နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် အာရှ

အိန္ဒိယ ဘီလီယံနာတစ်ဦးကြောင့် BJP အာဏာရပါတီ၏ ဒီမိုကရေစီကို ထိခိုက်စေသည်ဟု အမေရိကန် ဘီလီယံနာက စွပ်စွဲ

အိန္ဒိယဘီလီယံနာ သူဌေးကြီး အာဒါနီ (Adani) နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ (Modi) တို့၏ ရင်းနှီးသောဆက်သွယ်မှုနှင့်ပတ်သက်သည့် ဂျော့ခ်ျဆိုးရော့စ်၏ ပြောဆိုချက်များသည် အိန္ဒိယကို ရုတ်ရုတ်သဲသဲဖြစ်ခဲ့စေသည်။

အိန္ဒိယဘီလီယံနာတစ်ဦးကြောင့် BJP အာဏာရပါတီ၏ ဒီမိုကရေစီကို ထိခိုက်စေသည်ဟု အမေရိကန်ဘီလီယံနာက စွပ်စွဲသည်။ အတိုက်အခံ အိန္ဒိယကွန်ဂရက်ပါတီက ၎င်းကိစ္စတွင် ခပ်ကင်းကင်း နေနေခဲ့သည်။

အာဒါနီ အကျပ်အတည်းသည် ဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ၏ အစိုးရအပေါ် လွှမ်းမိုးချုပ်ကိုင်ထားမှုအား သိသိသာသာ အားနည်းသွားစေမည်ဟု အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်က ခန့်မှန်းဟောကိန်း ထုတ်လိုက်ခြင်းကြောင့် အိန္ဒိယတွင် မုန်တိုင်းတစ်ခု စတင်ဖြစ်စေခဲ့သည်။

၎င်း၏မှတ်ချက်များသည် အာဏာရနှင့် အတိုက်အခံ နှစ်ခုစလုံးမှ ဒေါသတကြီး တွန်းလှန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး မိုဒီ၏ ဘဟာရာတီယာ ဂျန်နာတာ (Bharatiya Janata) ပါတီက အသက် (၉၂) နှစ်အရွယ် ရင်းနှီးမြှုပ်နှံသူ ဂျော့ခ်ျဆိုးရော့စ်သည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ဝင်ရောက် စွက်ဖက်ရန် ၎င်း၏ မကောင်းသော ရည်ရွယ်ချက်ကို ကြေညာလိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် မြူးနစ်လုံခြုံရေး ညီလာခံမတိုင်မီ မိန့်ခွန်းတွင် ဝါရင့်ရင်းနှီးမြုပ်နှံသူ ဂျော့ခ်ျဆိုးရော့စ်က မိုဒီနှင့် စီးပွားရေး လုပ် ငန်းရှင် သူဌေးကြီး အာဒါနီတို့သည် “ရင်းနှီးသောမဟာမိတ်များ” ဖြစ်ကြပြီး ၎င်းတို့၏ကံကြမ္မာသည် “ရောယှက်နေသည်” ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ အာဒါနီသည် စတော့ရှယ်ယာ ခြယ်လှယ်မှုဖြင့် စွပ်စွဲခံရပြီး ၎င်း၏ စတော့ရှယ်ယာများသည် ကတ်ပြားများကဲ့သို့ ပြိုလဲသွားသည်” ဟု အခြေခံအဆောက်အအုံနှင့် စွမ်းအင်လုပ်ငန်းစုကြီး၏ ဘီလျံနာခေါင်းဆောင်ကို ပြောကြားခဲ့သည်။ “ စတော့ရှယ်ယာ ခြယ်လှယ်ခြင်းနှင့် စာရင်းကိုင်လိမ်လည်မှု” ဖြင့် ပြီးခဲ့သည့်လက ရှယ်ယာများ အတက်အကျကို အရောင်း အဝယ်လုပ်သည့် အမေရိကန် US short-seller Hindenburg ၏ စွပ်စွဲချက်များကြောင့် အာဒါနီအုပ်စုကုမ္ပဏီများ၏ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

အဆိုပါအဖွဲ့သည် မှားယွင်းမှု မရှိကြောင်း ငြင်းဆိုထားပြီး အဆိုပါအစီရင်ခံစာကို “အိန္ဒိယနိုင်ငံအပေါ် တွက်ချက်ထားသော တိုက်ခိုက်မှုတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။ နိုင်ငံ၏အကြီးဆုံးငွေချေးသူဖြစ်သည့် အိန္ဒိယနိုင်ငံတော်ဘဏ်နှင့် အသက်အာမခံကော်ပိုရေးရှင်း ကဲ့သို့သော အစိုးရပိုင်အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများသည် အဆိုပါအရှုပ်တော်ပုံအား နိုင်ငံရေးရှုထောင့်တစ်ခုအဖြစ် ပေးဆောင်ခဲ့ပြီး အတိုက်အခံပါတီများက စုံစမ်းစစ်ဆေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြသည်။

