယ်လ် ဘာနီယာ (Michel
နိုင်ငံတကာသတင်း ဥရောပ

ရုရှား-ယူကရိန်းအရေး ပြင်သစ်၊ ယူကရိန်း သမ္မတတို့နှင့် ထရမ့် ဆွေးနွေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 143 Views
ဒီဇင်ဘာလ (၉) ရက်။ ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်ဟာ မနေ့က စနေနေ့မွန်းလွဲပိုင်းမှာ ပါရီကို အလည်အပတ်ရောက်ရှိနေတဲ့ ယူကရိန်းသမ္မတဇလန်းစကီးနဲ့ အမေရိကန် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်က မီးလောင်ပျက်စီးသွားတဲ့ နိုထရာဒမ်ဒယ်ပါရီဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်ပြီး ဖွင့်ပွဲအခမ်းအနားကို
နိုင်ငံတကာသတင်း ဥရောပ

ကမ္ဘာကြီးသည် တတိယမြောက် နျူကလီးယားခေတ်ရောက်လုနီးပါးဖြစ်နေပြီဟု ဗြိတိန်စစ်တပ်အကြီးအကဲက သတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 162 Views
ဒီဇင်ဘာ (၆) ရက်။ ကမ္ဘာသည် တတိယမြောက် နျူကလီးယားခေတ်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု ဗြိတိသျှစစ်တပ်၏ အကြီးအကဲက အချက်ပေးလိုက်သည်။ ဒီဇင်ဘာလ (၄) ရက်နေ့တွင် တော်ဝင်ရေတပ်ဦးစီးချုပ် တိုနီ ရာဒါကင် (Tony Radakkin) က