နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေပြီလို့ NUG ယာယီသမ္မတပြော

အကြမ်းဖက်စစ်တပ်ဟာ လုံးဝပြိုလဲလုနီးဖြစ်နေပြီး ထိန်းမရသိမ်းမရအခြေအနေကို ရောက်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဩဂုတ်လ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းအတွင်း အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်တပ် လုံးဝပြိုလဲလုနီးဖြစ်နေတာကြောင့် တဖက်က တော်လှန်ရေးအဖွဲ့ကို အားယုတ်လျော့သွားအောင် စိတ်ဓါတ်စစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာတာ တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ညီညွတ်မှုပျက်ပြားအောင် Local PDF နဲ့ PDF တွေအကြား သွေးကွဲမှုတွေ လုပ်ဆောင်လာသလို NUG နဲ့ ပြည်သူကြား အထင်လွဲမှုဖြစ်အောင် လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

ပြည်သူ့အသက်နဲ့ ရင်းနှီးပေးဆပ်ရတဲ့ ခုခံတော်လှန်စစ်ရဲ့ တာဝန်ဝတ္တရားတွေကို အမြဲတမ်း အလေးအနက်ထားကြဖို့ တိုက်တွန်းထားကာ ပြည်သူနဲ့ တွေ့ဆုံတဲ့အခါ စိတ်လုံချင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။

#Era’sEye \ News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 0 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 27 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 38 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ
မြန်မာသတင်း

အင်တာနက်ပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို စောင့်ကြည့်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 33 Views
နိုဝင်ဘာလ (၁၃)ရက်။ အင်တာနက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်က ဩဂုတ်လ
မြန်မာသတင်း

ခင်ဦးနယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါ (၅၀)ဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 36 Views
နိုဝင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က ကန့်ဘလူနယ် ဝက်တိုးရွာအထိုင်စခန်းကနေ ခင်ဦးနယ်ကို အင်အား (၁၀၀)ကျော်နဲ့ တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၁)တပ်က စစ်ကြောင်းထိုးလာခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကို ကန့်ဘလူနယ် ယင်းတိုက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 51 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခခွေးခြံကနေ paramotor
မြန်မာသတင်း

တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးတွေကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 44 Views
နိုဝင်ဘာလ (၁၂)ရက်။ နိုဝင်ဘာလ (၁၀)ရက်နေ့ကစပြီး တနင်္သာရီမြို့ မောတောင်ဒေသမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၀)ရက်နေ့ကစပြီး မောတောင်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့်
မြန်မာသတင်း

ကလေးမြို့လူထုတိုက်ပွဲ ပထမဆုံးညီလာခံကနေ အချက် (၅)ချက်ပါတဲ့ သဘောထားကြေညာချက် ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 48 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က လွတ်မြောက်နယ်မြေတွေမှာ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပထမဆုံးအကြိမ် လူထုတိုက်ပွဲညီလာခံကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို ကလေးဒေသထဲရှိ ရပ်ရွာအသီးသီးက ဒေသခံကိုယ်စားလှယ် စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပြီး အချက် (၅)ချက်ကို သဘောထားညီညွတ်စွာ