နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်များမှ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျိုက်ထို တပ်မ (၄၄) လက်အောက်ခံ ခလရ-(၂)၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နဲ့ BGF တပ်နယ် (၃) စုစုပေါင်းအင်အား (၁၀၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို K.N.L.A တပ်ရင်း (၁၆) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘလ ၁၄ ရက်၊ မနက် (၈း၀၀) အချိန်လောက်ကစတင်ပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ (၁၆) ရက်နေ့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အဲ့ဒီ ထိတွေ့ပစ်ခတ်မှုမှာ Mi-35P တိုက်ခိုက်ရေးဟယ်လီကော်ပတာတစင်းဟာ မနက် ၉ နာရီ ၁၂ မိနစ်မှာ အရှေ့တောင်းတိုင်း စစ်ဌာနချုပ် မော်လမြိုင်ကနေ ထွက်လာပြီး မနက် ၉ နာရီ ၄၀ မိနစ် ဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၁) ဦးမှာ ကျဆုံးခဲ့ရပြီး ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် အဘစ်အမြှောက်တပ်ကနေ ၁၂၂ မမ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်များ ထပ်မံပျက်စီးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ (၁၅) ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ် BGF တပ်နယ် (၃) ဘက်ကနေ အင်အား (၁၀၀) လောက် ထပ်မံအင်အားဖြည့်တင်းလာတဲ့အတွက် KNLA ပူးပေါင်းတပ်များနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။


စက်တင်ဘာလ (၁၄) ရက်နေ့ စာရင်းအရ ဒေသခံပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။ လက်ရှိစစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးအဆက် မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းလာတဲ့အတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ လုံလောက်မှု မရှိတဲ့အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိတဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေတယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနဲ့ ဆေးကုသမှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။


ဓာတ်ပုံ။ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၆)။ ဓာတ်ပုံစာအညွှန်း။ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ။
သတင်းအရင်းအမြစ်။ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 21 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 26 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 28 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 27 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 29 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး
မြန်မာသတင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 333 Views
မင်္ဂလာဒုံမြို့ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံး မိုင်းခွဲခံရ ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန် မင်္ဂလာဒုံမြို့ ပေါက်ကုန်းရပ်ကွက်ရှိ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကော်မရှင်ရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Broken System(BS)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စစ်အုပ်စု ခံစစ်ဆင်ရတဲ့နေရာတွေ များပြားလာအောင် ကြိုးစားတိုက်ပွဲဝင်ရမယ့်အချိန်လို့ PLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 32 Views
ဇန်နဝါရီလ (၂၃)ရက်။ အခုနွေဦးတော်လှန်ရေး (၅)နှစ်တာကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စိုးမိုးနယ်မြေတွေ ရယူထားနိုင်တဲ့ကာလလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစိုးမိုးနယ်မြေတွေကို စစ်ကောင်စီက စစ်ရေး၊ သံတမန်အရေး ဖိအားတွေနဲ့ ပြန်လည်ရယူထားနိုင်ပေမယ့် အချို့နေရာတွေမှာ ခံစစ်ဆင်နေရတဲ့ အခြေအနေလို့
မြန်မာသတင်း

ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက စစ်ရှောင်တွေနေတဲ့ရွာကို စစ်တပ်ဗုံးကြဲ၊ သေဆုံးသူ (၂၀)နီးပါးရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 32 Views
ဇန်နဝါရီလ (၂၃)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်က ဗန်းမော်မြို့အနောက်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကောင်ဂျာရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ကချင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူထံက သိရပါတယ်။ “ ညနေ(၄)နာရီခွဲလောက်မှာ စစ်ရှောင်တွေနေတဲ့ ကောင်ဂျာရွာကို စကမက လေကြောင်းကနေ ပေါင်