“မိုဒီက ဒီကိစ္စကို နှုတ်ဆိတ်နေပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ မေးခွန်းတွေကို လွှတ်တော်မှာ ဖြေကြားရမှာ ဖြစ်ပါတယ်” ဟု ဆိုရော့စ်က ပြောကြားခဲ့သည်။ “ ဒါက အိန္ဒိယရဲ့ ဖက်ဒရယ်အစိုးရအပေါ် မိုဒီရဲ့ ချုပ်ကိုင်မှုကို သိသိသာသာ အား နည်းသွားစေပြီး အလွန်လိုအပ်နေတဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးဖို့ တံခါးဖွင့်ပေးပါလိမ့်မယ်။ ကျွန်တော်ဟာ နုံအ,နိုင်ပေမယ့် အိန္ဒိယမှာ ဒီမိုကရေစီ ပြန်လည်ရှင်သန်လာဖို့ မျှော်လင့်ပါတယ်” ဟု ဂျော့ဆိုရော့စ် က ဆိုသည်။

အာဏာရ BJP ၏အကြီးတန်းခေါင်းဆောင်နှင့် မိုဒီအစိုးရ၏ဝန်ကြီး ဆန်ရိတီ အီရန်နီ (Smriti Irani) သည် ဆိုရော့စ်ကို ပြန်လည် တိုက်ခိုက်ရာတွင် ဆိုရော့စ်သည် “ အိန္ဒိယဒီမိုကရေစီကို ချိုးဖျက်ရန် သူ၏ဆန္ဒကို ယခု ကြေငြာခဲ့သည်” ဟု ပြောကြားခဲ့သည်။ သူသည် အင်္ဂလန်ဘဏ်ကို ဖြိုခွင်းခဲ့သူဖြစ်ပြီး ၁၉၉၂ ခုနှစ်က ၎င်း၏ပေါင်ကိုဆန့်ကျင်ပြီးကစားခဲ့ခြင်းနှင့် အခြားအငြင်းပွားဖွယ်ရာ ဈေးကွက်ကစားနည်းများကို ရည်ညွှန်းကာ အချို့က “ စီးပွားရေး စစ်ရာဇဝတ်ကောင်” အဖြစ် သတ်မှတ်ခံရကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

မိုဒီအစိုးရသည် နိုင်ငံအတွက် ခိုင်မာသောစီးပွားရေးအုပ်မြစ်ကို ဖော်ဆောင်နေပြီး လူသန်း ၈၀၀ အတွက် စားနပ်ရိက္ခာ ဖူလုံရေး ကြိုးပမ်းမှုအပါအဝင် လူမှုဖူလုံရေးအစီအစဉ်များကို ညွှန်ပြလုပ်ဆောင်နေတယ်လို့ အီရန်နီက ပြောကြားခဲ့သည်။ COVID-19 ကပ်ရောဂါကာလအတွင်း အိန္ဒိယနိုင်ငံ၏ “ ကမ္ဘာ့ဆေးဆိုင်” အဖြစ် ဆေးများ ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့သည် အခန်းကဏ္ဍကိုလည်း သူမက ချီးကျူးခဲ့သည်။ ဆိုးရော့စ်က “သူ့ရဲ့ လိုအပ်ချက်နဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အစိုးရကို လိုချင်တာက သူ့ထုတ်ပြန်ချက်တွေက ထင်ရှားတာထက် ပိုပါတယ်” ဟု အီရန်နီက စွပ်စွဲခဲ့သည်။

အိန္ဒိယသည် ယခင်က “နယ်ချဲ့သမားတို့၏ ပုံစံထုတ်ထားမှုများ” ကို အနိုင်ယူခဲ့ပြီး မစ္စတာ ဆိုးရော့စ်ကို ထောက်ခံသူများသည် အိန္ဒိယတွင် ဒီမိုကရေစီ ရှင်သန်နိုင်ခဲ့ပြီး ဆက်လက်ရှင်သန်စွာလုပ်ဆောင်သွားမည်ကို သိရှိရန် လိုအပ်ကြောင်း သူမက ပြောကြားခဲ့သည်။

