နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်များမှ အင်အားဖြည့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ကျိုက်ထို တပ်မ (၄၄) လက်အောက်ခံ ခလရ-(၂)၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နဲ့ BGF တပ်နယ် (၃) စုစုပေါင်းအင်အား (၁၀၀) ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေကို K.N.L.A တပ်ရင်း (၁၆) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘလ ၁၄ ရက်၊ မနက် (၈း၀၀) အချိန်လောက်ကစတင်ပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ စက်တင်ဘာလ (၁၆) ရက်နေ့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အဲ့ဒီ ထိတွေ့ပစ်ခတ်မှုမှာ Mi-35P တိုက်ခိုက်ရေးဟယ်လီကော်ပတာတစင်းဟာ မနက် ၉ နာရီ ၁၂ မိနစ်မှာ အရှေ့တောင်းတိုင်း စစ်ဌာနချုပ် မော်လမြိုင်ကနေ ထွက်လာပြီး မနက် ၉ နာရီ ၄၀ မိနစ် ဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် (၁) ဦးမှာ ကျဆုံးခဲ့ရပြီး ကျေးရွာစာသင်ကျောင်းနဲ့ နေအိမ်များလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအပြင် အဘစ်အမြှောက်တပ်ကနေ ၁၂၂ မမ လက်နက်ကြီးများနဲ့လည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် နေအိမ်များ ထပ်မံပျက်စီးမှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ (၁၅) ရက်နေ့မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ် BGF တပ်နယ် (၃) ဘက်ကနေ အင်အား (၁၀၀) လောက် ထပ်မံအင်အားဖြည့်တင်းလာတဲ့အတွက် KNLA ပူးပေါင်းတပ်များနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။


စက်တင်ဘာလ (၁၄) ရက်နေ့ စာရင်းအရ ဒေသခံပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။ လက်ရှိစစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ မိုးအဆက် မပြတ်ရွာသွန်းမှုနဲ့ တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းလာတဲ့အတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ လုံလောက်မှု မရှိတဲ့အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိတဲ့အတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်နေတယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးများနဲ့ ဆေးကုသမှုတွေလည်း အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။


ဓာတ်ပုံ။ KNU တပ်မဟာ (၆)၊ KNLA တပ်ရင်း (၁၆)။ ဓာတ်ပုံစာအညွှန်း။ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များ။
သတင်းအရင်းအမြစ်။ ဒူးပလာယာခရိုင်၊ သတင်းနှင့် ပြန်ကြားရေး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှုပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
ဇွန်လ (၁၉)ရက်။ ဒီကနေ့မှာ အသက်(၈၁)နှစ်မြောက် မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတာ (၅)နှစ်ကျော်ရှိပြီလို့ CRPH နဲ့ NUG
မြန်မာသတင်း

နှင်းဆီလှုပ်ရှားမှု လုံခြုံရေး သတိပြုကြဖို အသိပေးနှိးဆော်ထား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 17 Views
ဇွန်လ (၁၈)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့အနေနဲ့ ပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှု ပြုလုပ်မယ့်အပေါ် လုံခြုံရေးသတိပြုဖို အင်အားစုတွေက အသိပေးထားတယ်လို သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ နှင်းဆီပန်းတွေ ရောင်းချတာ၊ ပန်ဆင်တာနဲ့ ကိုင်ဆောင်တာတိုကို ပြင်းပြင်းထန်ထန် ဖျက်ဆီးအရေးယူဖို ပြင်ဆင်နေတယ်လို
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်တပ်တွေ တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံးကာ ကား(၂)စီးပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၅)ရက်နေ့က မုံရွာမြိုမှာ စစ်ကော်မရှင်တပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ ညနေပိုင်းက မုံရွာမြိုစက်မှုဇုန် တောရွာကျောင်းမှာ အင်အား (၃၀)ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့
မြန်မာသတင်း

NMSP ထိန်းချုပ်နယ်မြေထဲရှိ စစ်ရှောင်စခန်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲခန့်က NMSP ထိန်းချုပ်နယ်မြေထဲက ရေးချောင်းဖျားဒေသရှိ စစ်ရှောင်စခန်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီခွဲလောက် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေက စစ်ရှောင်စခန်းကို စစ်တပ်က
တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 22 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တရုတ်က ပါဝင်တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတာမလုပ်ဖို့ဆိုပြီး SSPP ကို စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
ဇွန်လ (၁၈)ရက်။ ဇွန်လ (၁၂)ရက်နေ့က နေပြည်တော်မှာ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို SSPP ဘက်က ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့
မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 25 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီကျော်အချိန်က ဝက်လက်နယ်ဝက်လက်နယ်အရှေ့တောင်ခြမ်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁၂)နာရီ (၄၂)မိနစ်နဲ့ (၄၅)မိနစ်က ညောင်ပင်ကြီးတောရွာတောင်ပိုင်းကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့