အာဒါနီပြဿနာအတွက် မိုဒီကို အပြင်းအထန် ဖိအားပေးနေသည့် အဓိက အတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီသည် ဆိုရော့စ်၏ မှတ်ချက်များနှင့် ခပ်ခွာခွာနေခဲ့သည်။ “ ကျွန်ုပ်တို့၏ နေရူး (Nehruvian) အမွေအနှစ်သည် ဆိုရော့စ် ကဲ့ သို့ သောလူများက ကျွန်ုပ်တို့၏ ရွေးကောက်ပွဲရလဒ်များကို မဆုံးဖြတ်နိုင်စေရန် သေချာစေသည်” ဟု ကွန်ဂရက်ပါတီက ပြောကြားခဲ့သည်။ ကွန်ဂရက် အကြီးတန်းခေါင်းဆောင် ရာဟူးလ် ဂန်ဒီ (Rahul Gandhi) ၏ အဘိုးဖြစ်သူ ဂျာဝါဟာလာ နေရူး (Jawaharlal Nehru) သည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှ လက်အောက်မှ လွတ်မြောက်ပြီးနောက် အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

“ ဝန်ကြီးချုပ်နဲ့ ချိတ်ဆက်ထားတဲ့ အာဒါနီရဲ့ လိမ်လည်မှုက အိန္ဒိယမှာ ဒီမိုကရေစီ ပြန်လည် နိုးထလာသလားဆိုတာ ကွန် ဂရက်လွှတ်တော်၊ အတိုက်အခံပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်” ဟု ဆက်သွယ်ရေးတာဝန်ခံ ကွန်ဂရက်လွှတ်တော်၏ အထွေထွေအတွင်းရေးမှူး ဂျာရန် ရာမက်ရှ် (Jairam Ramesh) က တွစ်တာတွင် ရေးသားခဲ့သည်။ “ ဒီကိစ္စဟာ ဂျော့ချ်ဆိုရော့နဲ့ ဘာမှ မဆိုင်ပါဘူး” ဟုဆိုသည်။

ဘီလီယံနာသူဌေးကြီး ဂျော့ခ်ျဆိုးရော့စ် (George Soros) က အာဒါနီ ၏အရေးကိစ္စသည် ‘အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီ၏ချုပ်ကိုင်မှုကို သိသိသာသာ အားနည်းသွားစေပြီး များစွာလိုအပ်နေသော အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးရန် တံခါးဖွင့်ပေးလိမ့်မည်’ ဟု ခန့်မှန်းထားသည်။

ဓာတ်ပုံမူပိုင်။ AP နှင့် Getty Images။

Nikkei Asia ၏ KIRAN SHARMA ရေးသားသည့် George Soros’ claims of Adani-Modi link spark uproar in India – BJP accuses billionaire of undermining democracy; Congress keeps its distance ကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ပွဲ၏ ၃၁ ရက်မြောက်နေ့တွင် သိထားသင့်သမျှ

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 123 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၃၀)ရက် ဒေသတွင်းခေါင်းဆောင်များက စစ်ပွဲမှ သံတမန်ရေးအရ ထွက်ပေါက်ရှာရန် ကြိုးပမ်း နေကြ သော်လည်း အဓိကပါဝင်ပတ်သက်သူများဖြစ်သည့် အစ္စရေး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲအဆုံးသတ်ရန် အီရန်၏ တောင်းဆိုချက်အသစ် – ဒေါ်လာဘီလီယံနှင့်ချီသော အကျိုးအမြတ်များ ရရှိလာနိုင်ခြေရှိ

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 32 Views
၂၀၂၆ခုနှစ်၊မတ်လ ၂၉ရက် ပြီးခဲ့သည့်အပတ်က အီရန်အရာရှိတစ်ဦးသည် အမေရိကန်နှင့် အစ္စရေးတို့ စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆိုချက်များကို တင်ပြခဲ့ရာတွင် ယခင်က အီရန်၏ စာရင်းတွင် မပါဝင်ခဲ့ဖူးသည့် အချက်တစ်ချက် ပါဝင်လာခဲ့သည်၊ ၎င်းမှာ ဟော်မုဇ် ရေလက်ကြား
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 62 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။ ရပ်ကွက်တစ်ခုလုံး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 60 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အီရန်စွမ်းအင်ဆိုင်ရာ အဆောက်အအုံ များကို တိုက်ခိုက်မည့်အစီအစဉ်အား နောက်ထပ် ၁၀ ရက် ဆက်လက် ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယနေ့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 68 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 70 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 73 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု